naywinaung blog,research သုတေသနစာတမ်းများ ပြုစုရာတွင် မရှိမဖြစ်လိုအပ်သော အဆင့် (၁၁) ဆင့်

သုတေသနစာတမ်းများ ပြုစုရာတွင် မရှိမဖြစ်လိုအပ်သော အဆင့် (၁၁) ဆင့်

သုတေသနစာတမ်းများ ပြုစုရာတွင် မရှိမဖြစ်လိုအပ်သော အဆင့် (၁၁) ဆင့်

  1. Collect review of literature/Situation Analysis
  2. Identify and prioritize health problems
  3. Decide aims & objectives
  4. Planning Methodology including study design
  5. Execution
  6. Compilation, Classification & Presentation of data
  7. Analysis
  8. Test of Significance/Test of Hypothesis
  9. Inferences
  10. Report Writing
  11. Dissemination of Report

၁။ လိုအပ်သော စာပေများ၊ ကျမ်းကိုးများနှင့် လက်ရှိအခြေကိုသုံးသပ်ခြင်းများ ပြုလုပ်ခြင်း
၂။ ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ ဉီးစားပေး ရွေးချယ်ရမည့် ပြဿနာများကို ရှာဖွေစမ်းစစ်ခြင်း
၃။ ရည်မှန်းချက်၊ရည်ရွယ်ချက်များကို သတ်မှတ်ခြင်း
၄။ လေ့လာမှုဆိုင်ရာ ဒီဇိုင်းပုံစံကို စီမံဆောင်ရွက်ခြင်း
၅။ လုပ်ကိုင်ဆောင်ရွက်မည့်ကိစ္စများကို အဆင့်လိုက်ရွေးချယ်သတ်မှတ်ခြင်း
၆။ မိမိကောက်ယူရရှိသော အချက်အလက်များကို ပြည့်စုံအောင်ဆောင်ရွက်ခြင်း၊ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းနှင့် သက်သေပြခြင်း
၇။ ခွဲခြမ်းစိတ်ဖြာစမ်းစစ်ခြင်း
၈။ မိမိမျှော်မှန်းထားသော ရလာဒ်အတွက် ခိုင်မာသော သက်သေပြမှုရ/မရ သုံးသပ်ခြင်း
၉။ ကောက်ချက်ချခြင်း
၁၀။ စာတမ်းရေးသားခြင်းနှင့်
၁၁။ အဆိုပါစာတမ်းအား ဖြန့်ဝေခြင်းတို့ဖြစ်ပါသည်။

ကပ်ရောဂါဆိုင်ရာ လေ့လာစမ်းစစ်မှုပုံစံများ
အဓိကအားဖြင့်
(၁) စောင့်ကြည့်လေ့လာသော လေ့လာစမ်းစစ်မှု( Observational Study)နှင့်
(၂) စမ်းသပ်စစ်ဆေးခြင်းဖြင့် လေ့လာစမ်းစစ်မှု ( Experimental Study) ဟု အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။
(၁) စောင့်ကြည့်လေ့လာသော လေ့လာစမ်းစစ်မှုတွင်
(က) ဖော်ညွှန်းသုတေသန( Descriptive Studies)
(ခ) သုံးသပ်စစ်ဆေးဖော်ပြသောသုတေသန (Analytic Studies) တို့ပါဝင်ပါတယ်။
ဖော်ညွှန်းသုတေသန အမျိုးအစားများတွင်
(၁) အဖြစ်အပျက်များအား မှတ်တမ်း Case Reports
(၂) အဖြစ်အပျက်များအား စဉ်ဆက်မပြတ်လေ့လာခြင်း Case Series
(၃) ပြည်သူလူထုအား လေ့လာခြင်း ( Population Studies) တို့ပါဝင်ပါသည်။
သုံးသပ်စစ်ဆေးဖော်ပြသော သုတေသနအမျိုးအစားများတွင်
(၁) Cross Sectional ( အချိန်ကာလတစ်ခုတွင် ဖြတ်တောက်ကြည့်ရှုလေ့လာခြင်း)
(၂) Case Control ( ရှာဖွေရရှိသော ဖြစ်ရပ်တစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခု ဖြစ်ပွားမှုနှင့် မဖြစ်ပွားသော လူအုပ်စုဟု ခွဲခြားသတ်မှတ် လေ့လာခြင်း)
(၃) Cohort ( ဖြစ်ရပ်တစ်ခု သို့မဟုတ် အခြေအနေတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခု မဖြစ်ပွားမှီ ကာလမှသည် အကြောင်းအရာတစ်ခု သို့မဟုတ် ဖြစ်ရပ်တစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခု ဖြစ်ပွားသည် အထိ စောင့်ကြည့်လေ့လာခြင်း တို့ပါဝင်ပါသည်။
သို့သော် အဓိကအလေးထားရမည်မှာ အဆိုပါ လေ့လာမှုများတွင် သုတေသီမှ သဘာဝဖြစ်စဉ်အပေါ် ဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် တားဆီးကာကွယ်ခြင်းတို့ကို ပြုလုပ်ခြင်းမရှိပါ။

