naywinaung ခွင့်ခံစားခြင်း

ခွင့်ခံစားခြင်း

ခွင့်ကိစ္စရပ်များ

နိုင်ငံဝန်ထမ်းနည်းဥပဒေများ အခန်း (၈) တွင် ခွင့်ခံစားခြင်းဆိုင်ရာသတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ နည်းဥပဒေ 70 မှ နည်းဥပဒေ ၁၁၉ အထိသတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါ နည်းဥပဒေအချု့ကိုထုတ်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၇၄။ ခွင့်သည် သာမန်အားဖြင့် ဝန်ထမ်းက တာဝန်လွဲအပ်သည့်နေ့ရက်တွင် စတင်ပြီး တာဝန်ပြန်လည်မထမ်းဆောင်မီတစ်ရက်တွင်ကုန်ဆုံးသည်။ ခွင့်စတင်သည့်နေ့ရက်၏ ရှေ့တွင်ဖြစ်စေ၊ ခွင့် ကုန်ဆုံးသည့်နေ့ရက်၏ နောက်တွင်ဖြစ်စေ ရုံးပိတ်ရက်များဖြစ်နေခဲ့သော် ထိုရုံးပိတ်ရက်များကို ခွင် ကာလအဖြစ် ရေတွက်ခြင်းမပြုရ။ သို့ရာတွင် ခွင့်ရက်များ၏ရှေ့ရက်နှင့် နောက်ရက်များသည် ရုံးပိတ်ရက်များဖြစ်နေပါက ရုံးပိတ်ရက်တစ်ဖက်ကို ခွင်ရက်အဖြစ် ထည့်သွင်းရေတွက်မည်။

နည်းဥပဒေ ၇၅။ ခွင့်ခံစားနေသည့်ဝန်ထမ်းသည် ခွင့် ကာလအတွင်း၌အခြားဝင်ငွေရရှိသည့် အလုပ်တစ်ခုခုတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်းမပြုရ။ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသည့် ဝန်ထမ်းသည်ဝင်ငွေရရှိသည့် လုပ်ငန်းတစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်ခွင်ရရှိခဲ့စေကာမူ ယင်း၏အငြမ်းစားယူခွင့် လျှောက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းခွင့် မရှိစေရ။

နည်းဥပဒေ ၇၆။ အများပြည်သူအကျိုးငှာ လိုအပ်လျှင် ခွင့်ခစားနေသောဝန်ထမ်းကို ခွင့်မှပြန်လည် ခေါ်ယူနိုင်သည်။ ယင်းသို့ ခေါ်ယူသည့်အခါဝန်ထမ်းသည်မည်သည့် အကြောင်းနှင့်မျှ ငြင်းပယ်ခွင့်မရှိဘဲ မပျက်မကွက်ပြန်လာရမည်။ ထိုသို့ ပြန်လည်ခေါ်ယူသည့်ဝန်ထမ်းအတွက် အောက်ပါအတိုင်းခံစားစေရမည် –

(က) ခွင့်ခံစားနေသည့်ဒေသမှ တာဝန်ထမ်းဆောင်ရန်စတင်ခရီးထွက်သည့်နေ့ရက်မှစ၍ တာဝန်ချိန် အဖြစ် သတ်မှတ်ခြင်း

(ခ) ခွင့်ခစားနေသည့်ဒေသမှ တာဝန်ထမ်းဆောင်မည့်ဒေသသို့ သွားရောက်သည့် ခရီးအတွက်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကအခါအားလျော်စွာ သတ်မှတ်သည့် ခရီးစရိတ် ကိုသတ်မှတ်နွန်းထားအတိုင်း ခံစားခွင့်ပြုခြင်း၊

