naywinaung blog,research,Uncategorized သုတေသီ၏ရှုထောင့်

သုတေသီ၏ရှုထောင့်

#Research_Methodology

သုတေသီ၏ရှုထောင့်

သုတေသီတစ်ဦးသည် အတွင်းလူအဖြစ်ပါဝင်သလား အပြင်လူအဖြစ် ပါဝင်သလားဆိုသည့် ကိစ္စရပ်သည်လည်း သုတေသီ၏ရှုထောင့်အား များစွာ သက်ရောက်စေသည်။

သုတေသီ၏ရှုထောင့်သည် ဒသနိကဆိုင်ရာ subJective and Objective ရှုထောင့်များအပြင် အဆိုပါ သုတေသီသည် မည်သည့်နေရာမှ ပါဝင်သနည်းဆိုသည်ကိုလည်း သိရှိရမည်။

အထူးသဖြင့် လုပ်ငန်းခွင်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် သက်ရောက်မှုပိုမိုသည်။

အတွင်းလူဆိုရာတွင် တဝက်တပျက် အတွင်းလူများ ပါဝင်သကဲ့သို့ အပြင်လူဆိုရာတွင်လည်း တဝက်တပျက် အပြင်လူများလည်း ပါဝင်သည်။

အကယ်၍ သင်သည် သင့်၏ အဖွဲ့အစည်းအား ပြန်လည် သုတေသနပြုလုပ်ပါက အတွင်းလူဟု သတ်မှတ်နိုင်ပါသည်။ဥပမာအားဖြင့် သင်ကိုယ်တိုင် HR မန်နေဂျာတစ်ယောက်ဖြစ်နေပြီး HR နှင့်ပတ်သက်သော စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနပြုလုပ်ခြင်းသည် အတွင်းလူအဖြစ်သတ်မှတ်သည်။

အထူးသဖြင့် အဆိုပါ သုတေသနများတွင် သုတေသနပြုသူသည် ၄င်းပြုလုပ်မည့် သုတေသနဆိုင်ရာ အချက်အလက်များ ပြသနာများကို ပြင်ပလူများထက် ပိုမိုသိရှိနားလည်ပြီးဖြစ်သည်။

သို့သော် ဆိုးဝါးလွန်းသော အချက်မှာ သုတေသနပြုသူကိုယ်တိုင် အသိပညာအတွေ့အကြုံကို အခြေခံသော ဘက်လိုက်မှုကို မရည်ရွယ်ဘဲဖြစ်စေ ရည်ရွယ်၍ဖြစ်စေ ပြုလုပ်မိနိုင်သည်။

ထို့ကြောင့် အပြင်လူများကိုသာ သုတေသနပြုလုပ်စေလျှင်လည်း တိကျ၍ ပြည့်စုံသော သုတေသနဖြစ်ရန် မလွယ်ကူပါ။

Rabe က ၂၀၀၃ ခုနှစ်တွင် အပြင်လူနှင့်အတွင်းလူဆိုင်ရာရှုထောင့်အတွက် အချက်သုံးချက်ကို ထောက်ပြဝေဖန်ခဲ့သည်။

ပထမအချက်မှာ power ခေါ် စွမ်းအား(သက်ရောက်မှု)ဖြစ်သည်။ သုတေသနပြုသူသည် သုတေသနတွင် ပါဝင်မည့် ပုဂ္ဂိုလ်များအပေါ်တွင် မည်မျှလွမ်းမိုးမှုရှိမည်ကို ကြိုတင်စဉ်းစားသိရှိထားသင့်သည်။

ဒုတိယအချက်မှာ Knowledge ခေါ် ဗဟုသုတဖြစ်သည်။ အထူးသဖြင့် အတွင်းလူများသည် အပြင်လူများထက် ၄င်းတို့ပြုလုပ်မည့်သုတေသနများတွင် ပိုမိုနားလည်သဘောပေါက်လေ့ရှိသည်။