(၂) စမ်းသပ်စစ်ဆေးခြင်းနည်းဖြင့် လေ့လာခြင်းတွင်
(က) မူလသတ်မှတ်ချက်အတိုင်း ကန့်သတ်ထားမှုအပေါ်တွင် မူတည်သော Randomize control trial/ Non Randomize Control trial
(ခ) သုတေသနလုပ်ငန်းစဉ်တွင် အဂတိတရားကင်းစေရန် စီစဉ်ထားသော Single blind/ Double blind
(ဂ) သုတေသန လုပ်ငန်းစဉ်ပေါ်တွင် မူတည်သော Simple / Cross over
(ဃ) နေရာဒေသ (သုတေသနပြုလုပ်ရာတွင် အဓိကဦးတည်သော ရပ်ဝန်း) ပေါ်တွင်မူတည်သော Field/ Clinical / Lab Study တို့ပါဝင်ပါသည်။

ဒေါက်တာနေ


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Relative Risk၊ Odds Ratio နဲ့ Attributable RiskRelative Risk၊ Odds Ratio နဲ့ Attributable Risk

Relative Risk၊ Odds Ratio နဲ့ Attributable Risk ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြည့်ချင်ပါတယ်။ ဒါတွေက ဆေးသုတေသနမှာ အသုံးများတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်တွက်ချက်တဲ့ နည်းလမ်းတွေပါ။ ရိုးရှင်းအောင် ပြောရရင် တစ်ခုခုကြောင့် ရောဂါဖြစ်နိုင်ခြေကို ဘယ်လိုတိုင်းတာမလဲဆိုတာပါပဲ။  ၁. Relative Risk (RR) – အန္တရာယ်နှိုင်းယှဉ်ချက် Relative Risk ဆိုတာ

Resilient , Renovation and Reactivation of hospital after disasterResilient , Renovation and Reactivation of hospital after disaster

Resilient , Renovation and Reactivation of hospital after disaster ဒီအကြောင်းအရာဟာ ဆေးရုံတွေကို ဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် ပြန်လည်တည်ဆောက်တာ၊ ပြုပြင်တာနဲ့ ပြန်လည်လှုပ်ရှားတာဖြစ်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေ၊ သီအိုရီတွေအပေါ် အခြေခံပြီး ရိုးရိုးရှင်းရှင်းပဲ ရှင်းပြချင်ပါတယ်။Resilience (ခိုင်ခံ့မှု)ပထမဆုံးအနေနဲ့ Resilience (ခိုင်ခံ့မှု) အကြောင်း ပြန်ကြည့်ရအောင်။ ဒါက

Cluster SamplingCluster Sampling

Cluster SamplingCluster Sampling ဆိုတာ လူအုပ်စုအကြီးကြီးကို လေ့လာချင်တဲ့အခါ သုံးတဲ့နည်းဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေကို တစ်ယောက်ချင်းစီ မရွေးထုတ်ဘဲ အုပ်စုလိုက် ရွေးထုတ်တာကို Cluster Sampling လို့ခေါ်ပါတယ်။ အဲ့ဒီမှာ Cluster ဆိုတာက သဘာဝအလျောက် ဖြစ်နေတဲ့ အုပ်စုတွေကို ပြောတာ။ ဥပမာ… ကျောင်းတွေဆို အတန်းတွေက Cluster တွေပါပဲ။ ရွာတွေဆိုရင် အိမ်ထောင်စုတွေက