(ဂ) တာဝန်ပြန်လည်ထမ်းဆောင်သည့် နေ့ရက်မတိုင်မီတစ်ရက်အထိ ခွင့်လစာကို ခွင့်ပြုခြင်း။

 နည်းဥပဒေ ၇၉။ ဝန်ထမ်းသည် ိမိကိုခွင့်ပြုထားသည့် ခွင့်ကာလကုန်ဆုံးသော်လည်း အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်းမပြု လျှင်ထိုကျော်လွန်သည့် ကာလအတွက် ခွင့်လစာရခွင့်မရှိ။ ခိုင်လုံသော အကြောင်းမရှိဘဲ ခွင့်ရက်ကျော်လွန်ခဲ့ပါက ဝန်ထမ်းကို နည်းဥပဒေများနှင့်အညီ အရေးယူရမည်။

နည်းဥပဒေ ၈၁။ ဝန်ထမ်းကို အငြိမ်းစားယူရမည့် အသက်ပြည့်သည့်နေ့ ရက်မတိုင်မီ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် လေးလခံစားခွင့်ပြုရမည်။ အငြိမ်းစားယူရန်ကြိုတင်ပြင်ဆင်ခွင့်ကို အချိန်မီတောင်းခံခဲ့ရတွင် ခွင့်ပေးပိုင်ခွင့်ရှိသူက တောင်းခံသည့် ခွင့်ကာလ တစ်ခုလုံးကိုဖြစ်စေ၊တစ်စိတ်တစ်ဒေသကိုဖြစ်စေ အများပြည်သူ အကျိုးငှာ ငြင်းပယ်ခဲ့လျှင်ထိုငြင်းပယ်သည့်ခွင့် ကာလကို အငြိမ်းစားယူရမည့်နေ့ရက်မှစ၍ စတင်ခံစားခွင့်ရှိသည်။ ယင်းကိစ္စရပ်တွင် အငြိမ်းစားယူရန် သတ်မှတ်ထားသောအသက်ထက် ကျော်လွန်သော ကာလကို အမှုထမ်းသက် တွင် ထည့်သွင်းတွက်ချက်ရမည်။

နည်းဥပဒေ ၈၃။ စာရိတ္တပျက်ပြားမှုကြောင့်ဖြစ်စေ၊ ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်လျော် သောကြောင့်ဖြစ်စေ၊ ရာထူးတာဝန်ထမ်းဆောင်မှု ပျက်ယွင်းခြင်းကြောင့်ဖြစ်စေ ရာထူးမှထုတ်ပယ်ခြင်းသို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းခရသည့် ဝန်ထမ်းသည် မည်သည့်ခွင့်အမျိုးအစားကိုမျှ ခံစားခွင့်မရှိစေရ။

နည်းဥပဒေ ၈၄။ ရှောင်တခင်ခွင့်သည် ရုတ်တရက်နာမကျန်းဖြစ်ခြင်းကြောင့်လည်းကောင်း၊ အရေးကြီးသော ကိုယ်ရေးကိစ္စ ရုတ်ချည်းပေါ်ပေါက်ခြင်းကြောင့်လည်းကောင်း အလုပ်ခွင်သို့ မလာရောက်ဘဲ နေခွင့်ပြုသည့် ခွင့်ရက်တိုဖြစ်သည်။ ရှောင်တခင်ခွင့်ခစားနေသည် ဝန်ထမ်းကို အလုပ်ခွင်၌ ရှိနေသကဲ့သို့ မှတ်ယူရမည်။ ရှောင်တခင်ခွင့်ကို ခွင့်ပြုရာတွင်-

(က) အလုပ်ခွင်သို့ မလာရောက်နိုင်သည့် နေ့ရက်များအတွက် ရှောင်တခင်ခွင့် တောင်းရမည်။

(ခ) ရှောင်တခင်ခွင့် ခံစားသူသည် ခွင့်ပေးပိုင်ခွင်ရှိသူ၏ ခွင့်ပြုချက်မရဘဲ တာဝန်ကျရာ ဒေသမှထွက်ခွာခွင့် မရှိစေရ။

(ဂ) သာမန်အားဖြင့် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းရှောင်တခင်ခွင့် ၁၀ ရက် ထက်ပို၍ ခွင့်မပြုရ။

