naywinaung Functions and Formulas

Functions and Formulas

ပထမဦးစွာ ဆွေးနွေးလိုတာက Formulas ဆိုတာဘာလဲ???

excel program သည် စာရင်းဇယားများ တွက်ချက်ရန် တည်ဆောက်ထားသော program ဖြစ်သည့်အတွက် သူ့တွင် ready used formulas များပါဝင်ပြီးဖြစ်ပါတယ်။

Formulas များကို အသုံးပြုရာတွင် သုံးမျိုး အသုံးပြုနိုင်ပါသည်။

(၁) cell အတွင်း formula အား တိုက်ရိုက်ထည့်သွင်းခြင်း

(၂) Formula Tab မှတဆင့် ထည့်သွင်းခြင်း

(၃) Formula Group မှတဆင့်ထည့်သွင်းခြင်း

အခြေခံအသုံးများ excel Formulas များ

(၁) SUM 

ကိန်းဂဏန်းများကို ပေါင်းရာတွင် အသုံးပြုသည်။

Excel SUM function

ဉပမာအားဖြင့် 

=SUM(B2:G2) – မိမိရွေးချယ်ထားသော ROW အား ပေါင်းခြင်း

=SUM(A2:A8) – မိမိရွေးချယ်ထားသော Column အားပေါင်းခြင်း

=SUM(A2:A7, A9, A12:A15) – အကယ်၍ မိမိပေါင်းလိုသော ကိန်းဂဏန်းများတွင် A8 Row အားချန်လှပ်ထား၍ ပေါင်းခြင်း

=SUM(A2:A8)/20 – မိမိပေါင်းစပ်ထားသောကိန်းဂဏန်းအား အခြားနည်းလမ်းထပ်မံဖြည့်စွက်ခြင်း

(၃) AVERAGE

မိမိတို့လိုချင်သော ကိန်းဂဏန်းများ၏ ပျှမ်းမျှအားရှာဖွေခြင်း

=AVERAGE(number1, [number2], …)

Excel AVERAGE function

Example:

=AVERAGE(A1:A10) – ROW နံပါတ် A ရှိ cell 1 မှ cell 10 ၏ ပျှမ်းမျှ အားရှာဖွေခြင်း

(၄) COUNT

မိမိတို့ ရွေးချယ်လိုက်သော cell range အတွင်း ဂဏန်းမည်မျှပါသည်ကို တွက်ချက်သည့်အခါတွင် သုံးနိုင်သည်။

Excel formula: Count cells that contain numbers

=COUNT(value1, [value2], …)

COUNT(B:B) – မိမိတို့သည် ROW B တွင် ဂဏန်းပါဝင်သော cell ကွက်မည်မျှ ပါဝင်သည်ကို တွက်ချက်နိုင်သည်။

(၅)  COUNTA

အကယ်၍ မိမိတို့သည် ဂဏန်းဖြစ်စေ အက္ခရာဖြစ်စေ တွက်ချက်လိုသည့်အခါသုံးသည်။

Excel COUNTA function

=COUNTA(value1, [value2], …)

 COUNTA(B:B) – ROW B တွင် cell ကွက်မည်မျှကို ဖြည့်သွင်းထားသည်ကို တွက်ချက်နိုင်သည်။

(၆) IF

မိမိတို့ လိုချင်သော ကိန်းဂဏန်း(သို့မဟုတ်) စာသားများသည် မှန်ကန်မှုရှိ/မရှိကို တွက်ချက်ရာတွင် သုံးသည်။

Excel IF function

=IF(logical_test, [value_if_true], [value_if_false])

=IF(B2>C2, ‘TRUE,’ ‘FALSE’) – 

cell C2 အတွင်းရှိ ဂဏန်းသည် Cell B2 အတွင်းရှိ ဂဏန်းထက် ငယ်ပါသလားဆိုသည့် မေးခွန်းအတွက် သုံးသည်။

