naywinaung ဝန်ထမ်းမှတ်တမ်းစာအုပ်ထိန်းသိမ်းခြင်း

ဝန်ထမ်းမှတ်တမ်းစာအုပ်ထိန်းသိမ်းခြင်း

ဝန်ထမ်းမှတ်တမ်းစာအုပ်ထိန်းသိမ်းခြင်း

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၂၄) တွင် ဝန်ထမ်းမှတ်တမ်းစာအုပ် ထိန်းသိမ်းခြင်း နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၂၇၅ မှ နည်းဥပဒေ ၂၈၈ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါနည်းဥပဒေအချို့ကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၂၇၅။ ဝန်ထမ်းအဖြစ် ခန့် ထားခြင်းခံရသူတိုင်းအတွက် ဝန်ထမ်းမှတ်တမ်း စာအုပ်ထားရှိရမည်။ ဝန်ထမ်းမှတ်တမ်းစာအုပ်ကို ဝန်ထမ်း ဓိမိ၏ငွေဖြင့် ဝယ်ယူရမည်။ အရာတမ်းအဆင့်၊ အမှုထမ်းအဆင့်ဝန်ထမ်းများ အားလုံးအတွက် အကျုံးဝင်သည်။

နည်းဥပဒေ ၂၇၇။ ဝန်ထမ်းမှတ်တမ်းစာအုပ်ကို ထိန်းသိမ်းထားရှိရန် ဝန်ထမ်းတာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးတွင် တာဝန်ရှိသည်။ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် ဤတာဝန်ကို သင့်လျော်မည့်ဝန်ထမ်းတစ်ဦးကို လွဲပြောင်းပေးအပ်နိုင်သည်။

နည်းဥပဒေ ၂၇၈။ ဝန်ထမ်း၏ မွေးသက္ကရာဇ်ကို ဝန်ထမ်းမှတ်တမ်းစာအုပ်တွင်ရေးသွင်းရာ၌ –

(က) မွေးသက္ကရာဇ်ကို အောက်ပါစာရွက်စာတမ်း အထောက်အထား တစ်ခုခုဖြင့် တိုက်ဆိုင်စိစစ်ပြီးမှသာ ရေးသွင်းရမည်-

(၁) မွေးစာရင်းလက်မှတ်၊

(၂) ကျောင်းဝင်မှတ်ပုံတင်ထောက်ခံချက်၊

(၃) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။

(ခ) မွေးဖွားသည့်ခုနှစ်နှင်လကိုသာသိ၍ မွေးဖွားသည် ရက်စွဲကို မသိသည် ဝန်ထမ်း၏ ကိစ္စတွင် ထိုမွေးဖွားသည့်လ၏ ၁၆ ရက်နေ့ကို မွေးဖွားသည့်ရက်စွဲအဖြစ် မှတ်ယူရမည်။

(ဂ) မွေးဖွားသည့်ခုနှစ်ကိုသာသိ၍ မွေးဖွားသည့် လနှင့်ရက်စွဲကို မသိသည် ဝန်ထမ်း၏ကိစ္စ၌ မွေးဖွားသည်နှစ်၏ ဇူလိုင်လ 9 ရက်နေ့ကို မွေးဖွားသည်ရက်စွဲအဖြစ် မှတ်ယူရမည်။

(ဃ) မွေးဖွားသည့် ခုနှစ်၊ လနှင့်နေ့ရက်အတွက် မည်သည့် အထောက်အထားမျှမတင်ပြနိုင်ပါက ကျန်းမာကြောင်း ဆေးလက်မှတ်၌ ဖော်ပြထားသည့်အသက်ကို အသက်မှန်ဟု မှတ်ယူရမည်။ သို့ရာတွင် ဝန်ထမ်း၏ အသက်ပြည့်သည့် နေ့ရက်ကို သတ်မှတ်ရာတွင် ဝန်ထမ်း၏ ကျန်းမာရေးနှင့် ပတ်သက်၍ ဆေးစစ်သည့်နေ့ရက်ကို ဝန်ထမ်း၏ဆေးစာပါခန့်မှန်းသတ်မှတ်သည့် အသက်ပြည့်သည့် နေ့ ရက်အဖြစ်မှတ်ယူရမည်။ သို့ဖြစ်၍ ဝန်ထမ်း၏မွေးနေ့သည် ယင်းဝန်ထမ်းဆေးစစ်သည့်နေ့ရက်မှ ယင်း၏အသက်ကိုနုတ်၍ရရှိသောနေ့ရက်ဖြစ်သည်။

