naywinaung blog,eHealth eHealth M_Zawisza_Business_Model

eHealth M_Zawisza_Business_Model

#eHealth
#M_Zawisza_Business_Model
ehealth နှင့်ပတ်သက်တဲ့ model တွေကို ရှေ့ပိုင်းမှာ ရှင်းပြခဲ့ပါတယ်။ အခုရေးသားမဲ့ business model ကတော့ နိုင်ငံတကာ ကုမ္ပဏီတော်တော်များများမှာ အသုံးများတဲ့ Enterprise Model တစ်ခုပဲဖြစ်ပါတယ်။ ဒီModel မှာတော့ အစိတ်အပိုင်း ကိုးခုပါဝင်ပါတယ်။
အဲ့ဒါတွေကတော့
၁။ Key Partners ( မိတ်ဖက်အဖွဲ့အစည်းများ)
၂။ Key Activities ( ပင်မလုပ်ငန်းဆောင်ရွက်မှုများ)
၃။ Key Resources ( ပင်မအရင်းအမြစ်များ)
၄။ Value Proposition(တန်ဖိုး)
၅။ Relationships (ဆက်စပ်ပတ်သက်မှု)
၆။ Channels ( ထိရောက်မှုလမ်းကြောင်း)
၇။ Segment (မိမိတို့ ထောက်ပံ့ပေးအပ်လိုတဲ့ ပင်မအဖွဲ့အစည်း)
၈။ Cost ( ကုန်ကျစာရိတ်)
၉။ Revenue (ပင်မအထောက်အပံ့)

၁။ Key Partners (မိတ်ဖက်အဖွဲ့အစည်းများ)
အစိုးရအဖွဲ့အစည်း(အထူးအဖြင့် ကျန်းမာရေးဝန်ကြီးဌာန) အနေဖြင့် အဓိက မိတ်ဖက်အဖွဲ့အစည်းများဆိုရာတွင် ပြည်သူလူထု၊အစိုးရဌာနများနှင့် INGOs,NGOs များပါဝင်ပါတယ်။ မိမိတို့ ပင်မအဖွဲ့အစည်းနှင့်အတူ အခြားသော အဖွဲ့အစည်းများရဲ့ ရည်ရွယ်ချက်၊စွမ်းဆောင်ရည်၊လိုအပ်ချက်စသည်ဖြင့် စဉ်းစားသတ်မှတ်ရပါတယ်။ ထို့အတူ နိုင်ငံရေးဆိုင်ရာ အယူအဆ၊လိုအပ်ချက်၊မျော်မှန်းချက်များ နှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများရဲ့ လိုအပ်ချက် အစရှိသဖြင့် မိတ်ဖက်အဖွဲ့အစည်းအားလုံးအတွက် စဉ်းစားရပါမယ်။

၂။ Key Activities
နိုင်ငံတစ်နိုင်ငံရဲ့ ehealth system ကို စတင်တည်ထောင်တော့မယ်ဆိုရင် မိမိတို့အဖွဲ့အစည်းအတွက်လိုအပ်မဲ့ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်း၊ အခြေခံအဆောက်အဦများတည်ဆောက်ခြင်း၊ စာချုပ်များချုပ်ဆိုခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသဖြင့် အားလုံးပါဝင်ပါတယ်။

၃။ Key Resource
ehealth system ရဲ့ မူလရင်းမြစ်တွေကတော့ လူသားရင်းမြစ်၊ငွေကြေးရင်းမြစ်နှင့် နည်းပညာရင်းမြစ်တွေ များစွာ ပါဝင်ပါတယ်။ လူသားရင်းမြစ်ဆိုတဲ့နေရာမှာ ehealth system ဆိုတဲ့နေရာမှာ health Informatics ဆိုတဲ့ ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာ ပညာရှင်တွေ၊ computer scientists ဆိုတဲ့ ကွန်ပြူတာကျွမ်းကျင် ပညာရှင်တွေ၊ Human Resource Managers ဆိုတဲ့ စီမံခန့်ခွဲမှုပညာရှင်တွေသာမက Health Management Specialists ဆိုတဲ့ ကျန်းမာရေးစနစ်စီမံခန့်ခွဲမှုပညာရှင်တွေ လိုအပ်ပါတယ်။ ဆိုလိုတာက ehealth system တစ်ခုကို အကောင်အထည်ဖော်တဲ့အခါ ဆရာဝန်တွေချည်းပဲ တည်ဆောက်လို့ မရပါဘူး။

