naywinaung blog,research သုတေသနအမျိုးအစားများ

သုတေသနအမျိုးအစားများ

သုတေသနစာတမ်းများကို အမျိုးအစားခွဲခြားရာတွင် အမျိုးမျိုးခွဲခြားကြသော်လည်း အောက်ပါ အမျိုးအစားများမှာ အသုံးများသော သုတေသနအမျိုးအစားများ ဖြစ်ကြပါတယ်။
1.APPLIED RESEARCH ( အသုံးချ သုတေသန)
2.BASIC RESEARCH (အခြေခံသုတေသန)
3.CORRELATIONAL RESEARCH(ဆက်နွယ်ပတ်သက်မှုဆိုင်ရာ သုတေသန)
4.DESCRIPTIVE RESEARCH( ဖော်ညွှန်းပြ သုတေသန)
5.ETHNOGRAPHIC RESEARCH( ရှေးဟောင်းယဉ်ကျေးမှုသုတေသန)
6.EXPERIMENTAL RESEARCH( စမ်းသပ်စစ်ဆေးခြင်းသုတေသန)
7.EXPLORATORY RESEARCH (ရေနံဓာတ်ငွေ့ရှာဖွေရေးသုတေသန)
8.GROUNDED THEORY RESEARCH( မြေပြင်သုတေသန)
9.HISTORICAL RESEARCH(သမိုင်းသုတေသန)
10.PHENOMENOLOGICAL RESEARCH(ဖြစ်စဉ်သုတေသနပြုမှု)
11.QUALITATIVE RESEARCH( အရည်အသွေးသုတေသန)
12.QUANTITATIVE RESEARCH ( အရည်အတွက်ဖြင့်တွက်ချက်သော သုတေသန) တို့သည် အသုံးများသော သုတေသနလုပ်ငန်းများ ဖြစ်ကြပါတယ်။
အသုံးချသုတေသန
အသုံးချသုတေသနဆိုသည်မှာ လက်တွေ့တွင် တွေ့ရှိရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် အဖြေရှာဖွေသော သုတေသနလုပ်ငန်းများဖြစ်ကြသည်။ အဆိုပါ သုတေသန လုပ်ငန်းများသည် အသိပညာကို အခြေခံသည်ထက် လက်တွေ့မြေပြင်တွင် အသုံးချနိုင်ရန် ပိုမိုဦးစားပေးကြပါသည်။
ဉပမာအားဖြင့် သီးနှံများအထွက်တိုးရေး၊ ရောဂါများကို ကုသရေးဆိုင်ရာ သုတေသနတို့ ဖြစ်ကြသည်။
အခြေခံသုတေသန
ထိုသုတေသနအမျိုးအစားများကို သိပ္ပံပညာရပ်နယ်ပယ်တွင် အသုံးများပြီး အသိပညာဆိုင်ရာ ကိစ္စရပ်များ၊ သိပ္ပံပညာဆိုင်ရာ အခက်အခဲ မေးခွန်းများကို အဖြေထုတ်နိုင်ရန် ရည်ရွယ်ကြပါသည်။ ဉပမာအားဖြင့် စကြာဝဠာကြီးမည်သို့ဖြစ်လာသလဲ။
ဆက်နွယ်ပတ်သက်မှုဆိုင်ရာ သုတေသန
အကျိုးနှင့်အကြောင်းတရားဆက်စပ်မှုကို ဖော်ထုတ်ခြင်းထက် ကွဲပြားခြားနားသော variable ( ပြောင်းလဲမှုတစ်ခုနှင့်တစ်ခု) အကြားဆက်နွယ်ပတ်သက်မှုများကို ဦးတည်စဉ်းစားသော သုတေသနများဖြစ်သည်။ ဉပမာအားဖြင့် ဂီတနားထောင်ခြင်းသည် သွေးပေါင်ကျစေသည် ဆိုသော သုတေသနမျိူးဖြစ်သည်။
ဖော်ညွှန်းပြသုတေသန
အဆိုပါ သုတေသနများမှာ အဓိကအားဖြင့် လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ၊ အခြေအနေတစ်ရပ်ရပ်ကိုဖြစ်စေ၊ တည်ရှိမှု၊ ကြိမ်နုန်း၊တွေ့ရှိချက်နှင့် အမျိုးအစားများ အဖြစ်ဖော်ပြခြင်းဖြစ်သည်။ဉပမာအားဖြင့် ဖော်ပြပါမြို့တွင် ကလေးသူငယ်များ၌ အဖြစ်များသော ရောဂါများ အရေအတွက်နှင့် ပမာဏ
ရှေးဟောင်းယဉ်ကျေးမှုသုတေသန
အဆိုပါသုတေသနအမျိုးအစားများသည် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များတွင် ထဲထဲဝင်ဝင်လေ့လာစူးစမ်းခြင်းဖြစ်သည်။
ထိုအထဲတွင် စနစ်တကျ စာရင်းပြုစုခြင်း၊ ဖော်ပြခြင်း နှင့် လေ့လာသုံးသပ်ခြင်းတို့ပါဝင်ပါသည်။
စမ်းသပ်စစ်ဆေးခြင်းသုတေသန
အဆိုပါ သုတေသနလုပ်ငန်းစဉ်သည် စနစ်တကျ လေ့လာခြင်း၊ ထိမ်းချုပ်ကိုင်တွယ်ခြင်း၊ကြိုတင်မျှော်မှန်းခြင်းနှင့် ဖြစ်နိုင်ခြေများနှင့် အကျိုးဖြစ်စေသော အကြောင်းတရားများကို လေ့လာခြင်းတို့ပါဝင်ပါသည်။ ဦးတည်အုပ်စုနှင့် အရင်းခံအုပ်စုတို့ကို ခွဲခြားပြီး သိသာသော ပြောင်းလဲမှုများကို လေ့လာရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။

