naywinaung ဝန်ထမ်းများခန့်ထားခြင်းနှင့် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်း

ဝန်ထမ်းများခန့်ထားခြင်းနှင့် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်း

ဝန်ထမ်းများခန့်ထားခြင်းနှင့် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်း

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၃) တွင် ဝန်ထမ်းများခန့် ထားခြင်းနှင့်ဌာနကူးပြောင်း တာဝန် ထမ်းဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၄ မှ နည်းဥပဒေ ၂၅ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါ နည်းဥပဒေအချို့ကို ထုတ်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၁၅။ အောက်ပါရာထူးအဆင့်များကို ဝန်ကြီးဌာနများနှင့်ဝန်ထမ်းအဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား စတင်ခန့်အပ်နိုင်သည်-

(က) အကူဝန်ထမ်းအဆင့် (၁)၊

( ခ )စာရေးဝန်ထမ်းအဆင့် (၁)၊

(ဂ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)၊ အဆင့် (၂) နှင့် အဆင့် (၄)၊

(ဃ) ပညာရှင်အဆင့် (၁)၊ အဆင့် (၂)နှင့် အဆင့်(၃)၊

(င)စီမံခန့်ခွဲရေးဝန်ထမ်း(စီးပွားရေး)အဆင့် (၁)နှင့်အဆင့်(၂)

(စ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး)အဆင့် (၁)၊

နည်းဥပဒေ ၂၃။ (က) ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင်အရာရှိ တစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည်အချင်းနှင့်ပြည့်စုံလျှင် သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့် ညှိနှုင်းရမည်။

(ခ)ရာထူးဝန်အဖွဲ့သည် နည်းဥပဒေခွဲ (က) အရညိနှိုင်းချက်ကို စိစစ်ပြီး အောက်ပါအတိုင်း ဆောင်ရွက်ရမည် –

(၁) သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းတို့ ညှိနှိုင်းလျက် အရာထမ်းကို ပြောင်းရွေ့

ခေါ်ယူလိုသော ဝန်ကြီးဌာန၊ အဖွဲ့အစည်းသို့မဟုတ် ပြောင်းရွှေ့ရန် ကိုယ်တိုင်ဆန္ဒပြုသည့် အရာထမ်း ဝန်ကြီးဌာန၊ အဖွဲ့အစည်းက သဘောထားတောင်းခံခြင်း၊

(၂) ရာထူးဝန်အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှတစ်ဆင့် နိုင်ငံတော်သမ္မတ၏ လမ်းညွန်မှု ခံယူခြင်း၊ တင်ပြခြင်း၊

(၃) နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ရရှိလျှင်အရာထမ်းကို ပြောင်းရွေ့ခေါ်ယူ လိုသော ဝန်ကြီးဌာန၊ အဖွဲ့အစည်း သို့မဟုတ်ပြောင်းရွေ့ရန်ကိုယ်တိုင် ဆန္ဒပြုသည့်အရာထမ်း ဝန်ကြီးဌာန၊ အဖွဲ့အစည်းကအမှာစာပြုစ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြပြီး အတည်ပြုချက် ရယူခြင်း။

နည်းဥပဒေ ၂၄။ ရာထူးဝန်အဖွဲ့သို့ သဘောထားတောင်းခံညှိနှိုင်းရာတွင် အောက်ပါစာရွက် စာတမ်းများ ပြည့်စုံစွာပါရှိရမည်-

(က) ပြောင်းရွှေ့မည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းတို့၏ အကြီးအမှူးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့်အမှာစာ၊

(ခ)ပြောင်းရွေ့မည့်ဝန်ထမ်း၏ အချက် ၅၃ ချက်ပါကိုယ်ရေးမှတ်တမ်းပုံစံ တစ်စုံ၊ ပုံစံ(၁)

(ဂ) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းသည် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှု ကျူးလွန်ခဲ့ဖူးခြင်း ရှိ မရှိ မှတ်တမ်း၊

(ဃ) ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများ ပြောင်းရွေ့ ခန့်အပ်လိုမှုအတွက်-

(၁) တာဝန် ထမ်းဆောင်ဆဲ” အရာရှိဖြစ်ပါက စစ်ရေးချုပ်ရုံး၏ ပြစ်မှုကင်းရှင်းခြင်း ရှိ မရှိ မှတ်တမ်း၊

(၂) အငြိမ်းစားယူပြီးသူ အရာရှိဖြစ်ပါက စစ်ရေးချုပ်ရုံး၏ ပြစ်မှုကင်းရှင်းခြင်း ရှိ မရှိ မှတ်တမ်းနှင့် စစ်ရာထူးခန့် ချုပ်ရုံးမှ အရာရှိ နှင့်ပတ်သက်၍ နောက်ဆုံးထုတ်ပြန်ခဲ့ သော စစ်ရာထူးခန့် အမိန့်။

