naywinaung blog,eHealth eHealth Lao

eHealth Lao

#eHealth
#Lao
ehealth နှင့်ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ Toolkit ဆိုတာရှိပါတယ်။ အဲ့ဒါကိုတော့ နောက်မှရေးသားပါမယ်။လတ်တလော လာအိုနိုင်ငံရဲ့ ehealth Architecture ကို ရေးသားချင်ပါတယ်။
eHealth လုပ်ငန်းစဉ်မှာ အောက်ဖော်ပြပါ အပိုင်းကဏ္ဍတွေ အနည်းဆုံးတော့ပါဝင်ရပါမယ်။
၁။အီလက်ထရောနစ် ဆေးမှတ်တမ်း( EMR)
၂။အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း ( EHR)
၃။ ပုဂ္ဂလိက ကျန်းမာရေးမှတ်တမ်း (PHR)
၄။ အဝေးရောက်ဆေးကုသမှုလုပ်ငန်း (telemedicine)
၅။ မိုဘိုင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (mHealth)
၆။ စီမံခန့်ခွဲမှုအထောက်အကူပြုစနစ် (DSS)
၇။ နာတာရှည်ရောဂါများစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်း (CDMS)
၈။ ကုသမှုဆိုင်ရာစီမံခန့်ခွဲမှုစနစ်(PPCMS)
၉။ အီလက်ထရောနစ်အသုံးပြု ဆေးကုသမှုလုပ်ငန်း(EMS)
၁၀။ ဆေးပညာဗဟုသုတများဖြန့်ဝေခြင်းလုပ်ငန်း
၁၁။ ဆေးပညာဆိုင်ရာ အဝေးသင်စနစ် (eLearning)
၁၂။ ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ်(HMIS)

ဒီနေရာမှာ ကျွန်တော်တို့သတိထားရမဲ့ကိစ္စကတော့ EMR,EHR နှင့် PHR တို့ဆိုတာ တစ်ခုနှင့်တစ်ခု အလွန်ခြားနားပါတယ်။ တူမလိုလိုနဲ့ မတူပါဘူး။ ထို့အတူ telemedicine နှင့် EMS ဆိုတာကလည်းကွဲပြားပါတယ်။ mHealth ဆိုတာကလည်း Mobile Clinic မဟုတ်ပါဘူး။
လာအိုနိုင်ငံအနေနှင့် သူတို့ရဲ့ eHealth ကိုတည်ဆောက်တဲ့အခါမှာ အောက်ပါအချက်များကို မရှိမဖြစ်မပါမဖြစ် အချက်များဆိုပြီး အချက်(၇)ချက်ကို သတ်မှတ်ခဲ့ပါတယ်။

The key component of eHealth Strategy

    1. LEADERSHIP AND GOVERNANCE
    2. STRATEGY AND INVESTMENT
    3. eHEALTH SOLUTIONS
    4. INFRASTRUCTURE
    5. STANDARDS AND INTEROPERABILITY
    6. LEGISLATION AND POLICY
    7. HUMAN RESOURCES
၁။ L&G ကဏ္ဍမှာဆိုရင် နိုင်ငံရဲ့ ဒီဂျစ်တယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ဖို့နှင့် အောင်မြင်စွာ တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရဲ့ အဓိကပဲ့ကိုင်မောင်းနှင်သူများမှာ ဉီးဆောင်မှုပြုနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားရန်ဆိုပြီး ဖွင့်ဆိုခဲ့ပါတယ်။
ဒီအတွက် ၂၀၁၇ခုနှစ်မှာ အမျိုးသားအဆင့် DHIS2 Core Team ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
၂၀၁၉ နှစ်လယ်မှာ အမျိုးသားအဆင့် National eHealth Unit ကို စတင်ဖွဲ့စည်းမယ်လို့ ကြေငြာထားပါတယ်။