အမျိုးမျိုးသော သုတေသနပြုလုပ်ခြင်းမျိုးစုံရှိသော်လည်း အသုံးများသည့် အရေအတွက်ကို အဓိကအားပြုသော သုတေသနနှင့် အရည်အချင်းကို အဓိကအားပြုသော သုတေသနတို့ကို ကျော်ပြီး သွားပါမယ်။
အရည်အတွက်ကိုအဓိကထားစဉ်းစားသော သုတေသန
အဆိုပါ သုတေသနအမျိုးအစားများသည် အကြောင်းအရာ အဖြစ်အပျက်အမျိုးမျိုးကိုသော်လည်းကောင်း အတိုင်းအတာမျိုးစုံကိုသော်လည်းကောင်း ကိန်းဂဏန်းသင်္ချာ အဖြစ်အသွင်ပြောင်းပြီး ရေတွက်ပြီး စာရင်းအင်းဆိုင်ရာ တွက်ချက်မှုများ ကွန်ပြူတာတွက်ချက်မှုများဖြင့် အဖြေရှာသော သုတေသနလုပ်ငန်းဖြစ်ပါသည်။
အရည်အချင်းကို အဓိကထားစဉ်းစာသော သုတေသန
အချို့သော အဖြစ်အပျက်များ စိတ်ခံစားမှုများနှင့် အကြောင်းအရာများမှာ သင်္ချာကိန်းဂဏန်းအဖြစ် အသွင်ပြောင်းရန် မဖြစ်နိုင်ပါ။ ထိုအခါ သုတေသီများသည် မိမိတို့ရင်ဆိုင်နေရသော အခက်အခဲများကို အဖြေရှာဖော်ထုတ်ရန် ထဲထဲဝင်ဝင် နိုက်နိုက်ချွတ်ချွတ် မေးမြန်းခြင်းနည်းဖြင့် ကြိုးပမ်းခဲ့ကြပါတယ်။ အဆိုပါ သုတေသနလုပ်ငန်းစဉ်များသည် လတ်တလော အသုံးများသော သုတေသနဆိုင်ရာ လုပ်ငန်းလည်းဖြစ်ပါတယ်။
နောင်တွင် သုတေသန လုပ်ငန်းများလုပ်ကိုင်နည်းများကို ဆက်လက်ရေးသားပေးပါမည်။ ဘာသာပြန်လွဲမှားခြင်းနှင့် မပြည့်စုံခြင်းများရှိပါက ကျွန်တော့်ရဲ့ အားနည်းချက်ကြောင့်ဖြစ်ပါတယ်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Quota SamplingQuota Sampling

Quota Sampling ဆိုတာက Population ရဲ့ အချိုးအစားအတိုင်း Sample ကို ရွေးချယ်တဲ့ နည်းလမ်းဖြစ်ပါတယ်။  မြို့တစ်မြို့က လူတွေရဲ့ အမြင်တွေကို စစ်တမ်းကောက်ချင်တယ်ဆိုရင် အဲ့ဒီမြို့မှာ အမျိုးသား ဘယ်နှစ်ယောက်ရှိလဲ၊ အမျိုးသမီး ဘယ်နှစ်ယောက်ရှိလဲ၊ အသက်အရွယ် ဘယ်လောက်ရှိတဲ့သူတွေ ဘယ်လောက်ရှိလဲဆိုတာကို သိထားရပါမယ်။ ပြီးတော့ Sample ထဲမှာလည်း အဲ့ဒီအချိုးအစားအတိုင်း လူတွေကို ထည့်ရပါမယ်။ အဲ့ဒါ

Grounded Theory ResearchGrounded Theory Research

Grounded Theory Research ဆိုတာ လူမှုဗေဒနဲ့ သုတေသနလောကမှာ အသုံးများတဲ့ Qualitative Research (အရည်အသွေးအခြေပြု သုတေသန) နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ရိုးရိုးသုတေသနတွေက ရှိပြီးသား Theory (သီအိုရီ) တစ်ခုကို အမှန် ဟုတ်၊ မဟုတ် စမ်းသပ်တာမျိုးဖြစ်ပေမဲ့ Grounded Theory ကတော့ “အချက်အလက်တွေကနေတစ်ဆင့် သီအိုရီအသစ်တစ်ခုကို အောက်ခြေကနေ စတင်တည်ဆောက်တာ” ဖြစ်ပါတယ်။Grounded Theory

Chapter 4 မှာ ဘာတွေရေးရမလဲChapter 4 မှာ ဘာတွေရေးရမလဲ

Chapter 4 ဆိုတာ သုတေသနကနေ ရလာတဲ့ အချက်အလက်တွေကို ဇာတ်လမ်းပြောသလို ပြန်ပြောပြတဲ့ အခန်းဖြစ်ပါတယ်။ ဘာတွေတွေ့ခဲ့လဲ၊ အဲဒီတွေ့ရှိချက်တွေက ဘာကိုဆိုလိုလဲဆိုတာကို ရှင်းပြရမှာပါ။ ဒီအခန်းက သိပ်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သုတေသနကနေ ဘာတွေ သင်ယူခဲ့ရလဲဆိုတာကို တခြားသူတွေကို သိစေနိုင်လို့ပါ။ ၁။ နိဒါန်း (Introduction)ဒီအခန်းက ဘာအကြောင်းလဲဆိုတာကို အရင်ဆုံးပြောပြရပါမယ်။ “ဒီအခန်းမှာ ငါတို့ သုတေသနကရလာတဲ့ ရလဒ်တွေကို