naywinaung သုတေသနပြုရန် ဆုံးဖြတ်ချက်ချခြင်း

သုတေသနပြုရန် ဆုံးဖြတ်ချက်ချခြင်း

 

သင့်တော်သာ သုတေသနခေါင်းစဉ်ကိုရွေးချယ်ခြင်းသည် စိတ်ကျေနပ်ဖွယ်ရာလုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်ပါသည်။

အချို့သူများအတွက် ၄င်းတို့စိတ်ဝင်စာသော အကြောင်းအရာ၊ကဏ္ဍများရှိပြီးဖြစ်သဖြင့် ခေါင်းစဉ်ရွေးချယ်ခြင်းသည် အလွန်လွယ္်ကူလေ့ရှိပါသည်။

ဥပမာအားဖြင့် သင်သည် ကုမ္ပဏီများ၏ဖွံ့ဖြိုးတိုးတက်မှုကို အထူးသဖြင့်လေ့လာနေသည်ဆိုပါက သင့်အနေဖြင့် စက်မှုလုပ်ငန်းများတွင် အမျိုးသမီးများ၏ ရာထူးတိုးတက်ရန်အခွင့်အလမ်းနှင့် အမျိုးသားများ၏ ရာထူးတိုးတက်မှုအခွင့်အလမ်းများနှင့်ပတ်သက်သော သုတေသနကို ကောင်းမွန်စွာပြုလုပ်နိုင်မည်ဖြစ်သည်။

အခြားတဖက်မှစဉ်းစားလျှင် အကယ်၍ သင်သည် HR Policy များနှင့်ပတ်သက်သော သုတေသနကို ပြုလုပ်မည်ဆိုပါက သင်၏ အဖွဲ့အစည်း(သို့မဟုတ်)ကုမ္ပဏီမှ အထောက်အပံ့များကိုရရှိနိုင်သည်။

မှတ်ချက်။ ကမအဝ မပါဝင်ပါ။(အဟီး)

အကယ်၍ သင့်အတွက် သုတေသနခေါင်းစဉ်သည် အခက်အခဲဖြစ်နေမည်ဆိုပါက

၁။ သင်စိတ်ဝင်စားသော အတွေးအခေါ်၊အကြောင်းအရာမှ သုတေသနမည်သို့လုပ်မည်နည်း?

၂။မည်သည့်နေရာမှစတင်မည်နည်း။

၃။သင့်ရဲ့လက်ရှိအလုပ်အကိုင်နှင့်ပတ်သက်ပြီး စိတ်ပျက်အားငယ်မှုဖြစ်နေပါသလား။

၄။သင်စိတ်ဝင်စားသော HR ပြသနာကို တိတိကျကျသိရှိပါလားနှင့် တိုးတက်အောင်ပြင်ဆင်နိုင်ပါသလား။

၅။သင် စိတ်ကူးထားသော သုတေသနနှင့်ပတ်သက်၍ လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုများကိုတိုင်ပင်ဆွေးနွေးနိုင်ပါသလား။

အထက်ပါ မေးခွန်းများကို မိမိကိုယ်တိုင်ဖြေဆိုကြည့်ပြီး မပြုလုပ်ရသေးပါက တစ်ခုခြင်းပြန်လည် စဉ်းစားသုံးသပ်ပါ။

သုတေသီသည် မိမိဌာနအတွင်းရှိ အကြောင်းအရာများကို သုတေသနပြုလုပ်လျှင် အတွင်းလူဟု သတ်မှတ်ပါသည်။ ထို့ကြောင့် အသိပညာ၊သတင်းအချက်အလက်နှင့် အခွင့်အလမ်းများကို ပိုမိုရရှိနိုင်ပါသည်။ သို့သော်လည်း နိုင်ငံရေးဆိုင်ရာ (သို့မဟုတ်) လုပ်ငန်းခွင်ဆိုင်ရာ ပြသနာရှိနိုင်သည်ကို သတိပြုရပါမည်။

ဒွိဟဖြစ်စေသောအကြောင်းအရာများ၊ထိခိုက်လွယ်သောအကြောင်းအရာများနှင့်ပတ်သက်၍ သုတေသီအနေဖြင့် အလွန်သတိထားပြီး ဖော်ပြရမည်။

အချို့သော အဖွဲ့အစည်းများနှင့် လုပ်ဖော်ကိုင်ဖက်များသည် သုတေသနလုပ်ငန်းစဉ်ဝင်ပါဝင်ကူညီရန် စိတ်အားထက်သန်သော်လည်း အချို့သော အဖွဲ့အစည်းများနှင့်လုပ်ဖော်ကိုင်ဖက်များကမူ သင်၏ သုတေသနတွင် ပါဝင်ရန်ငြင်းဆန်နိုင်သည်။ ထို့ပြင် အချို့သောသုတေသန လုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာအောင် အခက်အခဲဖြစ်အောင်ပြုလုပ်နိုင်သည်။ သို့အတွက်ကြောင့် အတွင်းလူအနေဖြင့် သုတေသနပြုလုပ်မည်ဆိုလျှင် လုပ်ရကိုင်ရလွယ်ကူခြင်းနှင့် နိုင်ငံရေး(သို့မဟုတ်)လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများကို ကြိုတင်တွေးတောထားရမည်၊ပြင်ဆင်ထားရမည်ဟု Anderson က ၂၀၀၃ ခုနှစ်တွင် အကြံဉာဏ်ပေးခဲ့သည်။

