naywinaung blog,research,Research Methodology Chapter 5 Conclusion ဘယ်လိုရေးမလဲ

Chapter 5 Conclusion ဘယ်လိုရေးမလဲ

1. Introduction (မိတ်ဆက်ပိုင်း)

စာတမ်းရဲ့ ရည်ရွယ်ချက်ကို အတိုချုံးပြန်ဖော်ပြပေးပြီး၊ လေ့လာမှုကို ဘာကြောင့်လုပ်ခဲ့သလဲဆိုတဲ့ အကြောင်းပြန်ထည့်ပေးဖို့လိုပါတယ်။ အဲ့ဒီနောက်မှာ “ဒီအခန်းမှာ လေ့လာမှုရဲ့ ရလဒ်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးမယ်” လို့ အတိုချုံးပြောပေးရင် ရပါပြီ။

2. Findings (ရှာဖွေတွေ့ရှိချက်များ)

ဒီပိုင်းကတော့ လေ့လာမှုမှာ တွေ့ရှိခဲ့တဲ့ အဓိကအချက်တွေကို ပြောပြရမှာပါ။

– လေ့လာမှုမှာ စုဆောင်းခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ကျနော်တို့ ဘာတွေတွေ့ရှိခဲ့သလဲ ဆိုတာကို ရှင်းပြဖို့လိုပါတယ်။
– Chapter 4 (Results) မှာပြခဲ့တဲ့ အရာများကို အဓိပ္ပာယ်ရှိတဲ့ အနေနဲ့ ကောက်ချက်ချပြီး ရေးပြရပါမယ်။
– “လေ့လာမှုအရ X ကိစ္စက Y နဲ့ ဆက်စပ်မှုရှိတယ်”၊ “Z ပြဿနာကြောင့် A ပြဿနာဖြစ်ပေါ်တယ်” ဆိုသလိုမျိုး အတိအကျပြောပြရပါမယ်၊ လေ့လာမှုရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီဖို့လိုပါတယ်။
– ဒေတာတွေကို အကျယ်တဝင့် မပြန်ရေးပါနဲ့၊ အဓိကရလဒ်တွေကိုပဲ အတိုချုံးပြောပေးရုံပါပဲ။

3. Suggestions (အကြံပြုချက်များ)

ဒီပိုင်းကတော့ လေ့လာမှုမှာ တွေ့ရှိခဲ့တဲ့ ပြဿနာတွေ သို့မဟုတ် ကန့်သတ်ချက်တွေကို အခြေခံပြီး လက်ရှိအခြေအနေကို ပိုကောင်းအောင် ဘယ်လိုလုပ်သင့်မလဲ ဆိုတဲ့ အကြံပေးရတာပါ။ findings တွေကို ဆက်စပ်ပြီး ကောက်ချက်ချရပါမယ်။

– လေ့လာမှုနဲ့ ပတ်သက်တဲ့ နယ်ပယ်ထဲမှာ ဘယ်လိုအပြောင်းအလဲလုပ်ရမယ်၊ ဘယ်လိုဆက်လက်လုပ်ဆောင်ရမယ် ဆိုတာကို ရေးပြပါ။
– ဥပမာ- “ပညာရေးနယ်ပယ်မှာ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် ကျောင်းသားတွေရဲ့ စွမ်းရည်က ပိုတိုးလာမည်” လိုမျိုး တိကျတဲ့ အကြံပြုချက်မျိုးပေးပါ။

4. Recommendations (အကြံပေးချက်များ)

Suggestions နဲ့ အနည်းငယ်ကွာခြားပါတယ်၊ ဒီပိုင်းကတော့ နောက်ထပ်လေ့လာမှုတွေ သို့မဟုတ် အဖွဲ့အစည်းတွေအတွက် ဘယ်လိုလုပ်သင့်မလဲ ဆိုတဲ့ ညွှန်ကြားချက်မျိုး‌ ရေးပေးရတာပါ။

– “နောက်ထပ်လေ့လာမှုမှာ ဒီကိစ္စကို ပိုကျယ်ပြန့်စွာ လေ့လာသင့်ပါတယ်”၊ “အစိုးရအဖွဲ့အစည်းတွေက ဒီမူဝါဒကို ထည့်သွင်းသင့်ပါတယ်” ဆိုသလိုမျိုး ရေးပါ။
– နောက်လေ့လာမှုရဲ့ ဦးတည်ချက်၊ နယ်ပယ်၊ နည်းလမ်းတွေကိုလည်း အတိုချုံးအကြံပေးနိုင်ပါတယ်။

5. Conclusion (နိဂုံးချုပ်)

နောက်ဆုံးမှာ စာတမ်းတစ်ခုလုံးရဲ့ အဓိကနိဂုံးကို ပြန်တိုက်ရိုက်‌ ဖော်ပြပေးပါ။ လေ့လာမှုက ဘယ်လောက်အရေးကြီးပါတယ်၊ ရလဒ်တွေက ဘယ်လိုအကျိုးသက်ရောက်မှုရှိပါမယ်ဆိုတာကို အတိုချုံးဖော်ပြပြီး အဆုံးသတ်သင့်ပါတယ်။

နပေတိုး


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Systematic Random SamplingSystematic Random Sampling

Systematic Random Sampling Systematic Random Sampling ဆိုတာ Population တစ်ခုလုံးကို စနစ်တကျနဲ့ ကျပန်းရွေးချယ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Simple Random Sampling နဲ့မတူတာက ဒီနည်းလမ်းမှာ ပထမဦးဆုံး Sample ကို ကျပန်းရွေးချယ်ပြီး ကျန်တဲ့ Sample တွေကို ပုံသေ Interval (ကြားကာလ) တစ်ခုနဲ့ ရွေးချယ်သွားတာပါ။ Systematic

Resilient , Renovation and Reactivation of hospital after disasterResilient , Renovation and Reactivation of hospital after disaster

Resilient , Renovation and Reactivation of hospital after disaster ဒီအကြောင်းအရာဟာ ဆေးရုံတွေကို ဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် ပြန်လည်တည်ဆောက်တာ၊ ပြုပြင်တာနဲ့ ပြန်လည်လှုပ်ရှားတာဖြစ်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေ၊ သီအိုရီတွေအပေါ် အခြေခံပြီး ရိုးရိုးရှင်းရှင်းပဲ ရှင်းပြချင်ပါတယ်။Resilience (ခိုင်ခံ့မှု)ပထမဆုံးအနေနဲ့ Resilience (ခိုင်ခံ့မှု) အကြောင်း ပြန်ကြည့်ရအောင်။ ဒါက

Qualitative Research တစ်ခု ဘယ်လိုရေးသားကြမလဲQualitative Research တစ်ခု ဘယ်လိုရေးသားကြမလဲ

Qualitative Research (အရည်အသွေးအခြေပြု သုတေသန) ဆိုတာ ကိန်းဂဏန်းတွေထက် လူတွေရဲ့ အတွေ့အကြုံ၊ ခံစားချက်နဲ့ အပြုအမူတွေနောက်ကွယ်က “ဘာကြောင့် (Why)” နဲ့ “ဘယ်လို (How)” ဆိုတဲ့ အနက်အဓိပ္ပာယ်တွေကို ဖော်ထုတ်ရတာ ဖြစ်ပါတယ်။အဆင့် (၁) – Research Questions ကို သတ်မှတ်ခြင်းပထမဆုံးအနေနဲ့  ဘာကို သိချင်တာလဲဆိုတာကို တိတိကျကျ သတ်မှတ်ရပါမယ်။ Qualitative