(၃)     ပြောင်းရွေ့လာမည့်အရာထမ်းကို မည်သည့် အဆင့်ရာထူး၊ လစာနှုန်းထားတွင် တာဝန်ပေးခန့်အပ်မည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံတွင် နေရာလစ်လပ်မှု ရှိ/မရှိ လက်ခံ ရယူမည့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ အမှာစာ၌ဖော်ပြချက်။

မှတ်ချက်။ (၁) နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည်ဖြစ်သဖြင့် နည်းဥပဒေခွဲ (က)တွင် ဖော်ပြပါ အမှာစာတို့ကို သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးတို့” ကိုယ်တိုင်လက်မှတ်ရေးထိုးရမည်။

(၂) နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွတ်တော်ရုံးတို့၏ ဌာနကူးပြောင်းရေး ကိစ္စရပ်များဖြစ်ပါကညန်ကြားရေးမှူးချုပ် အဆင့်ထက်မနိမ့်သူ သို့မဟုတ် သက်ဆိုင်ရာအကြီးအမှူး၏ အခွင့်အာဏာလွဲအပ်ထားသူက အမှာစာတွင် လက်မှတ်ရေးထိုး နိုင်သည်။

နည်းဥပဒေ ၂၅။ ရာထူးဝန်အဖွဲ့သည် နည်းဥပဒေ ၂၄ အရညှိနှိုင်းအဆိုပြုချက်များအပေါ် အသေးစိတ်စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုးသို့ဆက်လက်ထောက်ခံတင်ပြခြင်း သို့မဟုတ် သတ်မှတ်ထားသည့်အရည်အချင်းနှင့် ပြည့်စုံခြင်းမရှိသောကိစ္စများတွင် ငြင်းပယ်ခြင်းပြုနိုင် သည်။

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ(၉-၆-၂၀၁၇)၊ နိုင်ငံ ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ(၂၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Contract SystemContract System

Contract System သို့မဟုတ် ကန်ထရိုက်စနစ်အစိုးရဆေးရုံတွေကို ပုဂ္ဂလိကနဲ့ စာချုပ်ချုပ်ပြီး ပူးပေါင်းလည်ပတ်တဲ့နည်းကို ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေ ခေါ်တာက “Contracting” လို့ခေါ်ပါတယ်။ ဆိုလိုတာက ဆေးရုံရဲ့ ပိုင်ဆိုင်မှုက အစိုးရလက်ထဲမှာပဲ ဆက်ရှိနေမယ်၊ ဒါပေမဲ့ နေ့စဉ်လည်ပတ်မှု၊ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုတချို့ ဒါမှမဟုတ် အကုန်လုံးကို ပုဂ္ဂလိကကုမ္ပဏီကို စာချုပ်နဲ့ အပ်လိုက်တာပါ။ ဒီနည်းက နှစ်ပေါင်း ၄၀-၅၀ လောက်ကတည်းက ကမ္ဘာမှာ

Thesis Title တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲThesis Title တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲ

Thesis Title ဆိုတာ သုတေသနရဲ့ အနှစ်ချုပ်ကို ဖော်ပြတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Title ကောင်းတစ်ခုက လူတွေကို ဖတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်သလို Title ညံ့တစ်ခုက လူတွေကို စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါကြောင့် Thesis Title ကို သေချာရွေးချယ်ဖို့ လိုပါတယ်။ ဒါဆို Thesis Title ကို ဘယ်လိုရွေးချယ်ရမလဲ။ ၁။သုတေသနရဲ့ အဓိကအကြောင်းအရာကို

Chapter 2 Literature Review ကို ဘယ်လိုရေးရမလဲChapter 2 Literature Review ကို ဘယ်လိုရေးရမလဲ

Literature Review ဆိုတာက သုတေသနနဲ့ သက်ဆိုင်တဲ့ အရင်က ထွက်ထားတဲ့ စာအုပ်တွေ၊ ဂျာနယ်စာတမ်းတွေ၊ ကွန်ဖရင့် စာတမ်းတွေ၊ ဒါမှမဟုတ် အခြား ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေကို စနစ်တကျ စုစည်း၊ တင်ပြ၊ ဆန်းစစ်၊ ဝေဖန်သုံးသပ်ပြီး သုတေသနရဲ့ နေရာချထားမှု (position) ကို ရှင်းရှင်းလင်းလင်း ပြသတဲ့ အခန်းဖြစ်ပါတယ်။ ဒီအခန်းက သုတေသန ဘယ်လောက်