၂။ S&I ကဏ္ဍမှာဆိုရင် နိုင်ငံအဆင့်ဒီဂျစ်တယ်ကျန်းမာရေးရပ်ဝန်းကို တည်ဆောက်ရန်၊ကျင့်သုံးရန်နှင့်ရေရှည်တည်တံ့ခိုင်မြဲရန်ဆိုပြီး ဖွင့်ဆိုခဲ့ပါတယ်။
ဒီအတွက်ကတော့ ၂၀၁၇နှစ်ကုန်မှာ နိုင်ငံလုံးဆိုင်ရာ eHealth လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်ပြီး ဘုံအဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။
၂၀၁၈ကုန်ကစပြီး တီထွင်စမ်းသစ်မှုဆိုင်ရာအစီအစဉ်တစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ပြီး အဲ့ဒီက နည်းပညာတွေကို ၂၀၂၁ မှာ အသုံးပြုဖို့ အဆင်သင့်ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်။ အဲ့ဒီအစီအစဉ်ကနေပြီး ကုသမှုဆိုင်ရာ အထောက်အကူပြု နည်းပညာများကို စတင်စမ်းသပ်နေပြီလည်းဖြစ်ပါတယ်။
၂၀၁၈ အကုန်မှာပဲ တယ်လီဖုန်းအခြေပြု စစ်တမ်းကောက်ခြင်းလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို စတင်အကောင်ထည်ဖော်နိုင်ပြီဖြစ်ပါတယ်။
၂၀၁၈ခုနှစ်အကုန်မှာပဲ ကျန်းမာရေးစီမံခန့်ခွဲမှုအထောက်အကူပြု big data လုပ်ငန်းစဉ်ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ်သစ်ကိုလည်း စတင်ချမှတ်နိုင်ခဲ့ပါတယ်။

၃။ Solution ကဏ္ဍမှာ ဆိုရင်တော့ ကျန်းမာရေးစနစ်ရဲ့ ဉီးတည်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ နည်းပညာများကို ရှာဖွေရန်နှင့် တီထွင်ရန်ဆိုပြီး ဖွင့်ဆိုခဲ့ပါတယ်။

၄။ Infrastructure ကဏ္ဍမှာဆိုရင် ကျန်းမာရေးဝန်ဆောင်မှုတွေကို တိုးတက်ဖွံ့ဖြိုးစေပြီး သတင်းအချက်အလက်များမျှဝေမှုကို အထောက်အပံ့ပေးနိုင်မဲ့ အခြေခံအဆောက်အဦများကို တည်ဆောက်ရန်ဆိုပြီးဖွင့်ဆိုထားပါတယ်။
၂၀၁၉ ခုနှစ် အတွင်းမှာ တည်ငြိမ်ပြီး အရည်အသွေးပြည့်မှီတဲ့ အင်တာနက်မြန်နုန်းများကို နိုင်ငံအတွင်း ဆေးရုံအားလုံးမှာ ရရှိနိုင်ဖို့ ရင်းနှီးမြှပ်နှံလျှက်ရှိပါတယ်။ ဒီအင်တာနက်ဆက်ကြောင်းတွေကနေပြီး telemedicine, eLearning, Profession development အစရှိတဲ့ လုပ်ငန်းများကို အချိန်နှင့်တပြည်းညီ အသုံးပြုဆောင်ရွက်နိုင်ဖို့ ရည်မှန်းထားကြပါတယ်။
၂၀၁၇-၂၀၂၁ e-Gov အစီအစဉ်မှာ ကျန်းမာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို အမြင့်ဆုံးမျှော်မှန်းထားပြီး အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။

၅။ S&I စံစနစ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းမှာဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ နည်းပညာနှင့်ပတ်သက်သော သတင်းအချက်အလက်များကို မှန်မှန်ကန်ကန်တိတိကျကျ လဲလှယ်အသုံးပြုနိုင်စေရန်ဆိုပြီး ဖွင့်ဆိုထားပါတယ်။