၄။ Value Proposition
ဒီနေရာမှာတော့ မိမိတို့တည်ဆောက်ချင်တဲ့ ehealth system အတွက် ပင်မ အသုံးချ တန်ဖိုးတွေကို စဉ်းစားကြတဲ့အခါ ဘယ်လို infra structure တွေကို တည်ဆောက်ဖို့လိုပါသလဲဆိုတာ စဉ်းစားရပါမယ်။ ဉပမာ အားဖြင့် mHealth နည်းနှင့် စနစ်ကို မြှင့်တင်ချင်ရင် mobile devices တွေကို ဖြန့်ဝေရပါမယ်။ ဒါဟာ Infrastructure ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ehealth services တွေကို တိကျတဲ့မူဘောင်တွေချမှတ်ပြီး ဖြန့်ဝေရပါမယ်။ပြည်သူလူထုကို ဘယ်လို services တွေပေးမလဲ။ health service providers တွေကို ဘယ်လို services တွေပေးမလဲဆိုတာ တိတိကျကျ သတ်မှတ်ထားရပါမယ်။ နောက်ဆုံးအရေးအကြီးဆုံးကတော့ information security ဖြစ်ပါတယ်။ မိမိတို့ရဲ့ ehealth စနစ်တွင်းမှာ ပါဝင်တဲ့ service providers တွေရဲ့ သတင်းအချက်အလက်များသာမက patients တွေရဲ့ သတင်းအချက်အလက်တွေကိုပါ လုံခြုံစိတ်ချအောင်စီမံထားရှိရပါမယ်။

၅။  Relationships
မိမိတို့ရဲ့ ehealth system အတွင်း segments တွေနှင့် system အကြား အသိပညာဖလှယ်ပြီး တည်ဆောက်ထားထားနိုင်ဖို့အတွက် seminars များ workshops များပြုလုပ်ရပါမယ်။ ဒီအပြင် training များ ပြုလုပ်ပေးရပါမယ်။

၆။ Channels
ဒ်ီနေရာမှာတော့ မိမိတို့ရဲ့ ehealth system နှင့် အသုံးပြုမဲ့ targeted segments များအကြား နည်းပညာတွေကို ရောက်ရှိ အသုံးပြုနိုင်ရန်အတွက် web services များ logistics မျာ ထောက်ပံ့ပေးအပ်ရပါမယ်။ကူးလူးဆက်ဆံနိုင်ဖို့အတွက် လမ်းကြောင်းများကို တည်ဆောက်ဖော်ဆောင်ပေးရပါမယ်။

၇။ Cost
အရင်းအနှီး သို့မဟုတ် ငွေကြေးကိစ္စများအတွက် လည်း စဉ်းစားဆောင်ရွက်ရပါမယ်။ehealth system တစ်ခု အောင်မြင်အောင်ဆောင်ရွက်ဖို့အတွက်ဆိုရင် initial investment အလွန်များပြားပါတယ်။ data center များတည်ဆောက်ခြင်း Fiber internet များတည်ဆောက်ခြင်း အစရှိသဖြင့် database structure တွေက အလွန်တန်ဖိုးကြီးမားကြပါတယ်။ ထို့အတူ နည်းပညာဆိုင်ရာ အကြံပေးများ ဌားရမ်းခြင်း၊ မွေးမြူခြင်းအတွက်လည်း ကုန်ကျစာရိတ်ရှိပါတယ်။

၈။ Revenue
ehealth System အတွက် ပင်မအထောက်အပံ့များကတော့ Management ဆိုတဲ့ စီမံခန့်ခွဲမှု၊ leadership ဆိုတဲ့ ခေါင်းဆောင်နိုင်မှုမှသည် Innovation ဆိုတဲ့ တီထွင်ကြံဆမှုများ၊telemedicine ဆိုတဲ့ အဝေးရောက်ဆေးဝါးကုသခြင်းဆိုင်ရာ နည်းလမ်းများလည်း ပါဝင်ပါတယ်။ မနေ့က ပြောထားတဲ့ Lily Model မှာပါဝင်တဲ့ essential components အားလုံးလည်း အကျူံးဝင်ပါတယ်။

