Quota Sampling



Quota Sampling ဆိုတာက Population ရဲ့ အချိုးအစားအတိုင်း Sample ကို ရွေးချယ်တဲ့ နည်းလမ်းဖြစ်ပါတယ်။  မြို့တစ်မြို့က လူတွေရဲ့ အမြင်တွေကို စစ်တမ်းကောက်ချင်တယ်ဆိုရင် အဲ့ဒီမြို့မှာ အမျိုးသား ဘယ်နှစ်ယောက်ရှိလဲ၊ အမျိုးသမီး ဘယ်နှစ်ယောက်ရှိလဲ၊ အသက်အရွယ် ဘယ်လောက်ရှိတဲ့သူတွေ ဘယ်လောက်ရှိလဲဆိုတာကို သိထားရပါမယ်။ ပြီးတော့ Sample ထဲမှာလည်း အဲ့ဒီအချိုးအစားအတိုင်း လူတွေကို ထည့်ရပါမယ်။ အဲ့ဒါ Quota Sampling ပါ။

Quota Sampling ကို ဘယ်လိုလုပ်မလဲဆိုရင်တော့…

၁။ ပထမဦးဆုံး Population ရဲ့ သွင်ပြင်လက္ခဏာတွေကို သိရပါမယ်။ ဥပမာ- ကျား/မ အချိုးအစား၊ အသက်အရွယ်၊ ပညာအရည်အချင်း စတာတွေကို သိရပါမယ်။

၂။ ပြီးရင် Sample မှာ ဘယ်အချိုးအစားနဲ့ ထည့်ရမလဲဆိုတာကို ဆုံးဖြတ်ရပါမယ်။ ဥပမာ- Population မှာ အမျိုးသား ၅၀% နဲ့ အမျိုးသမီး ၅၀% ရှိရင် Sample မှာလည်း အမျိုးသား ၅၀% နဲ့ အမျိုးသမီး ၅၀% ပါအောင် လုပ်ရပါမယ်။

၃။ နောက်ဆုံး အဲ့ဒီအချိုးအစားအတိုင်း လူတွေကို ရွေးချယ်ပြီး Data တွေကို စုဆောင်းရပါမယ်။

Sample Size တွက်နည်းကို ပြောရရင် Quota Sampling မှာ Sample Size တွက်ဖို့အတွက် Cochran’s Formula ကို သုံးနိုင်ပါတယ်။ အဲ့ဒီ Formula ကို သုံးပြီးလိုအပ်တဲ့ Sample Size ကို တွက်လို့ရပါတယ်။

Cochran’s Formula နဲ့ Quota Sampling ရဲ့ Sample Size ကိုကြည့်ရအောင်ဗျာ

Cochran’s Formula က

n = (z^2 * p * q) / E^2

ဒါပေမဲ့ Quota Sampling မှာ ဒီ Formula ကို သုံးတဲ့အခါ နည်းနည်းလေး ပြောင်းလဲပြီး သုံးရပါတယ်။ ဘာလို့လဲဆိုတော့ Quota Sampling က Population ရဲ့ အချိုးအစားအတိုင်း Sample ကို ရွေးရတာမို့ပါ။

ဘယ်လို ပြောင်းလဲသုံးရမလဲဆိုရင်

၁။ ပထမဦးဆုံး Population ရဲ့ အလွှာ (Strata) တွေကို ခွဲထုတ်ရပါမယ်။ ဥပမာ- အမျိုးသား/အမျိုးသမီး၊ အသက်အရွယ်အလိုက် အုပ်စုတွေ စသဖြင့် ခွဲထုတ်ရပါမယ်။

၂။ ပြီးရင် အလွှာတစ်ခုချင်းစီရဲ့ Sample Size ကို တွက်ရပါမယ်။ အဲ့ဒီအတွက် Cochran’s Formula ကို သုံးပါမယ်။ ဒါပေမဲ့ အလွှာတစ်ခုချင်းစီရဲ့ p (proportion) နဲ့ E (margin of error) ကို သီးခြား သတ်မှတ်ပေးရပါမယ်။

၃။ နောက်ဆုံး အလွှာတစ်ခုချင်းစီရဲ့ Sample Size တွေကို ပေါင်းလိုက်ရင် လိုအပ်တဲ့ Sample Size အားလုံးကို ရသွားပါမယ်။

အမျိုးသား ၄၀% နဲ့ အမျိုးသမီး ၆၀% ရှိတဲ့ Population အတွက် Cochran’s Formula ကို သုံးပြီး Quota Sampling ရဲ့ Sample Size ကို တွက်ကြည့်ပါမယ်။

