naywinaung blog,research သုတေသနအမျိုးအစားများ

သုတေသနအမျိုးအစားများ

သုတေသနစာတမ်းများကို အမျိုးအစားခွဲခြားရာတွင် အမျိုးမျိုးခွဲခြားကြသော်လည်း အောက်ပါ အမျိုးအစားများမှာ အသုံးများသော သုတေသနအမျိုးအစားများ ဖြစ်ကြပါတယ်။
1.APPLIED RESEARCH ( အသုံးချ သုတေသန)
2.BASIC RESEARCH (အခြေခံသုတေသန)
3.CORRELATIONAL RESEARCH(ဆက်နွယ်ပတ်သက်မှုဆိုင်ရာ သုတေသန)
4.DESCRIPTIVE RESEARCH( ဖော်ညွှန်းပြ သုတေသန)
5.ETHNOGRAPHIC RESEARCH( ရှေးဟောင်းယဉ်ကျေးမှုသုတေသန)
6.EXPERIMENTAL RESEARCH( စမ်းသပ်စစ်ဆေးခြင်းသုတေသန)
7.EXPLORATORY RESEARCH (ရေနံဓာတ်ငွေ့ရှာဖွေရေးသုတေသန)
8.GROUNDED THEORY RESEARCH( မြေပြင်သုတေသန)
9.HISTORICAL RESEARCH(သမိုင်းသုတေသန)
10.PHENOMENOLOGICAL RESEARCH(ဖြစ်စဉ်သုတေသနပြုမှု)
11.QUALITATIVE RESEARCH( အရည်အသွေးသုတေသန)
12.QUANTITATIVE RESEARCH ( အရည်အတွက်ဖြင့်တွက်ချက်သော သုတေသန) တို့သည် အသုံးများသော သုတေသနလုပ်ငန်းများ ဖြစ်ကြပါတယ်။
အသုံးချသုတေသန
အသုံးချသုတေသနဆိုသည်မှာ လက်တွေ့တွင် တွေ့ရှိရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် အဖြေရှာဖွေသော သုတေသနလုပ်ငန်းများဖြစ်ကြသည်။ အဆိုပါ သုတေသန လုပ်ငန်းများသည် အသိပညာကို အခြေခံသည်ထက် လက်တွေ့မြေပြင်တွင် အသုံးချနိုင်ရန် ပိုမိုဦးစားပေးကြပါသည်။
ဉပမာအားဖြင့် သီးနှံများအထွက်တိုးရေး၊ ရောဂါများကို ကုသရေးဆိုင်ရာ သုတေသနတို့ ဖြစ်ကြသည်။
အခြေခံသုတေသန
ထိုသုတေသနအမျိုးအစားများကို သိပ္ပံပညာရပ်နယ်ပယ်တွင် အသုံးများပြီး အသိပညာဆိုင်ရာ ကိစ္စရပ်များ၊ သိပ္ပံပညာဆိုင်ရာ အခက်အခဲ မေးခွန်းများကို အဖြေထုတ်နိုင်ရန် ရည်ရွယ်ကြပါသည်။ ဉပမာအားဖြင့် စကြာဝဠာကြီးမည်သို့ဖြစ်လာသလဲ။
ဆက်နွယ်ပတ်သက်မှုဆိုင်ရာ သုတေသန
အကျိုးနှင့်အကြောင်းတရားဆက်စပ်မှုကို ဖော်ထုတ်ခြင်းထက် ကွဲပြားခြားနားသော variable ( ပြောင်းလဲမှုတစ်ခုနှင့်တစ်ခု) အကြားဆက်နွယ်ပတ်သက်မှုများကို ဦးတည်စဉ်းစားသော သုတေသနများဖြစ်သည်။ ဉပမာအားဖြင့် ဂီတနားထောင်ခြင်းသည် သွေးပေါင်ကျစေသည် ဆိုသော သုတေသနမျိူးဖြစ်သည်။
ဖော်ညွှန်းပြသုတေသန
အဆိုပါ သုတေသနများမှာ အဓိကအားဖြင့် လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ၊ အခြေအနေတစ်ရပ်ရပ်ကိုဖြစ်စေ၊ တည်ရှိမှု၊ ကြိမ်နုန်း၊တွေ့ရှိချက်နှင့် အမျိုးအစားများ အဖြစ်ဖော်ပြခြင်းဖြစ်သည်။ဉပမာအားဖြင့် ဖော်ပြပါမြို့တွင် ကလေးသူငယ်များ၌ အဖြစ်များသော ရောဂါများ အရေအတွက်နှင့် ပမာဏ
ရှေးဟောင်းယဉ်ကျေးမှုသုတေသန
အဆိုပါသုတေသနအမျိုးအစားများသည် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များတွင် ထဲထဲဝင်ဝင်လေ့လာစူးစမ်းခြင်းဖြစ်သည်။
ထိုအထဲတွင် စနစ်တကျ စာရင်းပြုစုခြင်း၊ ဖော်ပြခြင်း နှင့် လေ့လာသုံးသပ်ခြင်းတို့ပါဝင်ပါသည်။
စမ်းသပ်စစ်ဆေးခြင်းသုတေသန
အဆိုပါ သုတေသနလုပ်ငန်းစဉ်သည် စနစ်တကျ လေ့လာခြင်း၊ ထိမ်းချုပ်ကိုင်တွယ်ခြင်း၊ကြိုတင်မျှော်မှန်းခြင်းနှင့် ဖြစ်နိုင်ခြေများနှင့် အကျိုးဖြစ်စေသော အကြောင်းတရားများကို လေ့လာခြင်းတို့ပါဝင်ပါသည်။ ဦးတည်အုပ်စုနှင့် အရင်းခံအုပ်စုတို့ကို ခွဲခြားပြီး သိသာသော ပြောင်းလဲမှုများကို လေ့လာရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။