(ဃ) သို့ရာတွင် ခိုင်လုံသည့်အကြောင်းရှိပါက ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌ ၁၀ ရက် ထက်ပို၍ ခွင့်ပြု နိုင်သည်။ ယင်းသို့ ခွင့်ပြုရခြင်းသည် ယခင်ခံစားပြီးဖြစ်သည့် ရှောင်တခင်ခွင့်ရက်များတွင်ရုံးပိတ်ရက်များ ပါဝင်ခဲ့ခြင်း သို့မဟုတ် ယခုတောင်းခံသည့် ရှောင်တခင်ခွင့်ရက်များတွင်ရုံးပိတ်ရက် ပါဝင်နေခြင်းတို့အတွက် ရှောင်တခင် 20 ရက်ထက် ပိုပြီး ခွင့်ပြုပေးရန် ခိုင်လုံသည့်အကြောင်းများရှိလျှင် ခွင့်ပြုပိုင်ခွင့်ရှိသူက ထည့်သွင်းစဉ်းစားပြီး ခွင့်ပြုပေးရန်ဖြစ်သည်။

(င)သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကိုအထူးရှောင်တခင်ခွင့်အဖြစ် သီးသန့် ခံစားခွင်ရှိသည်။ သို့ရာတွင် ရှောင်တခင်ခွင့် ၁၀ ရက်တွင်ယင်းနှစ်ရက်ကို ထည့်သွင်းရေတွက်ခြင်းမပြုရ။အခြားခွင့်များနှင့် ရှေ့နောက်ဆက်၍ ခွင့်မပြုရ။

(စ)ရှောင်တခင်ခွင့်ရက်အတွက် တာဝန်ချိန် လစာနှန်းပြည့်ကို ခံစားခွင့်ရှိသည်။

(ဆ) ရှောင်တခင်ခွင့်ကို အခြားခွင့်များနှင့်ဖြစ်စေ၊ကူးပြောင်းချိန်နှင့်ဖြစ်စေ အားလပ်ရက်ရှည်နှင့်ဖြစ်စေ ဆက်၍ခွင့်မပြုရ။ ရှောင်တခင်ခွင်နှင်တစ်ဆက်တည်း အခြားခွင့်တစ်မျိုးကို တောင်းခံခဲ့သော် ရှောင်တခင်ခွင့် ပျက်ပြယ် သွားပြီးနောက်ရှောင်တခင်ခွင့်နှင်ဆက်၍ တောင်းခံသောခွင့်ကိုရှောင်တခင်ခွင့်စသည့် နေ့ရက်မှစ၍ ခွင့်ပြုရမည်။

(ဇ)ရှောင်တခင်ခွင်အတွက် ခွင့်မှတ်တမ်းများကိုခွင့်ပြုပိုင်ခွင့်ရှိသူထံတွင် ထားရှိရမည်။

နည်းဥပဒေ ၉၃။ ဆေးလက်မှတ်ခွင့်သည် တာဝန်ထမ်းဆောင်သည့်ကာလကို အခြေမခံဘဲ လုပ်သက်နုရင့် မရွေး ခွင့်ပြုနိုင်သည့် ခွင့်မျိုးဖြစ်သည်။ ဆေးလက်မှတ်ခွင့်ကို ခွင့်ပြုရာတွင်-

(က) ဝန်ထမ်းလုပ်သက် တစ်လျှောက်လုံးအတွက် ခွင့်ပြုနိုင်သည်ကာလသည် ၁၂ လ ဖြစ်သည်။ အထူးလုံလောက်သော ကိစ္စများတွင် နောက်ထပ်ခြောက်လထိ ထပ်မံခွင့်ပြုနိုင်သည်။

(ခ) ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့၏ ထောက်ခံချက်ကို တင်ပြမှသာ ခွင့်ပြုရမည်။ တစ်ကြိမ်လျှင်မည်မျင့်ပြရမည်ဟု သတ်မှတ်ချက် မရှိသော်လည်းဆေးလက်မှတ်၌ ထောက်ခံထားသည့် ကာလထက်ကျော်လွန်၍ ခွင့်မပြု။