နည်းဥပဒေ ၂၇၉။ ဝန်ထမ်း၏ အမှတ်အသားများကို မှတ်တမ်းတင်ခြင်းနှင့်စပ်လျဉ်း၍-

(က) ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ဝန်ထမ်းလက်ဝဲလက်ဗ္ဗေများကို နှိပ်ယူမှတ်တမ်းတင်ထားရမည်။  လက်ဗွေများကို သီးခြားစာရွက်ပေါ်တွင် နှိပ်ယူ၍ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ကပ်ထားခြင်းမပြုရ။

(ခ) ကိုယ်တွင်ထင်ရှားသည့် အမှတ်အသားများကို မှတ်တမ်းရေးသွင်းရန် နေရာ၌ မှဲ့များ၊ အမာရွတ်ဟောင်းများ ကဲ့သို့သော အမြဲတစေရှိနေပြီး ထူးခြား၍ ထင်ရှားသိသာသည့် အမှတ်အသားများ သို့မဟုတ် မြင်လွယ်မှတ်လွယ် သည့် ထူးခြားချက်များကိုသာ ရေးသွင်းရမည်။ အသားအရောင်၊ မျက်နှာအသွင်အနေအထား သဲကွဲမှုမရှိသော မှတ်သားချက်များကို ရေးသွင်းခြင်းမပြုရ။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Literature ReviewLiterature Review

Literature Review Literature Review (စာတွေ့လေ့လာခြင်း) ဆိုတာ သုတေသနတစ်ခုရဲ့ “ကျောရိုး” ပါပဲ။ ဒါကို ကောင်းကောင်းမလုပ်နိုင်ရင် ကိုယ့်သုတေသနက ပေါ့ပျက်ပျက် ဖြစ်သွားတတ်ပါတယ်။ရိုးရိုးရှင်းရှင်းပြောရရင် Literature Review ဆိုတာ “ကိုယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး သူများတွေ ဘာလုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေတွေ့ထားလဲ ဆိုတာကို ပြန်လည်သုံးသပ်ခြင်း” ဖြစ်ပါတယ်။ဒီနေရာမှာ အောင်မြင်တဲ့ Literature Review တစ်ခုဖြစ်ဖို့ လက်တွေ့ကျတဲ့

သုတေသနခေါင်းစဉ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲသုတေသနခေါင်းစဉ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ

သုတေသန ခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်း သုတေသနလုပ်ငန်းစဉ်ရဲ့ အစမှာ အရေးအကြီးဆုံးနဲ့ ပထမဆုံး ခြေလှမ်းကတော့ သင့်တော်တဲ့ သုတေသနခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ခေါင်းစဉ်တစ်ခုဟာ မိတ်ဆွေရဲ့ သုတေသနကို လမ်းညွှန်ပေးနိုင်သလို၊ စိတ်ဝင်စားစရာကောင်းပြီး အောင်မြင်တဲ့ သုတေသနတစ်ခု ဖြစ်လာဖို့အတွက်လည်း အခြေခံအုတ်မြစ်ကောင်းတစ်ခုကို ချပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်တစ်ခုကို ရွေးချယ်တဲ့အခါမှာ မိတ်ဆွေရဲ့ စိတ်ဝင်စားမှု၊ သုတေသနပြုလုပ်နိုင်မှုနဲ့ သင့်တော်တဲ့ အကြောင်းအရာတွေကို

Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်

Study Design (သုတေသနပုံစံ) တွေအကြောင်း မိတ်ဆက်Study Design ဆိုတာဟာ ကျွန်တော်တို့ရဲ့ သုတေသနမေးခွန်းတွေကို ဘယ်လိုဖြေမလဲဆိုတဲ့ အလုံးစုံသော နည်းဗျူဟာ (overall strategy) ကို ရည်ညွှန်းတာပါ။ ဒီ Design ဟာ ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ် (foundation) ဖြစ်ပြီး အချက်အလက်တွေ စုဆောင်းဖို့၊ ခွဲခြမ်းစိတ်ဖြာဖို့ နည်းလမ်းတွေနဲ့ သုတေသနရဲ့ ရည်ရွယ်ချက်တွေကို