Contract System

Contract System သို့မဟုတ် ကန်ထရိုက်စနစ်

အစိုးရဆေးရုံတွေကို ပုဂ္ဂလိကနဲ့ စာချုပ်ချုပ်ပြီး ပူးပေါင်းလည်ပတ်တဲ့နည်းကို ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေ ခေါ်တာက “Contracting” လို့ခေါ်ပါတယ်။ ဆိုလိုတာက ဆေးရုံရဲ့ ပိုင်ဆိုင်မှုက အစိုးရလက်ထဲမှာပဲ ဆက်ရှိနေမယ်၊ ဒါပေမဲ့ နေ့စဉ်လည်ပတ်မှု၊ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုတချို့ ဒါမှမဟုတ် အကုန်လုံးကို ပုဂ္ဂလိကကုမ္ပဏီကို စာချုပ်နဲ့ အပ်လိုက်တာပါ။ ဒီနည်းက နှစ်ပေါင်း ၄၀-၅၀ လောက်ကတည်းက ကမ္ဘာမှာ သုံးလာခဲ့ကြတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ ပုဂ္ဂလိကရဲ့ မြန်ဆန်မှု၊ ဆန်းသစ်တီထွင်မှုတွေကို အစိုးရဆေးရုံထဲ ယူသွင်းချင်လို့ပါ။

စာချုပ်ချုပ်တဲ့ ပုံစံက အဆင့် ၅ ဆင့် ရှိပါတယ်။

၁. အသေးဆုံးက Service Contract (Contracting Out Ancillary) လို့ခေါ်ပါတယ်။ ကုသမှုနဲ့ မသက်ဆိုင်တဲ့ အလုပ်တွေကို ဆောင်ရွက်တာပါ၊ ဥပမာ အဝတ်လျှော်တာ၊ အမှိုက်ရှင်းတာ၊ လုံခြုံရေးတာ၊ လူနာစား‌စောင့်ရှောက်ရေးတာ စတဲ့ အထောက်အကူဝန်ဆောင်မှုတွေကို ပုဂ္ဂလိကကို အပ်တာပါ။ ဒါက ကမ္ဘာမှာ အများဆုံး စလုပ်ကြတဲ့ အဆင့်ဖြစ်ပါတယ်။

၂. နောက်တစ်ဆင့်က Clinical Support Contract (Contracting Out Diagnostic) လို့ခေါ်ပါတယ်။ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ရိုက်တာ၊ CT၊ MRI၊ Ultrasound စတဲ့ ဆေးပညာဆိုင်ရာ စစ်ဆေးရေးစက်တွေ လည်ပတ်ခွင့်ပေးတာပါ။ အစိုးရဆေးရုံမှာ စက်အသစ်ဝယ်ဖို့ ဘတ်ဂျက်မရှိရင် ဒီနည်းနဲ့ အမြန်ဆုံး ရလာနိုင်ပါတယ်။

၃. ပိုကြီးလာရင် Management Contract လို့ခေါ်ပါတယ်။ ဆေးရုံရဲ့ ခွဲစိတ်ခန်း ဒါမှမဟုတ် အထူးကုဌာနကြီး တစ်ခုလုံးကို ပုဂ္ဂလိကက စီမံခန့်ခွဲခွင့်ရပါတယ်။ ဝန်ထမ်းခန့်တာ၊ ဘတ်ဂျက်ခွဲတာ၊ ဈေးနှုန်းသတ်မှတ်တာ အကုန် ပုဂ္ဂလိကက လုပ်ပါတယ်။ ဒါပေမဲ့ ဆေးရုံပိုင်ဆိုင်မှုက အစိုးရပဲဖြစ်ပါတယ်။

၄. Contracting In ဆိုတဲ့ ပုံစံကတော့ ပုဂ္ဂလိက ဆရာဝန်၊ သူနာပြု၊ အထူးကုတွေကို အစိုးရဆေးရုံထဲ စာချုပ်နဲ့ ခေါ်ထားတာပါ။ အထူးကုတွေရဖို့ အရမ်းအဆင်ပြေသွားပါတယ်။ စနစ်လည်ပတ်ပုံက နည်းနည်းရှုပ်လို့ ဒီအကြောင်းကို ပြီးမှ အသေးစိတ်ရေးပေးပါမယ်။