“အမျိုးသား ၄၀% နဲ့ အမျိုးသမီး ၆၀% ရှိတဲ့ မြို့တစ်မြို့မှာ စစ်တမ်းကောက်မယ်ဆိုပါတော့။ ၉၅% Confidence Level နဲ့ ၅% Margin of Error ကို သုံးပါမယ်။

၁။ အလွှာတွေကို ခွဲထုတ်ပါမယ်။ အမျိုးသား (Strata 1) နဲ့ အမျိုးသမီး (Strata 2) ဆိုပြီး နှစ်လွှာ ခွဲထုတ်လိုက်ပါမယ်။

၂။ အလွှာတစ်ခုချင်းစီရဲ့ Sample Size ကို တွက်ပါမယ်။ ဒီမှာ p (proportion) တန်ဖိုးကို သတိထားပြီး ထည့်ရပါမယ်။

– အမျိုးသားတွေအတွက် (Strata 1):
– p = 0.4 (အမျိုးသား ၄၀% ဆိုတော့)
– q = 1 – p = 0.6
– E = 0.05
– z = 1.96 (95% Confidence Level အတွက်)

Cochran’s Formula ကို သုံးမယ်။

n1 = (z^2 * p * q) / E^2
n1 = (1.96^2 * 0.4 * 0.6) / 0.05^2
n1 = (3.8416 * 0.24) / 0.0025
n1 = 0.922 / 0.0025
n1 = 368.64

ဒါကြောင့် အမျိုးသားအုပ်စုအတွက် Sample Size က ၃၆၉ ယောက် လိုအပ်ပါတယ်။

– အမျိုးသမီးတွေအတွက် (Strata 2):
– p = 0.6 (အမျိုးသမီး ၆၀% ဆိုတော့)
– q = 1 – p = 0.4
– E = 0.05
– z = 1.96 (95% Confidence Level အတွက်)

Cochran’s Formula ကို သုံးမယ်။

n2 = (z^2 * p * q) / E^2
n2 = (1.96^2 * 0.6 * 0.4) / 0.05^2
n2 = (3.8416 * 0.24) / 0.0025
n2 = 0.922 / 0.0025
n2 = 368.64

ဒါကြောင့် အမျိုးသမီးအုပ်စုအတွက် Sample Size က ၃၆၉ ယောက် လိုအပ်တယ်။

၃။ Sample Size အားလုံးကို ပေါင်းမယ်။

n = n1 + n2
n = 369 + 369
n = 738

ဒါကြောင့် Sample မှာ အမျိုးသား ၃၆၉ ယောက်နဲ့ အမျိုးသမီး ၃၆၉ ယောက် ပါရပါမယ်။ ဒီဥပမာမှာ အမျိုးသားနဲ့ အမျိုးသမီးဦးရေ မတူပေမဲ့ p နဲ့ q ရဲ့ မြှောက်လဒ်က တူနေတော့ Sample Size လည်း တူနေတာကို သတိထားမိမယ်လို့ ထင်ပါတယ်။ တကယ်လို့ ၉၅% Confidence Level နဲ့ ၅% Margin of Error ကို သုံးမယ်ဆိုရင် စုစုပေါင်း ၇၃၈ ယောက်ကို မေးရမယ်။ အဲ့ဒီ ၇၃၈ ယောက်ထဲမှာ အမျိုးသား ၃၆၉ ယောက်နဲ့ အမျိုးသမီး ၃၆၉ ယောက် ပါရပါမယ်။ ဒါမှ Sample က Population ကို ကိုယ်စားပြုနိုင်မှာပါ။

တကယ်လို့ လူဦးရေ ၄၀၀ လောက်ပဲ မေးမြန်းနိုင်မယ်ဆိုရင် Quota ကို ၄၀% နဲ့ ၆၀% အတိုင်း ခွဲဝေပေးရပါမယ်။ အမျိုးသား ၁၆၀ ယောက်နဲ့ အမျိုးသမီး ၂၄၀ ယောက်ကို မေးမြန်းရမှာပေါ့။

Quota sampling ရဲ့အားသာချက်တွေကတော့…

– Population ကို ကောင်းကောင်း ကိုယ်စားပြုနိုင်ပါတယ်။
– လွယ်ကူမြန်ဆန်ပါတယ်။
– ကုန်ကျစရိတ် သက်သာပါတယ်။

