naywinaung blog,research,Research Methodology Thesis ရဲ့ Chapter 3

Thesis ရဲ့ Chapter 3

Thesis ရဲ့ Chapter 3 ကို ကျောင်းတော်တော်များများက research methodology ရေးပါတယ်။ အချို့သော ကျောင်း၊ဘာသာရပ်တွေကတော့ situational analysis သို့မဟုတ် background သို့မဟုတ် Overview ကိုရေးပါတယ်။ အခုကတော့ Research Methodology ကို ‌ပြောပြချင်တာပါ။

Chapter 3 ဆိုတာ သုတေသနကို ဘယ်လိုလုပ်ခဲ့လဲဆိုတာကို အသေးစိတ်ရှင်းပြတဲ့ အခန်းပဲဖြစ်ပါတယ်။

၁။ Introduction (နိဒါန်း)

ဒီအပိုင်းက သုတေသနဒီဇိုင်း (Research Design) က ဘာလဲဆိုတာကို မိတ်ဆက်တာပါ။
ဒီအပိုင်းက သုတေသနပြုလုပ်ရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်း‌တွေအကြောင်းကို တင်ပြရမှာပါ။ သုတေသနဒီဇိုင်း၊ ဒေတာစုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း နည်းလမ်းများအပြင် သုတေသနရဲ့ ယုံကြည်စိတ်ချရမှုနှင့် တရားဝင်မှုတို့ကိုလည်း ဆွေးနွေးတင်ပြရပါမယ် ဆိုတဲ့ပုံစံမျိုး ရေးလို့ရပါတယ်။

၂။ Research Design (သုတေသနဒီဇိုင်း)

ဘာကြောင့် ဒီဒီဇိုင်းကို ရွေးချယ်ခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။ Qualitative, Quantitative, Mixed Methods, Experimental, Survey စတာတွေထဲက ဘယ်ဟာကို သုံးခဲ့လဲဆိုတာကို ပြောပြရပါမယ်။

၃။ Setting and Period of the Study (သုတေသနပြုသည့်နေရာနှင့် အချိန်ကာလ)

သုတေသနကို ဘယ်မှာ၊ ဘယ်အချိန်မှာ လုပ်ခဲ့လဲဆိုတာကို ဖော်ပြရပါမယ်။ ဘာကြောင့် ဒီနေရာနဲ့ အချိန်ကာလကို ရွေးချယ်ခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။

၄။ Participants of the Study (လေ့လာမှုအုပ်စု)

သုတေသနမှာ ဘယ်သူတွေ ပါဝင်ခဲ့လဲဆိုတာကို ဖော်ပြရပါမယ်။ ဘယ်လို ရွေးချယ်ခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။ (Sampling Method) ပါဝင်သူတွေရဲ့ အရေအတွက်၊ ကျား/မ အချိုးအစား၊ အသက်အရွယ် စတာတွေကို ဖော်ပြရပါမယ်။

၅။ Research Instruments (သုတေသနကိရိယာများ)

ဘယ်လိုကိရိယာတွေကို သုံးပြီး ဒေတာစုဆောင်းခဲ့လဲဆိုတာကို ဖော်ပြရပါမယ်။ စစ်တမ်း (Survey), အင်တာဗျူး (Interview), အာရုံစိုက်အဖွဲ့ (Focus Group), လေ့လာစောင့်ကြည့်ခြင်း (Observation) စတာတွေထဲက ဘာတွေသုံးခဲ့လဲဆိုတာ ပြောပြရပါမယ်။ ကိရိယာတစ်ခုချင်းစီကို ဘယ်လို တည်ဆောက်ခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။

၆။ Data Collection Procedures (ဒေတာစုဆောင်းခြင်းနည်းလမ်း)

ဒေတာတွေကို ဘယ်လို စုဆောင်းခဲ့လဲဆိုတာကို အဆင့်ဆင့် ရှင်းပြရပါမယ်။ စစ်တမ်းတွေကို ဘယ်လို ဖြန့်ဝေခဲ့လဲ။ အင်တာဗျူးတွေကို ဘယ်လို လုပ်ဆောင်ခဲ့လဲ။ လေ့လာစောင့်ကြည့်မှုကို ဘယ်လို လုပ်ခဲ့လဲဆိုတာကို အသေးစိတ် ရေးသားရပါမယ်။

၇။ Data Analysis Procedures (ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနည်းလမ်း)

စုဆောင်းထားတဲ့ ဒေတာတွေကို ဘယ်လို ခွဲခြမ်းစိတ်ဖြာခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။ Qualitative ဒေတာတွေကို ဘယ်လို ကုဒ်နံပါတ်ထည့်ခဲ့လဲ။ Quantitative ဒေတာတွေကို ဘယ်လို စာရင်းအင်းနည်းနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့လဲ။ ဘာ Software တွေ သုံးခဲ့လဲဆိုတာ ပြောပြရပါမယ်။