၆။ L&P ကဏ္ဍမှာတော့ မိမိတို့နိုင်ငံရဲ့ ဒီဂျစ်တယ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာရပ်ဝန်းကို အဓိကဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အပံ့ဖြစ်စေမဲ့ ဉပဒေများ၊မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရန်ဆိုပြီး ဖွင့်ဆိုထားပါတယ်။
၂၀၁၉ခုနှစ်အကုန်မှာတော့ ကျန်းမာရေးနှင့်ပတ်သက်သော သတင်းအချက်အလက်ဆိုင်ရာ ဉပဒေများ၊နည်းဉပဒေများ နှင့် လုပ်ငန်းလမ်းညွှန်များ အသက်ဝင်အောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ရည်မှန်းထားပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ Human Resource လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပါတယ်။ ဒီနေရာမှာ HI (health informatics) တွေပြောလေ့ရှိတဲ့ အသစ်မွေးမြူခြင်း(recruitment)၊ စွမ်းအားမြှင့်ခြင်း( capacity building up)၊ အကြံညဏ်ယူခြင်း( external consultant) နှင့် မိတ်ဖက်ဆောင်ရွက်ခြင်း( Partnership) ကိုဆိုလိုချင်တာဖြစ်ပါတယ်။
၂၀၂၁ မှာတော့ ကျန်းမာရေးလုပ်သားတိုင်း နည်းပညာဆိုင်ရာ အသိပညာအတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်ရန် ဆိုပြီး လာအိုနိုင်ငံက မျှော်မှန်းထားပါတယ်။

ကျွန်တော် ရေးပြခဲ့သမျှအကုန်လုံးကတော့ လာအိုနိုင်ငံရဲ့ လတ်တလော eHealth နှင့်ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိတဲ့လုပ်ငန်းတွေနှင့် မျှော်မှန်းချက်တွေဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာရောလို့ မေးလာခဲ့ရင်တော့……….
ကျွန်တော် နှာစေးနေပါတယ်ခင်ဗျားလို့ ဖြေချင်ပါတယ်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Dunning-Kruger EffectDunning-Kruger Effect

Dunning-Kruger EffectDunning-Kruger Effect ဆိုတာက စိတ်ပညာနယ်ပယ်မှာ လူတွေရဲ့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းအကဲဖြတ်မှုနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီ effect ကို စတင်လေ့လာခဲ့တဲ့ David Dunning နဲ့ Justin Kruger တို့ရဲ့ သုတေသနအရ၊ အရည်အချင်းနည်းပါးတဲ့သူတွေဟာ သူတို့ရဲ့ အစွမ်းအစကို လွန်ကဲစွာ အထင်ကြီးတတ်ပြီး၊ အရည်အချင်းမြင့်မားတဲ့သူတွေကတော့ သူတို့ရဲ့ စွမ်းရည်ကို သိပ်မယုံကြည်တတ်ဘူးလို့

Stratified Random SamplingStratified Random Sampling

Stratified Random Sampling အကြောင်း Stratified Random Sampling ဆိုတာက လူဦးရေအုပ်စုကြီးတစ်ခုကို လေ့လာတဲ့အခါမှာ အုပ်စုတစ်ခုလုံး(population)ရဲ့ ပုံစံကိုဖမ်းယူနိုင်ဖို့အတွက် အသုံးပြုတဲ့ နည်းလမ်းတစ်ခုပါ။ ဥပမာ- ကျောင်းတစ်ကျောင်းမှာ ကျောင်းသားဦးရေအများကြီးရှိတယ်ဆိုပါစို့။ အဲဒီကျောင်းက ကျောင်းသားတွေရဲ့ ပျမ်းမျှရမှတ်ကို သိချင်တယ်ဆိုရင် ကျောင်းသားအားလုံးကို မေးမြန်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် Stratified Random Sampling ကိုသုံးပြီး အဲဒီကျောင်းသားအုပ်စုကြီးကို

Purposive SamplingPurposive Sampling

Purposive Sampling ဆိုတာက သုတေသနရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ လူတွေကို ရွေးချယ်ပြီး Data တွေ စုဆောင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ပြောရရင် ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာကို နားလည်တဲ့သူတွေ၊ အတွေ့အကြုံရှိတဲ့သူတွေကိုပဲ ရွေးထုတ်ပြီး  သုတေသနပြုတာပေါ့။ Purposive Sampling ကို ဘယ်လိုလုပ်မလဲဆိုတော့… ၁။ ပထမဦးဆုံး သုတေသနရည်ရွယ်ချက်ကို အတိအကျ သတ်မှတ်ရပါမယ်။ ဘာကို လေ့လာချင်တာလဲ၊