၉။ Customer Segments
နောက်ဆုံးကတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အသုံးပြု အသုံးချမဲ့ ဉီးတည်အုပ်စုက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရှိဖို့ လိုပါတယ်။ ehealth system ရဲ့ ဦးတည်အုပ်စုကတော့ ဆရာဝန်တွေ၊လူနာတွေ၊ ဆေးရုံအုပ်တွေနှင့် ကျန်းမာရေးစနစ် စီမံခန့်ခွဲသူတွေဖြစ်ပါတယ်။

နိဂုံးချုပ်အနေနှင့် ရှင်းလင်းတင်ပြချင်တာကတော့ modern ehealth system ဆိုတာ လေပေါ်အရုပ်ရေးတဲ့ကိစ္စလို ရော့ အင့်ဆိုပြီး လွယ်လွယ်တည်ဆောက်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ တာဝန်ယူတာဝန်ခံမဲ့ team တစ်ခု Organization တစ်ခုကို ဖွဲ့စည်းရမှာဖြစ်သလို ခိုင်မာတဲ့ Policy တွေ rule and regulation တွေလည်း ရှိရမှာ ဖြစ်ပါတယ်။ehealth ရဲ့ ပင်မအသက်ဟာ vision မဟုတ်ပါဘူး mission and process management ဖြစ်ပါတယ်။

နောက်များမှာ အခြား model များအကြောင်းထပ်မံရေးသားပေးပါမယ်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Thesis Title တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲThesis Title တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲ

Thesis Title ဆိုတာ သုတေသနရဲ့ အနှစ်ချုပ်ကို ဖော်ပြတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Title ကောင်းတစ်ခုက လူတွေကို ဖတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်သလို Title ညံ့တစ်ခုက လူတွေကို စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါကြောင့် Thesis Title ကို သေချာရွေးချယ်ဖို့ လိုပါတယ်။ ဒါဆို Thesis Title ကို ဘယ်လိုရွေးချယ်ရမလဲ။ ၁။သုတေသနရဲ့ အဓိကအကြောင်းအရာကို

Chain of InfectionChain of Infection

၁။ ကူးစက်ရောဂါ ဖြစ်ပွားမှု ဆက်စပ်ကွင်းဆက် (Chain of Infection) “Chain of Infection” ဆိုတာကတော့ ရောဂါတစ်ခု ကူးစက်ဖြစ်ပွားဖို့အတွက် လိုအပ်တဲ့ အဓိက အစိတ်အပိုင်းတွေနဲ့ သူတို့ရဲ့ ဆက်စပ်မှုတွေကို ဖော်ပြထားတဲ့ နိယာမ တစ်ခု ဖြစ်ပါတယ်။ ဒီကွင်းဆက်ကို နားလည်ထားရင် ရောဂါတွေကို ဘယ်လိုကာကွယ်ရမယ်၊ ထိန်းချုပ်ရမယ်ဆိုတာကို သိရှိနိုင်ပါတယ်။ ဒီကွင်းဆက်မှာ ပါဝင်တဲ့

proposal တစ်စောင်ကို ဘယ်လိုရေးရမလဲဪproposal တစ်စောင်ကို ဘယ်လိုရေးရမလဲဪ

(စာတော်တော်ရှည်ပါမယ်ခဗျ)Proposal ဆိုတာက ကိုယ်လုပ်ချင်တဲ့ project တစ်ခု (ဥပမာ – အိမ်ဆောက်တာ၊ software တစ်ခုရေးတာ၊ event တစ်ခုလုပ်တာ) အတွက် ရည်ရွယ်ချက်၊ ဘယ်လိုလုပ်မယ်၊ ဘယ်လောက်ကုန်ကျမယ် စတာတွေကို အသေးစိတ်ရေးပြီး တင်ပြတဲ့ စာတစ်စောင်ဖြစ်ပါတယ်။Proposal တစ်စောင်မှာ ဘာတွေပါရမလဲ1. ခေါင်းစဉ် (Title)Proposal ရဲ့ အဓိကရည်ရွယ်ချက်ကို ဖော်ပြတဲ့ ခေါင်းစဉ်တစ်ခု ရေးပါ။ ဥပမာ