naywinaung blog,research,Research Methodology Thesis ရဲ့ Chapter 3

Thesis ရဲ့ Chapter 3

Thesis ရဲ့ Chapter 3 ကို ကျောင်းတော်တော်များများက research methodology ရေးပါတယ်။ အချို့သော ကျောင်း၊ဘာသာရပ်တွေကတော့ situational analysis သို့မဟုတ် background သို့မဟုတ် Overview ကိုရေးပါတယ်။ အခုကတော့ Research Methodology ကို ‌ပြောပြချင်တာပါ။

Chapter 3 ဆိုတာ သုတေသနကို ဘယ်လိုလုပ်ခဲ့လဲဆိုတာကို အသေးစိတ်ရှင်းပြတဲ့ အခန်းပဲဖြစ်ပါတယ်။

၁။ Introduction (နိဒါန်း)

ဒီအပိုင်းက သုတေသနဒီဇိုင်း (Research Design) က ဘာလဲဆိုတာကို မိတ်ဆက်တာပါ။
ဒီအပိုင်းက သုတေသနပြုလုပ်ရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်း‌တွေအကြောင်းကို တင်ပြရမှာပါ။ သုတေသနဒီဇိုင်း၊ ဒေတာစုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း နည်းလမ်းများအပြင် သုတေသနရဲ့ ယုံကြည်စိတ်ချရမှုနှင့် တရားဝင်မှုတို့ကိုလည်း ဆွေးနွေးတင်ပြရပါမယ် ဆိုတဲ့ပုံစံမျိုး ရေးလို့ရပါတယ်။

၂။ Research Design (သုတေသနဒီဇိုင်း)

ဘာကြောင့် ဒီဒီဇိုင်းကို ရွေးချယ်ခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။ Qualitative, Quantitative, Mixed Methods, Experimental, Survey စတာတွေထဲက ဘယ်ဟာကို သုံးခဲ့လဲဆိုတာကို ပြောပြရပါမယ်။

၃။ Setting and Period of the Study (သုတေသနပြုသည့်နေရာနှင့် အချိန်ကာလ)

သုတေသနကို ဘယ်မှာ၊ ဘယ်အချိန်မှာ လုပ်ခဲ့လဲဆိုတာကို ဖော်ပြရပါမယ်။ ဘာကြောင့် ဒီနေရာနဲ့ အချိန်ကာလကို ရွေးချယ်ခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။

၄။ Participants of the Study (လေ့လာမှုအုပ်စု)

သုတေသနမှာ ဘယ်သူတွေ ပါဝင်ခဲ့လဲဆိုတာကို ဖော်ပြရပါမယ်။ ဘယ်လို ရွေးချယ်ခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။ (Sampling Method) ပါဝင်သူတွေရဲ့ အရေအတွက်၊ ကျား/မ အချိုးအစား၊ အသက်အရွယ် စတာတွေကို ဖော်ပြရပါမယ်။

၅။ Research Instruments (သုတေသနကိရိယာများ)

ဘယ်လိုကိရိယာတွေကို သုံးပြီး ဒေတာစုဆောင်းခဲ့လဲဆိုတာကို ဖော်ပြရပါမယ်။ စစ်တမ်း (Survey), အင်တာဗျူး (Interview), အာရုံစိုက်အဖွဲ့ (Focus Group), လေ့လာစောင့်ကြည့်ခြင်း (Observation) စတာတွေထဲက ဘာတွေသုံးခဲ့လဲဆိုတာ ပြောပြရပါမယ်။ ကိရိယာတစ်ခုချင်းစီကို ဘယ်လို တည်ဆောက်ခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။

၆။ Data Collection Procedures (ဒေတာစုဆောင်းခြင်းနည်းလမ်း)

ဒေတာတွေကို ဘယ်လို စုဆောင်းခဲ့လဲဆိုတာကို အဆင့်ဆင့် ရှင်းပြရပါမယ်။ စစ်တမ်းတွေကို ဘယ်လို ဖြန့်ဝေခဲ့လဲ။ အင်တာဗျူးတွေကို ဘယ်လို လုပ်ဆောင်ခဲ့လဲ။ လေ့လာစောင့်ကြည့်မှုကို ဘယ်လို လုပ်ခဲ့လဲဆိုတာကို အသေးစိတ် ရေးသားရပါမယ်။

၇။ Data Analysis Procedures (ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနည်းလမ်း)