(ဂ)ဝန်ထမ်းတစ်ဦးသည် ဆေးလက်မှတ်ခွင့်ကုန်ဆုံးချိန်တွင် ကျန်းမာစွာဖြင့် တာဝန်ပြန်လည်ထမ်းဆောင် နိုင်ဖွယ် အခြေအနေရှိသည်ဟုဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က မှတ်ချက်ပြုမှသာ ဆေးလက်မှတ်ခွင့်ကို ခွင့်ပြုရမည်။

(ဃ) ဝန်ထမ်းသည် ဆေးလက်မှတ်ခွင့်အစားလုပ်သက်ခွင့် ခံစားခွင့်ပြုရန် တောင်းခံပါကလုပ်သက်ခွင့်ကို ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုသည့် လုပ်သက်ခွင့် ကာလကို နည်းဥပဒေခွဲ (က)တွင်ပါရှိသည့် ဆေးလက်မှတ်ခွင့် ကာလသတ်မှတ်ချက်တွင် ထည့်သွင်း တွက်ချက်ခြင်းမပြုရ။

နည်းဥပဒေ ၉၄။ ဆေးလက်မှတ်ခွင့် ကာလအတွင်း ခွင့်လစာကို ပျမ်းမျှလစာ၏ ၁/၂ နှုန်းခံစားခွင့်ရှိသည်။

နည်းဥပဒေ ၉၆။ လစာမဲ့ခွင့်သည် ဝန်ထမ်း၏ခွင့်စာရင်း၌ အခြားခွင့်အမျိုးအစားများ မကျန်ရှိသည့်အခါ သို့မဟုတ် အခြားခွင့် အမျိုးအစားများရှိသော်လည်း ဝန်ထမ်းကိုယ်တိုင်က လစာမဲ့ခွင့်ကို ခွင့်ပြုရန် စာဖြင့်တောင်းခံသည့်အခါတွင် ခွင့်ပြုသည်ခွင့်ဖြစ်သည်။

နည်းဥပဒေ ၉၇။ လစာမဲ့ခွင့်ကို အခြားသောခွင့်များနှင့် ဆက်စပ်ခွင့်ပြုနိုင်သည်။

နည်းဥပဒေ ၉၉။ လစာမဲ့ခွင့် ကာလအတွင်း မည်သည့်ခွင့်လစာမျှခံစားခွင့်မရှိ။ ဤခွင် ကာလကို အငြိမ်းစားလစာရေတွက်ရာတွင် လုပ်သက်ကာလအဖြစ် ထည့်သွင်းရေတွက်ခြင်းမပြုရ။

နည်းဥပဒေ ၁ဝဝ။ လစာမဲ့ခွင့် ကာလအတွင်း ဝန်ထမ်းရေးရာခစားခွင့်များ အားလုံးဆုံးရှုံးသည်။ သို့ရာတွင် နာမကျန်းဖြစ်ခြင်းကြောင့်ဖြစ်စေ၊မလွဲမရှောင်သသည့် အကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ လစာမဲ့ခွင့် ခံစားခဲ့ရခြင်းဖြစ်ပါက လစာမဲ့ခွင့် ကာလအတွက် လစာငွေကိုသာ ထိခိုက်စေပြီး အခြားဝန်ထမ်းရေးရာ အခွင့်အရေးများ ဆုံးရှံးမှုမဖြစ်စေရ။

နည်းဥပဒေ ၁၁၇။ ပညာလေ့လာဆည်းပူးခွင့်ဆိုသည်မှာ နိုင်ငံတော်၏အကျိုးငှာ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းအကြီးအမှူးက အဆိုပြု နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွတ်ရေးကော်မတီ၏ ထောက်ခံ တင်ပြမှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ ပြည်ပတွင်ဒီပလိုမာ၊ ဘွဲ့လွန်၊ ပါရဂူဘွဲ့ တက်ရောက်ခြင်း သို့မဟုတ် ပညာရပ်အတွေ့အကြုတစ်ခုခုကို သွားရောက်လေ့လာခြင်းကိုဆိုသည်။

