naywinaung အယူခံခြင်း

အယူခံခြင်း

အယူခံခြင်း

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၂၀) တွင် အယူဒခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေ၂၁၈ မှ နည်းဥပဒေ ၂၂၈ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါနည်းဥပဒေ အချို့ကို ကောက်နုတ်၍ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၂၁၈။ ဌာနဆိုင်ရာအရေးယူမှုတွင် ဝန်ထမ်းသည် ချမှတ်ခြင်းခံရသည့် နည်းဥပဒေ ၂၀၉ အရ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်များနှင့်စပ်လျဉ်း ၍လည်းကောင်း၊ အမိန့်၊ ဆုံးဖြတ်ချက် နှင့်စပ်လျဉ်း ၍လည်းကောင်း မကျေနပ်ပါက အယူခံမှုတင်သွင်းခွင့်ရှိသည်။

နည်းဥပဒေ ၂၁၉။ အယူခံမှုတင်သွင်းလိုသည့်ဝန်ထမ်းက လျှောက်ထားတောင်းခံပါက ဌာနဆိုင်ရာ စစ်ဆေးမှုတွင် နှုတ်ဖြင့်စစ်ဆေးသည့် သက်သေများ၏ ထွက်ဆိုချက် မှတ်တမ်းနှင့် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ မိတ္တူတို့ကို ထုတ်ပေးရမည်။

နည်းဥပဒေ ၂၂၀။ ဝန်ထမ်းသည် ဌာနဆိုင်ရာအရေးယူမှုတွင်ချမှတ်သော ပြစ်ဒဏ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ အမိန့်၊ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း ၍လည်းကောင်း မကျေနပ်ပါက အမိန့်စာလက်ခံရရှိသည့်နေ့ရက်မှစ၍ ခြောက်လအတွင်းတွင် မူလပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်အဆင့်၏ အထက်အဆင့် အကြီးအမှူးထံသို့ အယူခံလွှာကို ပုံစံ (၁၂) ပါအတိုင်း တင်သွင်းနိုင်သည်။ သတ်မှတ်ထားသည့် အယူခံကာလထက်ကျော်လွန်မှ တင်သွင်းလာသည့် အယူခံလွှာကို သာမန်အားဖြင့် လက်ခံစဉ်းစားခြင်းမပြုရ။ သို့ရာတွင် ခိုင်လုံသော အကြောင်းပြချက် တင်ပြနိုင်ပါက အယူခံကာလကန့်သတ်ချက်ကို လျှော့ပေါရန် စဉ်းစားနိုင်သည်။ အယူခံလွှာကိုလက်ခံ၍ စစ်ဆေးပေးနိုင်သည်။

နည်းဥပဒေ ၂၂၁။ အယူခံလွှာကိုတင်သွင်းရာတွင် –

(က) အမှုကိစ္စနှင့်သက်ဆိုင်သည့် အကြောင်းအရာအကျင်းချုပ်ကိုဖော်ပြရမည်။

(ခ) အယူခလွာတင်သွင်းသည့်အချက်နှင့် ယင်းကို အထောက်အကူဖြစ်စေမည့် အကြောင်းအချက် များ ပါဝင်စေရမည်။

(ဂ) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းကို ထိခိုက်စေမည့် အသုံးအနှုန်းများနှင် ပုဂ္ဂိုလ်ရေး ထိပါးပုတ်ခတ်မှုများ မပါရှိစေရ။

(ဃ) အယူခံလွာတင်သွင်းသူကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။

(င) အမှုကိစ္စနှင့်သက်ဆိုင်သည့်အမိန့်စာ မိတ္တူတစ်စောင် ပူးတွဲပါရှိရမည်။

(စ) မူလပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်အဆင့်၏ အထက်အဆင့်အကြီးအမှူးထံသို့ တင်သွင်းမည်။    

နည်းဥပဒေ ၂၂၂။ အယူခံမှုကို ဆုံးဖြတ်ခွင့်နှင့်စပ်လျဉ်း၍ –

(က) မူလပြစ်ဒဏ် သို့မဟုတ် အမိန့် ကိုချမှတ်ခဲ့သူ၏ အထက်အဆင့်အကြီးအမှူးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အယူခံအဖွဲ့သည် ထိုပြစ်ဒဏ် သို့မဟုတ် အမိန့်နှင့်စပ်လျဉ်း သည့် အယူခံမှုကိုဆုံးဖြတ်ခွင့်ရှိသည်။ မူလပြစ်ဒဏ် သို့မဟုတ် အမိန့်ကို ချမှတ်ခဲ့ရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးကိုယ်တိုင် ပါဝင်ခဲ့လျှင် ယင်းကပင် အယူခံအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မူလအမှုကို ဆုံးဖြတ်ရာ၌ မပါဝင်သူနှစ်ဦးကို အယူခံအဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းပြီး ပုံစံ (၂၀) ပါအတိုင်း အယူခံမှုကို ဆုံးဖြတ် ရမည်။

(ခ) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများက အယူခံဝင်သည့်အမှုမှအပ အခြားအယူခံ မှုများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအဆင့်၌ပင် ပြီးပြတ်စေရမည်။

(ဂ) ဝန်ထမ်းအဖွဲ့အစည်းအလိုက် အယူခံဆုံးဖြတ်ခွင့်ရှိသည့်အယူခံအဖွဲ့အဆင့်ဆင့်ကို သတ်မှတ်ရမည်။

နည်းဥပဒေ ၂၂၆။ အယူာမှုတွင်ချမှတ်သည် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ (၉-၆-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။

 


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

eHealth M_Zawisza_Business_ModeleHealth M_Zawisza_Business_Model

#eHealth#M_Zawisza_Business_Modelehealth နှင့်ပတ်သက်တဲ့ model တွေကို ရှေ့ပိုင်းမှာ ရှင်းပြခဲ့ပါတယ်။ အခုရေးသားမဲ့ business model ကတော့ နိုင်ငံတကာ ကုမ္ပဏီတော်တော်များများမှာ အသုံးများတဲ့ Enterprise Model တစ်ခုပဲဖြစ်ပါတယ်။ ဒီModel မှာတော့ အစိတ်အပိုင်း ကိုးခုပါဝင်ပါတယ်။အဲ့ဒါတွေကတော့၁။ Key Partners ( မိတ်ဖက်အဖွဲ့အစည်းများ)၂။ Key Activities ( ပင်မလုပ်ငန်းဆောင်ရွက်မှုများ)၃။ Key Resources

Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်

Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်Study Design ဆိုတာဟာ ကျွန်တော်တို့ရဲ့ သုတေသနမေးခွန်းတွေကို ဘယ်လိုဖြေမလဲဆိုတဲ့ အလုံးစုံသော နည်းဗျူဟာ (overall strategy) ကို ရည်ညွှန်းတာပါ။ ဒီ Design ဟာ ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ် (foundation) ဖြစ်ပြီး အချက်အလက်တွေ စုဆောင်းဖို့၊ ခွဲခြမ်းစိတ်ဖြာဖို့ နည်းလမ်းတွေနဲ့ သုတေသနရဲ့ ရည်ရွယ်ချက်တွေကို