စုဆောင်းထားတဲ့ ဒေတာတွေကို ဘယ်လို ခွဲခြမ်းစိတ်ဖြာခဲ့လဲဆိုတာကို ရှင်းပြရပါမယ်။ Qualitative ဒေတာတွေကို ဘယ်လို ကုဒ်နံပါတ်ထည့်ခဲ့လဲ။ Quantitative ဒေတာတွေကို ဘယ်လို စာရင်းအင်းနည်းနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့လဲ။ ဘာ Software တွေ သုံးခဲ့လဲဆိုတာ ပြောပြရပါမယ်။

၈။ Ethical Considerations (ကျင့်ဝတ်ဆိုင်ရာထည့်သွင်းစဉ်းစားချက်များ)

သုတေသနမှာ ကျင့်ဝတ်နဲ့ မညီညွတ်တဲ့ လုပ်ဆောင်မှုတွေ မရှိဘူးဆိုတာကို ဖော်ပြရပါမယ်။ ပါဝင်သူတွေရဲ့ သဘောတူညီချက်ကို ဘယ်လို ရယူခဲ့လဲ။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘယ်လို ကာကွယ်ခဲ့လဲဆိုတာ ရှင်းပြရပါမယ်။

၉။ Reliability and Validity (ယုံကြည်စိတ်ချရမှုနှင့် တရားဝင်မှု)

သုတေသနက ဘယ်လောက် ယုံကြည်စိတ်ချရလဲဆိုတာကို ရှင်းပြရပါမယ်။ သုံးခဲ့တဲ့ ကိရိယာတွေက တိုင်းတာချင်တဲ့အရာကို တကယ် တိုင်းတာနိုင်ရဲ့လားဆိုတာကို ရှင်းပြရပါမယ်။

၁၀။ Limitations (အကန့်အသတ်များ)

သုတေသနမှာ ဘာတွေ အားနည်းချက်တွေ ရှိလဲဆိုတာကို ဖော်ပြရပါမယ်။ ဒီအားနည်းချက်တွေက ရလဒ်တွေကို ဘယ်လို သက်ရောက်မှုရှိနိုင်လဲဆိုတာကို ရှင်းပြရပါမယ်။

၁၁။ Conclusion (နိဂုံး)

ဒီအပိုင်းမှာတော့ ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာကို ပြန်ချုပ်‌ ရေးပြရပါမယ်။ နောက်အခန်းမှာ ဘာတွေ ဆက်ဆွေးနွေးသွားမယ်ဆိုတာကို ပြောပြရပါမယ်။

နပေတိုး


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Grounded Theory ResearchGrounded Theory Research

Grounded Theory Research ဆိုတာ လူမှုဗေဒနဲ့ သုတေသနလောကမှာ အသုံးများတဲ့ Qualitative Research (အရည်အသွေးအခြေပြု သုတေသန) နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ရိုးရိုးသုတေသနတွေက ရှိပြီးသား Theory (သီအိုရီ) တစ်ခုကို အမှန် ဟုတ်၊ မဟုတ် စမ်းသပ်တာမျိုးဖြစ်ပေမဲ့ Grounded Theory ကတော့ “အချက်အလက်တွေကနေတစ်ဆင့် သီအိုရီအသစ်တစ်ခုကို အောက်ခြေကနေ စတင်တည်ဆောက်တာ” ဖြစ်ပါတယ်။Grounded Theory

Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်

Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်Study Design ဆိုတာဟာ ကျွန်တော်တို့ရဲ့ သုတေသနမေးခွန်းတွေကို ဘယ်လိုဖြေမလဲဆိုတဲ့ အလုံးစုံသော နည်းဗျူဟာ (overall strategy) ကို ရည်ညွှန်းတာပါ။ ဒီ Design ဟာ ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ် (foundation) ဖြစ်ပြီး အချက်အလက်တွေ စုဆောင်းဖို့၊ ခွဲခြမ်းစိတ်ဖြာဖို့ နည်းလမ်းတွေနဲ့ သုတေသနရဲ့ ရည်ရွယ်ချက်တွေကို

t testt test

t-test တွေဖြစ်တဲ့ Student’s t, Paired t, Independent t တို့ကို ရှင်းပြပေးချင်ပါတယ်။အခြေခံအားဖြင့် t-test ဆိုတာ စာရင်းအင်းနည်းလမ်း (statistical hypothesis test) တစ်မျိုးပါ။ ဒါဟာ Inferential Statistics (ကောက်ချက်ဆွဲသော စာရင်းအင်း) အမျိုးအစားထဲကဖြစ်ပြီး၊ ကျွန်တော်တို့မှာရှိတဲ့ နမူနာအချက်အလက် (sample data) တွေကို အသုံးပြုပြီး၊ အဲဒီနမူနာတွေယူထားတဲ့