အမျိုးမျိုးသော သုတေသနပြုလုပ်ခြင်းမျိုးစုံရှိသော်လည်း အသုံးများသည့် အရေအတွက်ကို အဓိကအားပြုသော သုတေသနနှင့် အရည်အချင်းကို အဓိကအားပြုသော သုတေသနတို့ကို ကျော်ပြီး သွားပါမယ်။
အရည်အတွက်ကိုအဓိကထားစဉ်းစားသော သုတေသန
အဆိုပါ သုတေသနအမျိုးအစားများသည် အကြောင်းအရာ အဖြစ်အပျက်အမျိုးမျိုးကိုသော်လည်းကောင်း အတိုင်းအတာမျိုးစုံကိုသော်လည်းကောင်း ကိန်းဂဏန်းသင်္ချာ အဖြစ်အသွင်ပြောင်းပြီး ရေတွက်ပြီး စာရင်းအင်းဆိုင်ရာ တွက်ချက်မှုများ ကွန်ပြူတာတွက်ချက်မှုများဖြင့် အဖြေရှာသော သုတေသနလုပ်ငန်းဖြစ်ပါသည်။
အရည်အချင်းကို အဓိကထားစဉ်းစာသော သုတေသန
အချို့သော အဖြစ်အပျက်များ စိတ်ခံစားမှုများနှင့် အကြောင်းအရာများမှာ သင်္ချာကိန်းဂဏန်းအဖြစ် အသွင်ပြောင်းရန် မဖြစ်နိုင်ပါ။ ထိုအခါ သုတေသီများသည် မိမိတို့ရင်ဆိုင်နေရသော အခက်အခဲများကို အဖြေရှာဖော်ထုတ်ရန် ထဲထဲဝင်ဝင် နိုက်နိုက်ချွတ်ချွတ် မေးမြန်းခြင်းနည်းဖြင့် ကြိုးပမ်းခဲ့ကြပါတယ်။ အဆိုပါ သုတေသနလုပ်ငန်းစဉ်များသည် လတ်တလော အသုံးများသော သုတေသနဆိုင်ရာ လုပ်ငန်းလည်းဖြစ်ပါတယ်။
နောင်တွင် သုတေသန လုပ်ငန်းများလုပ်ကိုင်နည်းများကို ဆက်လက်ရေးသားပေးပါမည်။ ဘာသာပြန်လွဲမှားခြင်းနှင့် မပြည့်စုံခြင်းများရှိပါက ကျွန်တော့်ရဲ့ အားနည်းချက်ကြောင့်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

eHealth (Lili model)eHealth (Lili model)

#Ehealth#Lily_Modelမနေ့က 5Cs model ကိုရေးပြခဲ့ပြီးပါပြီဒီနေ့ပြောပြချင်တာက နာမည်ကြီး Lily Model ဖြစ်ပါတယ်။ ehealthရဲ့ ကနဦးခေါင်းဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ Norman က ehealth ဆိုတာ ဘာလဲလို့ရှင်းပြတဲ့အခါမှာ Lily model ကို အသုံးပြုခဲ့ပါတယ်။အဲ့ဒီ Lily Model မှာ အဓိက ပွင့်ချပ်ခြောက်ခု သို့မဟုတ် essential components ခြောက်ခုပါဝင်ပါတယ်။အဲ့ဒါတွေကတော့၁။ traditional

ဒေတာအမျိုးအစားများဒေတာအမျိုးအစားများ

ဒစ်ဂျစ်တယ်ကမ္ဘာထဲက ဒေတာအမျိုးအစားတွေအကြောင်း မြန်မာရနံ့ လေးစွက်ပြီး ပွားကြည့်ရအောင်။ ကိန်းပြည့်(integer) ဆိုတာ ဘုန်းကြီးကျောင်းက ပုတီးစေ့တွေလိုပါပဲ၊ တစ်လုံးခြင်း ရေတွက်ကြပါတယ်။ ၁၊ ၄၂၊ ၁၀၀၀ လို ကိန်းတွေပေါ့။ ကွဲအက်တာမရှိ၊ ပိုင်းဖြတ်လို့မရဘူး။ ရွှေတိဂုံဘုရားမှာ ဖယောင်းတိုင်ဘယ်နတိုင် မီးထွန်းမလဲ ရေတွက်တဲ့အခါ ဒီလိုကိန်းပြည့်တွေကို သုံးရပါတယ်။ ပြီးတော့ ဒဿမကိန်း (float) ဆိုတာကတော့ ဧရာဝတီမြစ်ရေလို စီးလျက်ရှိတယ်။

Health Financing အကြောင်း အမြည်းHealth Financing အကြောင်း အမြည်း

Health Financing အကြောင်း အမြည်း ကျန်းမာရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုတာ ဘာလဲ? World Health Organization (WHO) ရဲ့ အဆိုအရ ကျန်းမာရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုတာ ကျန်းမာရေးစနစ်တွေရဲ့ အဓိကလုပ်ငန်းဆောင်တာ (core function) တစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းဆောင်တာက ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲမရှိဘဲ လိုအပ်တဲ့ အရည်အသွေးမီ ကျန်းမာရေးဝန်ဆောင်မှုတွေကို လူတိုင်း ရရှိနိုင်အောင် (universal