နည်းဥပဒေ ၁၁၈။ ပညာလေ့လာဆည်းပူးခွင့် ကာလကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူးက တာဝန်ချိန်အဖြစ် သတ်မှတ်ပြီးလစာနှန်းပြည် ခံစားခွင့်ပြုရမည်။

နည်းဥပဒေ ၁၁၉။ ပြည်ပသို့သွားရောက်ရသည့် နိုင်ငံခြားပညာသင်များသည် နိုင်ငံတော်ကသတ်မှတ် ခွင့်ပြုသည့် ဝတ်စုံစရိတ်၊ အသေးသုံးစရိတ်တို့ကို ခံစားခွင့်ရှိသည်။ ထို့ပြင် ပညာသင်ဆုကမ်းလှမ်းသည့် နိုင်ငံ သို့မဟုတ်အဖွဲ့အစည်းကထောက်ပံ့ပေးသော ပညာသင်စရိတ်၊ အသုံးစရိတ်တို့ကိုလည်းခံစားခွင့်ရှိသည်။

မှတ်ချက်။ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ(၉-၆-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ(၂၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီး ဖြစ်ပါသည်။

 


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Thesis Title တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲThesis Title တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲ

Thesis Title ဆိုတာ သုတေသနရဲ့ အနှစ်ချုပ်ကို ဖော်ပြတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Title ကောင်းတစ်ခုက လူတွေကို ဖတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်သလို Title ညံ့တစ်ခုက လူတွေကို စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါကြောင့် Thesis Title ကို သေချာရွေးချယ်ဖို့ လိုပါတယ်။ ဒါဆို Thesis Title ကို ဘယ်လိုရွေးချယ်ရမလဲ။ ၁။သုတေသနရဲ့ အဓိကအကြောင်းအရာကို

Simple Linear Regression နှင့် CorrelationSimple Linear Regression နှင့် Correlation

အခန်း ၉ ဖြစ်တဲ့ “Simple Linear Regression နှင့် Correlation” အကြောင်းကို အသေးစိတ် တင်ပြပေးပါမယ်။ဒီအခန်းက ဘာတွေအကြောင်းလဲဆိုတော့ အချက်အလက်နှစ်ခုကြားက ဆက်နွှယ်မှုကို ဘယ်လို လေ့လာမယ်၊ တိုင်းတာမလဲဆိုတဲ့ အခြေခံနည်းလမ်းနှစ်ခုကို မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ Regression က အချက်အလက်တစ်ခု (Y) ကို နောက်တစ်ခု (X) ကို အခြေခံပြီး ခန့်မှန်းတာ၊

Leon Gordis ၏ EpidemiologyLeon Gordis ၏ Epidemiology

Leon Gordis ၏ Epidemiology အကြောင်း ဖတ်မိသမျှစာအုပ်က Epidemiology လို့ခေါ်တဲ့ ဘာသာရပ်အကြောင်းပါ။ Epidemiology ဆိုတာကတော့ လူဦးရေတွေထဲမှာ ရောဂါတွေ ဘယ်လိုပျံ့နှံ့နေလဲ၊ ဒီပျံ့နှံ့မှုကို လွှမ်းမိုးတဲ့အချက်တွေက ဘာတွေလဲဆိုတာကို လေ့လာတာ ဖြစ်ပါတယ်။ လူတိုင်း ရောဂါမဖြစ်ကြပါဘူး။ အချို့သူတွေမှာပဲ ရောဂါဖြစ်တတ်တာကို လေ့လာပြီး ဘယ်လိုဝိသေသလက္ခဏာတွေက ရောဂါကိုဖြစ်စေနိုင်လဲ ဒါမှမဟုတ် ကာကွယ်ပေးနိုင်လဲဆိုတာကို ရှာဖွေတာပါ။ဒီစာအုပ်မှာ အဓိကအားဖြင့်