တတိယအချက်မှာ anthropology ခေါ်  လူမှုသဘာဝဗေဒ ဖြစ်သည်။ လူမှုသဘာဝဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြုလုပ်ရာတွင် သုတေသနပြုသူများအနေဖြင့် ၄င်းတို့သုတေသနပြုလုပ်မည့် ဦးတည်အုပ်စု၏ ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်း အစရှိသော ကိစ္စများကို သိရှိနားလည်ထားသင့်ပါသည်။

သုတေသနပြုလုပ်ခြင်းဆိုင်ရာ အခြေခံအဆင့်(၆)ဆင့်

၁။ သုတေသနဆိုင်ရာ ကဏ္ဍရှာဖွေခြင်း

၂။သုတေသနဆိုင်ရာ စာအုပ်စာတမ်းများအား ဖတ်ရှုလေ့လာခြင်း

၃။မိမိတို့ လိုအပ်သော စာအုပ်စာတမ်းများအား ပြန်လည်စိစစ်ခြင်း

၄။ မိမိတို့ပြုလုပ်လိုသော သုတေသနအတွက် ကြိုတင်ပြင်ဆင်ခြင်း အချက်အလက်များစုဆောင်းခြင်း

၅။မိမိတို့ ပြုလုပ်သော သုတေသနဆိုင်ရာ အချက်အလက်များအား စိစစ်ခွဲခြမ်းစိတ်ဖြာခြင်း

၆။ ပြန်လည်စိစစ်ပြီး စာအုပ်စာတမ်းများပါ အချက်အလက်များအား ပြုပြင်တည်းဖြတ်ရေးသားခြင်း

၁။ သုတေသနဆိုင်ရာ ကဏ္ဍရှာဖွေခြင်း

သုတေသနဆိုင်ရာ ခေါင်းစဉ်နှင့်အခန်းကဏ္ဍများကို ရှာဖွေရာတွင် လိုအပ်သော စာအုပ်စာတမ်းများအားရှာဖွေခြင်း၊ မိမိ၏ ပါမောက္ခအား မေးမြန်းခြင်း၊ မိမိ၏ လုပ်ဖော်ကိုင်ဘက်များအား မေးမြန်းခြင်းတို့ ပြုလုပ်သင့်သည်။

၂။သုတေသနဆိုင်ရာ စာအုပ်စာတမ်းများအား ဖတ်ရှုလေ့လာခြင်း

မိမိတို့၏ သုတေသနဆိုင်ရာကိုးကားအချက်အလက်များအတွက် ပညာရပ်ဆိုင်ရာစာတမ်းများ၊သုတေသနဂျာနယ်များ၊စာအုပ်များနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများ၏ အင်တာနက်စာမျက်နာများကို မှီငြမ်းကိုးကားရမည်။

၃။မိမိတို့ လိုအပ်သော စာအုပ်စာတမ်းများအား ပြန်လည်စိစစ်ခြင်း

မိမိတို့ဖတ်ရှုလေ့လာမှီငြမ်းမည့်စာအုပ်စာတမ်းများ၏ ခေါင်းစဉ်များ၊မှီငြမ်းကိုးကားမှုများ၊သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာအခြားစာအုပ်စာတမ်းများအား ပြန်လည်စိစစ်ရမည်။

၄။ မိမိတို့ပြုလုပ်လိုသော သုတေသနအတွက် ကြိုတင်ပြင်ဆင်ခြင်း အချက်အလက်များစုဆောင်းခြင်း

မိမိတို့၏ သုတေသနအား မည်သို့ပြုလုပ်မည်ကို ကြိုတင်စဉ်းစားရမည်။ ခွင့်ပြုချက်ရရန်ကြိုးစားရမည်။ကျင့်ဝတ်ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်ညီရန် ဆောင်ရွက်ရမည်။အချက်အလက်များ စုဆောင်းရမည်။