၅. နောက်ဆုံးအဆင့်က Full Facility Contract (Lease / Concession / BOT) လို့ခေါ်ပါတယ်။ ဆေးရုံတစ်ခုလုံးကို ၁၀ နှစ်၊ ၂၀ နှစ်၊ ၃၀ နှစ်လောက် ငှားပြီး ပုဂ္ဂလိကက အပြည့်အဝ လည်ပတ်ခွင့်ရပါတယ်။ အဆောက်အဦးအသစ်ဆောက်တာ၊ ပြန်မွမ်းမံတာ အကုန်ပါဝင်ပါတယ်။ နောက်ဆုံး စာချုပ်ကုန်ရင် ဆေးရုံကို အစိုးရထံ ပြန်လွှဲပေးရပါတယ်။ ဒါကို Build-Operate-Transfer (BOT) လို့ ခေါ်ပါတယ်။

ငွေပေးတဲ့နည်းကလည်း ၄ မျိုး အဓိက ရှိပါတယ်။

၁. Fixed-Price / Capitation-like – တစ်နှစ်ကို ငွေပမာဏ ပုံသေပေးပါတယ်။ ဘဏ္ဍာရေးဆိုင်ရာအန္တရာယ် (financial risk) ကို ပုဂ္ဂလိကက ယူရပါတယ်။ အစိုးရက ငွေခန့်မှန်းလို့ အဆင်ပြေပါတယ်။

၂. Cost-plus – တကယ်ကုန်ကျသလောက် ပြန်အမ်းပေးပြီး အမြတ်ငွေ ထပ်ပေးပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရဲလာပါတယ်၊ ဒါပေမဲ့ ငွေကုန်ကြေးကျများလာနိုင်ပါတယ်။

၃. Performance-based (P4P) – ရလဒ်အပေါ်မူတည်ပြီး ငွေပေးပါတယ်။ လူနာကျန်းမာရေးကောင်းရင် ငွေများများရပါမယ်။ WHO က ဒီနည်းကို အများဆုံး အကြံပေးထားပါတယ်။

၄. Mixed / Hybrid – အထက်က နည်းတွေ ပေါင်းစပ်သုံးတာပါ။ အကောင်းဆုံးလို့ ယူဆကြပါတယ်။

ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးက အဓိက ၆ ခု ရှိပါတယ် – လုပ်ငန်းထိရောက်မှု မြင့်တယ်၊ ငွေကုန်သက်သာတယ်၊ အရည်အသွေး ပိုကောင်းတယ်၊ လူနာပိုကုလို့ရတယ်၊ နည်းပညာအသစ် အမြန်ရတယ်၊ အစိုးရ ဘတ်ဂျက်သက်သာတယ်။

ဒါပေမဲ့ အန္တရာယ်တွေလည်း အရမ်းများပါတယ်။

– Information Asymmetry – ပုဂ္ဂလိကက အချက်အလက်တွေ ဖုံးထားတတ်ပါတယ်။ 
– Cream Skimming / Cherry Picking – အမြတ်များတဲ့ လူနာကိုပဲ ရွေးယူပြီး ဆင်းရဲသူ၊ ကုရခက်သူကို ကုသပေးဖို့ငြင်းတတ်ကြပါတယ်။ 
– Moral Hazard – မလိုအပ်ပဲ စစ်ဆေးမှု အပိုလုပ်ပြီး ငွေထပ်ရအောင် လုပ်တတ်ပါတယ်။ 
– Regulatory Capture – ပုဂ္ဂလိကကုမ္ပဏီကြီးတွေက အစိုးရအရာရှိတွေကို လာဘ်ပေးပြီး စည်းမျဉ်းတွေ လျှော့ခိုင်းတတ်ပါတယ်။ 
– Transaction Costs – တင်ဒါခေါ်တာ၊ စာချုပ်ရေးတာ၊ စောင့်ကြည့်တာတွေမှာ ငွေကြေးအကုန်အကျများပါတယ်။