၈။ Ethical Considerations (ကျင့်ဝတ်ဆိုင်ရာထည့်သွင်းစဉ်းစားချက်များ)

သုတေသနမှာ ကျင့်ဝတ်နဲ့ မညီညွတ်တဲ့ လုပ်ဆောင်မှုတွေ မရှိဘူးဆိုတာကို ဖော်ပြရပါမယ်။ ပါဝင်သူတွေရဲ့ သဘောတူညီချက်ကို ဘယ်လို ရယူခဲ့လဲ။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘယ်လို ကာကွယ်ခဲ့လဲဆိုတာ ရှင်းပြရပါမယ်။

၉။ Reliability and Validity (ယုံကြည်စိတ်ချရမှုနှင့် တရားဝင်မှု)

သုတေသနက ဘယ်လောက် ယုံကြည်စိတ်ချရလဲဆိုတာကို ရှင်းပြရပါမယ်။ သုံးခဲ့တဲ့ ကိရိယာတွေက တိုင်းတာချင်တဲ့အရာကို တကယ် တိုင်းတာနိုင်ရဲ့လားဆိုတာကို ရှင်းပြရပါမယ်။

၁၀။ Limitations (အကန့်အသတ်များ)

သုတေသနမှာ ဘာတွေ အားနည်းချက်တွေ ရှိလဲဆိုတာကို ဖော်ပြရပါမယ်။ ဒီအားနည်းချက်တွေက ရလဒ်တွေကို ဘယ်လို သက်ရောက်မှုရှိနိုင်လဲဆိုတာကို ရှင်းပြရပါမယ်။

၁၁။ Conclusion (နိဂုံး)

ဒီအပိုင်းမှာတော့ ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာကို ပြန်ချုပ်‌ ရေးပြရပါမယ်။ နောက်အခန်းမှာ ဘာတွေ ဆက်ဆွေးနွေးသွားမယ်ဆိုတာကို ပြောပြရပါမယ်။

နပေတိုး


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Leon Gordis ၏ EpidemiologyLeon Gordis ၏ Epidemiology

Leon Gordis ၏ Epidemiology အကြောင်း ဖတ်မိသမျှစာအုပ်က Epidemiology လို့ခေါ်တဲ့ ဘာသာရပ်အကြောင်းပါ။ Epidemiology ဆိုတာကတော့ လူဦးရေတွေထဲမှာ ရောဂါတွေ ဘယ်လိုပျံ့နှံ့နေလဲ၊ ဒီပျံ့နှံ့မှုကို လွှမ်းမိုးတဲ့အချက်တွေက ဘာတွေလဲဆိုတာကို လေ့လာတာ ဖြစ်ပါတယ်။ လူတိုင်း ရောဂါမဖြစ်ကြပါဘူး။ အချို့သူတွေမှာပဲ ရောဂါဖြစ်တတ်တာကို လေ့လာပြီး ဘယ်လိုဝိသေသလက္ခဏာတွေက ရောဂါကိုဖြစ်စေနိုင်လဲ ဒါမှမဟုတ် ကာကွယ်ပေးနိုင်လဲဆိုတာကို ရှာဖွေတာပါ။ဒီစာအုပ်မှာ အဓိကအားဖြင့်

statistical test များရွေးချယ်ခြင်းstatistical test များရွေးချယ်ခြင်း

statistical test များရွေးချယ်ခြင်းကိုယ့်ရဲ့ဒေတာတွေကို ဘယ်လို test တွေ သုံးပြီး စမ်းစစ်မလဲဆိုတာကို အကြမ်းဖျဉ်းလေး ရှင်းပြပါမယ်။ပထမဆုံးအနေနဲ့ မိမိရဲ့ဒေတာတွေကို ကွဲပြားခြားနားမှု ရှိ၊ မရှိ သိချင်တာလား၊ သို့မဟုတ်၊ ဆက်စပ်မှု ရှိမရှိ သိချင်တာလား ဆိုတာ အရင်ဆုံး စဉ်းစားကြရပါမယ်။ကွဲပြားမှု ရှိ မရှိ သိချင်တာဆိုရင် မိမိ သိချင်တဲ့ data တွေရဲ့ variables

Outbreak InvestigationOutbreak Investigation

Outbreak Investigation ဆိုတာက ရောဂါတစ်ခု ရုတ်တရက် ပျံ့နှံ့လာတဲ့အခါ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို စုံစမ်းဖော်ထုတ်တဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။  Outbreak Investigation ရဲ့ အဓိကအဆင့်များ ဥပမာ၊ ကျေးရွာတစ်ခုမှာ ဝမ်းလျှောရောဂါဖြစ်နေတယ်ဆိုပါစို့။ 1. Outbreak ဖြစ်နေကြောင်း အတည်ပြုပါ (Confirm the Outbreak) ပထမဆုံး၊ ဒါက တကယ် outbreak ဟုတ်မဟုတ်