၅။မိမိတို့ ပြုလုပ်သော သုတေသနဆိုင်ရာ အချက်အလက်များအား စိစစ်ခွဲခြမ်းစိတ်ဖြာခြင်း

မိမိတို့၏ ခွဲခြမ်းစိတ်ဖြာလေ့လာမှုအား အသေးစိတ်ပြန်လည်စစ်ဆေးရမည်။ထို့ပြင် မိမိတို့အသုံးပြုမည့် မှီငြမ်းကိုးကားသည့် စာအုပ်စာတမ်းများကို ပြန်လည်စိစစ်ရမည်။

၆။ ပြန်လည်စိစစ်ပြီး စာအုပ်စာတမ်းများပါ အချက်အလက်များအား ပြုပြင်တည်းဖြတ်ရေးသားခြင်း

သုတေသနစာတမ်းများကိုရေးသားရာတွင် ကူးယူဖော်ပြခြင်းထက် မိမိတို့၏ အမြင်၊အသိ များကိုဖြည့်စွက်ပြီး ပြန်လည်ရေးသားရမည်။တည်းဖြတ်ရမည်။ အပြီးသတ် ထင်မြင်ချက်များ၊အကြံဉာဏ်များဖြည့်စွက်ပြီးနောက် အချောသပ်ရမည်။

ဒေါက်တာနေဝင်းအောင်


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

EHEALTH ArchitectureEHEALTH Architecture

#eHealth#Architecture     အရင်အပတ်တွေက eHealth Model တွေအကြောင်းကို အကြမ်းဖျဉ်းရေးခဲ့ပါတယ်။ ကျန်တဲ့ model တွေကို ဆက်မရေးတော့ပါဘူး။ အားလုံးပဲ မိမိတို့ စိတ်ဝင်စားရင် ရှာဖတ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော့်ထံ email ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။အခု ဆက်ပြီးရေးသားချင်တာက eHealth Architecture တွေပဲဖြစ်ပါတယ်။ Architecture တွေအကြောင်းကို မပြောခင် ဘာကြောင့် Architecture တွေက အရေးကြီးသလဲ

Contract SystemContract System

Contract System သို့မဟုတ် ကန်ထရိုက်စနစ်အစိုးရဆေးရုံတွေကို ပုဂ္ဂလိကနဲ့ စာချုပ်ချုပ်ပြီး ပူးပေါင်းလည်ပတ်တဲ့နည်းကို ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေ ခေါ်တာက “Contracting” လို့ခေါ်ပါတယ်။ ဆိုလိုတာက ဆေးရုံရဲ့ ပိုင်ဆိုင်မှုက အစိုးရလက်ထဲမှာပဲ ဆက်ရှိနေမယ်၊ ဒါပေမဲ့ နေ့စဉ်လည်ပတ်မှု၊ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုတချို့ ဒါမှမဟုတ် အကုန်လုံးကို ပုဂ္ဂလိကကုမ္ပဏီကို စာချုပ်နဲ့ အပ်လိုက်တာပါ။ ဒီနည်းက နှစ်ပေါင်း ၄၀-၅၀ လောက်ကတည်းက ကမ္ဘာမှာ

Stratified Random SamplingStratified Random Sampling

Stratified Random Sampling အကြောင်း Stratified Random Sampling ဆိုတာက လူဦးရေအုပ်စုကြီးတစ်ခုကို လေ့လာတဲ့အခါမှာ အုပ်စုတစ်ခုလုံး(population)ရဲ့ ပုံစံကိုဖမ်းယူနိုင်ဖို့အတွက် အသုံးပြုတဲ့ နည်းလမ်းတစ်ခုပါ။ ဥပမာ- ကျောင်းတစ်ကျောင်းမှာ ကျောင်းသားဦးရေအများကြီးရှိတယ်ဆိုပါစို့။ အဲဒီကျောင်းက ကျောင်းသားတွေရဲ့ ပျမ်းမျှရမှတ်ကို သိချင်တယ်ဆိုရင် ကျောင်းသားအားလုံးကို မေးမြန်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် Stratified Random Sampling ကိုသုံးပြီး အဲဒီကျောင်းသားအုပ်စုကြီးကို