အကယ်၍ သင်သည် HR magazine များမှတဆင့် သုတေသနပြုလုပ်မည်ဆိုလျှင်လည်း သင်စိတ်ဝင်စားသော သုတေသနခေါင်းစဉ်သည် အဆိုပါ မှီငြမ်းကိုးကားများတွင် ပါဝင်ပါသလား။ ထို့ပြင် သင်ဖတ်ရှုမှတ်သားထားသော ခေါင်းစဉ်များကို အမှန်တကယ်စိတ်ပါဝင်စားပါသလား။ အဆိုပါခေါင်းစဉ်များအနက် မည်သည်က သင်၏အဖွဲ့အစည်းနှင့်ကိုက်ညီပါသလဲ။ အဆိုပါခေါင်းစဉ်မှာ သင်ကိုယ်တိုင် သုတေသနပြုလုပ်ရန်လွယ်ကူပါသလား ဆိုသည့်အချက်များကို သုံးသပ်ရမည်။

ထို့အပြင် သင်ပြန်လည်ရေးသားသည့်အခါ မှီငြမ်းခေါင်းစဉ်များကို တိုတိုနှင့်ထိထိရောက်ရောက်ရေးသားရမည်။

ဥပမာ။ အဖွဲ့အစည်းများ၏ကွဲပြားခြားနားမှုများဆိုသော ခေါင်းစဉ်အတွက် သင်ပြန်လည်ရေးသားသည့်အခါ ကွဲပြားခြားနားသော မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအကြား ဆက်စပ်ပတ်သက်မှုကို ဖော်ပြနိုင်ရမည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Stratified Random SamplingStratified Random Sampling

Stratified Random Sampling အကြောင်း Stratified Random Sampling ဆိုတာက လူဦးရေအုပ်စုကြီးတစ်ခုကို လေ့လာတဲ့အခါမှာ အုပ်စုတစ်ခုလုံး(population)ရဲ့ ပုံစံကိုဖမ်းယူနိုင်ဖို့အတွက် အသုံးပြုတဲ့ နည်းလမ်းတစ်ခုပါ။ ဥပမာ- ကျောင်းတစ်ကျောင်းမှာ ကျောင်းသားဦးရေအများကြီးရှိတယ်ဆိုပါစို့။ အဲဒီကျောင်းက ကျောင်းသားတွေရဲ့ ပျမ်းမျှရမှတ်ကို သိချင်တယ်ဆိုရင် ကျောင်းသားအားလုံးကို မေးမြန်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် Stratified Random Sampling ကိုသုံးပြီး အဲဒီကျောင်းသားအုပ်စုကြီးကို

ငွေပေးချေပုံစံ (Payment Models)ငွေပေးချေပုံစံ (Payment Models)

ငွေပေးချေပုံစံ (Payment Models)၁. Fee-for-Service ဝန်ဆောင်မှုတစ်ခုလုပ်တိုင်း ငွေရှင်းရတဲ့ ပုံစံ။ လူနာကြည့်တာ၊ ဆေးစစ်တာ၊ ဆေးညွှန်းတာ၊ ခွဲစိတ်တာ တစ်ခုချင်း သီးသန့်ပိုက်ဆံရပါတယ်။  အားသာချက် → လူနာများများကြည့်ရင် ဝင်ငွေများများရတယ်။  အားနည်းချက် → မလိုအပ်တဲ့ စစ်ဆေးမှုတွေ များလာတတ်တယ်၊ ကုန်ကျစရိတ်ကြီးတယ်၊ ကြိုတင်ကာကွယ်တာ နည်းတယ်။  မျက်ဖြူစိုက်လေ ဆရာကြိုက်လေ။အဓိက အသုံးပြုလေ့ရှိတဲ့နေရာ → ပုဂ္ဂလိက

SMART ကျကျ မက်ဆေ့ပို့မယ်SMART ကျကျ မက်ဆေ့ပို့မယ်

SMART ကျကျ မက်ဆေ့ပို့မယ် (သို့မဟုတ်)လုပ်ငန်းကိစ္စ Message ပေးပို့ရာမှာ SMART ကို ဘယ်လိုသုံးမလဲလုပ်ငန်းကိစ္စနဲ့ Message ပေးပို့တဲ့အခါ Message ကို ရှည်လျားအောင်ရေးတာထက် ဖတ်လိုက်တာနဲ့ ဘာကိစ္စလဲ၊ ဘာလုပ်ရမလဲ၊ ဘယ်အချိန်အပြီး လုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်အောင် ရေးဖို့ အရေးကြီးပါတယ်။ အဲဒီလို Message ရေးသားရာမှာ SMART concept ကို အသုံးပြုနိုင်ပါတယ်။SMART