ဒီအန္တရာယ်တွေကို ကာကွယ်ဖို့ နည်းလမ်းကတော့ 
– အချက်အလက်ဖုံးကွယ်မှုကို ပုံမှန်စာရင်းစစ်ပြီး လွတ်လပ်တဲ့ အဖွဲ့နဲ့ စောင့်ကြည့်ရပါမယ်။ 
– Cream skimming ကို “လူနာအားလုံးကို လက်ခံရမည်” လို့ စာချုပ်ထဲ ထည့်ရပါမယ်။ 
– Moral hazard ကို Performance-based payment နဲ့ KPI တင်းကြပ်စွာ ချမှတ်ရပါမယ်။ 
– Regulatory capture ကို လွတ်လပ်တဲ့ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရပါမယ်။ 
– Transaction costs ကို စံပုံစံစာချုပ် (Model Contract) သုံးပြီး လျှော့ချရပါမယ်။

နိဂုံးချုပ်ရရင် ကန်ထရိုက်စာချုပ်စနစ်ဆိုတာ အရမ်းကောင်းတဲ့ စနစ်တစ်ခုပါ။ ဒါပေမဲ့ အောင်မြင်ဖို့က စာချုပ်ရေးတဲ့အရည်အချင်း၊ ကြီးကြပ်တဲ့ယန္တရား ခိုင်မာမှု၊ နိုင်ငံရေးသမားတွေရဲ့ အလိုဆန္ဒ စတဲ့အချက်တွေပေါ် မူတည်ပါတယ်။ WHO နဲ့ ကမ္ဘာ့ဘဏ်က ပြေပါာတယ် “Contracting ဆိုတာ ဓားတစ်လက်ပါပဲ။ လက်ထဲကိုင်တဲ့သူ ကျွမ်းကျင်ရင် အရမ်းအသုံးဝင်ပါတယ်။ မကျွမ်းကျင်ရင် ကိုယ့်ခြေထောက်ကိုယ် ခုတ်မိပါမယ်” တဲ့။

နပေတိုး
ထင်တာရေးတာပဲ။ မယုံကြည်ရင် switch to Google.. OK


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Statistics သမိုင်းကြောင်းStatistics သမိုင်းကြောင်း

စာရင်းအင်းပညာ (Statistics) ရဲ့ သမိုင်းကြောင်း စာရင်းအင်းပညာဟာ ရှေးခေတ်ကတည်းက အသုံးပြုခဲ့၊ အသုံးဝင်ခဲ့ပါတယ်။ ကနဦးမှာ တိုင်းပြည်ရဲ့ လူဦးရေ၊ ငွေကြေး၊ စစ်အင်အား စတဲ့ အချက်အလက်တွေကို စုစည်းပြီး စီမံခန့်ခွဲဖို့အတွက် အသုံးပြုခဲ့ပါတယ်။ မီဆိုပိုတေးမီးယား၊ အီဂျစ်၊ ရောမ စသည့် ရှေးဟောင်းနိုင်ငံတွေမှာ တိုင်းရင်းစုစာရင်း၊ ကုန်ပစ္စည်းစာရင်း တွေကို ပြုစုခဲ့ကြပါတယ်။ အထူးသဖြင့် မီဆိုပိုတေးမီးယားမှာ ဘုရားရှိခိုးကျောင်းတွေက

Grounded Theory ResearchGrounded Theory Research

Grounded Theory Research ဆိုတာ လူမှုဗေဒနဲ့ သုတေသနလောကမှာ အသုံးများတဲ့ Qualitative Research (အရည်အသွေးအခြေပြု သုတေသန) နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ရိုးရိုးသုတေသနတွေက ရှိပြီးသား Theory (သီအိုရီ) တစ်ခုကို အမှန် ဟုတ်၊ မဟုတ် စမ်းသပ်တာမျိုးဖြစ်ပေမဲ့ Grounded Theory ကတော့ “အချက်အလက်တွေကနေတစ်ဆင့် သီအိုရီအသစ်တစ်ခုကို အောက်ခြေကနေ စတင်တည်ဆောက်တာ” ဖြစ်ပါတယ်။Grounded Theory

Chi square testChi square test

Chi-square test (χ² test) သို့မဟုတ် ကျန်းမာရေးဆိုင်ရာ သုတေသနတွေရဲ့ ပင်မတိုင်းတာမှုကျန်းမာရေး (healthcare) နယ်ပယ်မှာ Chi-square test (χ² test) က အရမ်း အသုံးများပါတယ်။ အထူးသဖြင့် ဆေးပညာ သုတေသန၊ ဆေးခန်း ဒေတာ၊ ရောဂါ ကာကွယ်ရေး၊ ဆေးဝါး စမ်းသပ်မှု စတဲ့ နေရာတွေ မှာ အများဆုံး