(၇) TRIM

TRIM ပြုလုပ်တယ်ဆိုတာ တကယ်တော့ မိမိရွေးချယ်လိုက်တဲ့ cell ကွက်အတွင်းမှာ ရှိတဲ့ မလိုအပ်တဲ့နေရာလွတ်တွေကို ရှင်းထုတ်တာမျိုး ဖြစ်ပါတယ်။

Excel TRIM function

TRIM(A4) – cell A4 မှာရှိတဲ့ မလိုအပ်တဲ့ space တွေကို ရှင်းထုတ်ပေးပါတယ်။

(၈) MAX & MIN

 MAX and MIN functions ဆိုတာကတော့ မိမိတို့ ရွေးချယ်ထားတဲ့ Range အတွင်းမှာရှိတဲ့ ကိန်းဂဏန်းများထဲမှာ ဘယ်ကိန်းဂဏန်းဟာ အများဆုံးလဲ နှင့် အနည်းဆုံးလဲဆိုတာကို အလွယ်တကူ ရွေးချယ်တဲ့အခါ သုံးပါတယ်။

Excel MIN function

Excel MAX function

=MIN(number1, [number2], …)

 =MIN(B2:C11) – Range B2 to C11 အတွင်းမှာရှိတဲ့ အငယ်ဆုံးကိန်းဂဏန်းကို ရှာပါတယ်။ 

=MAX(number1, [number2], …)

=MAX(B2:C11) – Range B2 to C11 အတွင်းမှာရှိတဲ့ အကြီးဆုံးကိန်းဂဏန်းကို ရှာပါတယ်။

 

 


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Convenience SamplingConvenience Sampling

Convenience Sampling ဆိုတာ Non-probability Sampling Technique တစ်ခုဖြစ်ပါတယ်။ လူတွေကို ရွေးချယ်တဲ့အခါမှာ သုတေသီနဲ့ နီးစပ်တဲ့သူတွေ၊ အလွယ်တကူ ရနိုင်တဲ့သူတွေကိုပဲ ရွေးချယ်တာမျိုးပေါ့။ ပြောရရင် သိပ်ပြီးစနစ်တကျ မရှိတဲ့ sampling တစ်ခုပါပဲ။ ဒီနည်းလမ်းကို သုံးမယ်ဆိုရင်… ၁။ ပထမဦးဆုံး လေ့လာချင်တဲ့ Target Population ကို အတိအကျ သတ်မှတ်ရပါမယ်။၂။ ပြီးရင်

Health PolicyHealth Policy

ကျန်းမာရေးပေါ်လစီနဲ့ ပတ်သက်ပြီး Kingdon model နဲ့ Hall model တွေအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ပထမဆုံး ပြောရရင်၊ Kingdom ဆိုတာ John Kingdon ဆိုတဲ့ ပညာရှင်က တီထွင်ခဲ့တဲ့ Multiple Streams Framework လို့ ခေါ်တဲ့ မော်ဒယ်ပါ။ Hall model ကတော့ Hall et al.

Dunning-Kruger EffectDunning-Kruger Effect

Dunning-Kruger EffectDunning-Kruger Effect ဆိုတာက စိတ်ပညာနယ်ပယ်မှာ လူတွေရဲ့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းအကဲဖြတ်မှုနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီ effect ကို စတင်လေ့လာခဲ့တဲ့ David Dunning နဲ့ Justin Kruger တို့ရဲ့ သုတေသနအရ၊ အရည်အချင်းနည်းပါးတဲ့သူတွေဟာ သူတို့ရဲ့ အစွမ်းအစကို လွန်ကဲစွာ အထင်ကြီးတတ်ပြီး၊ အရည်အချင်းမြင့်မားတဲ့သူတွေကတော့ သူတို့ရဲ့ စွမ်းရည်ကို သိပ်မယုံကြည်တတ်ဘူးလို့