အားနည်းချက်တွေကတော့…

– Bias ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သုတေသနလုပ်တဲ့သူက လူတွေကို စိတ်ကြိုက်ရွေးချယ်တာမို့ ရလဒ်တွေက တိကျမှု မရှိနိုင်ပါဘူး။
– လူတွေကို ရှာရခက်နိုင်ပါတယ်။ အထူးသဖြင့်အချိုးအစားအလိုက် လူတွေကို ရွေးချယ်ရမယ်ဆိုရင် ပိုခက်ခဲနိုင်ပါတယ်။

Quota Sampling ကို ဘယ်အချိန်မှာ သုံးသင့်လဲဆိုတော့…

– အချိန်နဲ့ ငွေကြေး အကန့်အသတ်ရှိတဲ့အခါ
– Population ကို ကောင်းကောင်း ကိုယ်စားပြုချင်တဲ့အခါ
– စစ်တမ်းကောက်တာတို့၊ မဲဆွယ်တာတို့ လုပ်တဲ့အခါမျိုးတွေမှာ သုံးသင့်တယ်။

ဥပမာအနေနဲ့ ပြောရရင် ရုပ်မြင်သံကြား အစီအစဉ်တစ်ခုရဲ့ ကြည့်ရှုနှုန်းကို တိုင်းတာချင်တယ်ဆိုပါတော့။ ဒါဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရဲ့ အသက်အရွယ်၊ ပညာအရည်အချင်း၊ နေထိုင်တဲ့ဒေသ စတာတွေကို သိထားရပါမယ်။ ပြီးတော့ Sample ထဲမှာလည်း အဲ့ဒီအချိုးအစားအတိုင်း လူတွေကို ထည့်ရပါမယ်။ အဲ့ဒါ Quota Sampling ပါပဲ။

သတိထားရမယ့်အချက်က Quota Sampling ကို သုံးတဲ့အခါ ရလဒ်တွေက တိကျမှု မရှိနိုင်ဘူးဆိုတာကို အမြဲသတိထားရပါမယ်။ ဒီနည်းလမ်းကို သုံးပြီး ရလာတဲ့ အချက်အလက်တွေကို အတည်ပြုဖို့အတွက် တခြား သုတေသနနည်းလမ်းတွေကိုလည်း သုံးသင့်ပါတယ်။

နပေတိုး


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

EstimationEstimation

Estimation Estimation ဆိုတာဟာ ကျွန်တော်တို့မှာရှိတဲ့ အချက်အလက် (data) နမူနာ (sample) တစ်ခုကို အခြေခံပြီး၊ အဲဒီအချက်အလက်တွေ ရယူထားတဲ့ ပိုကြီးတဲ့ အုပ်စု (population) တစ်ခုလုံးရဲ့ အားနည်းချက် (characteristics) တွေအကြောင်း ကောက်ချက်ဆွဲတာ ဒါမှမဟုတ် ခန့်မှန်းတာကို ဆိုလိုပါတယ်။ ဒီနည်းလမ်းဟာ စာရင်းအင်းပညာ (statistics) ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Inferential

Grounded Theory ResearchGrounded Theory Research

Grounded Theory Research ဆိုတာ လူမှုဗေဒနဲ့ သုတေသနလောကမှာ အသုံးများတဲ့ Qualitative Research (အရည်အသွေးအခြေပြု သုတေသန) နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ရိုးရိုးသုတေသနတွေက ရှိပြီးသား Theory (သီအိုရီ) တစ်ခုကို အမှန် ဟုတ်၊ မဟုတ် စမ်းသပ်တာမျိုးဖြစ်ပေမဲ့ Grounded Theory ကတော့ “အချက်အလက်တွေကနေတစ်ဆင့် သီအိုရီအသစ်တစ်ခုကို အောက်ခြေကနေ စတင်တည်ဆောက်တာ” ဖြစ်ပါတယ်။Grounded Theory

Degree of freedomDegree of freedom

degree of freedom အကြောင်း နားလည်သလောက် ကျွန်တော်လေးစားရတဲ့ ဆရာတွေက လာမေးထားတော့ နားလည်သလောက်လေး ပြန်ရေးပြတာပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ ကျွန်တော်က လေ့လာနေဆဲပါ။ တကယ်လို့ ကျွန်တော် မှတ်ထားတာလေးတွေ မှန်နေရင်လည်း ဝမ်းသာရမှာ ဖြစ်သလို၊ မှားနေခဲ့ရင်လည်း ပြင်ဆင်ပေးခဲ့ကြပါခဗျ။ ပြန်ဖတ်ရမှာပေါ့။ ကျွန်တော်အတွက် ဘာဖြစ်ဖြစ် အကျိုးရှိပါတယ်။ စာရင်းအင်းပညာ မှာ degree of