ငွေပေးချေပုံစံ (Payment Models)
၁. Fee-for-Service
ဝန်ဆောင်မှုတစ်ခုလုပ်တိုင်း ငွေရှင်းရတဲ့ ပုံစံ။ လူနာကြည့်တာ၊ ဆေးစစ်တာ၊ ဆေးညွှန်းတာ၊ ခွဲစိတ်တာ တစ်ခုချင်း သီးသန့်ပိုက်ဆံရပါတယ်။
အားသာချက် → လူနာများများကြည့်ရင် ဝင်ငွေများများရတယ်။
အားနည်းချက် → မလိုအပ်တဲ့ စစ်ဆေးမှုတွေ များလာတတ်တယ်၊ ကုန်ကျစရိတ်ကြီးတယ်၊ ကြိုတင်ကာကွယ်တာ နည်းတယ်။ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ။
အဓိက အသုံးပြုလေ့ရှိတဲ့နေရာ → ပုဂ္ဂလိက ဆေးခန်းတွေ၊ အထူးကုဆရာဝန်တွေ၊ အမေရိကန်လို ကျန်းမာရေးစနစ်မှာ အများဆုံးသုံးပါတယ်။
၂. Capitation
လူနာတစ်ယောက်ကို တစ်လ ဒါမှမဟုတ် တစ်နှစ်လျှင် ငွေပမာဏ ပုံသေကြိုပေးထားပါတယ်။ လူနာဘယ်လောက်လာလာ ငွေထပ်မရတော့ပါဘူး။
အားသာချက် → ကြိုတင်ကာကွယ်တာ၊ ကျန်းမာရေးပညာပေးတာ များလာပါတယ်၊ ကုန်ကျစရိတ်ထိန်းလို့ရပါတယ်။
အားနည်းချက် → ကုသမှု နည်းနည်းပဲ လုပ်ပေးမှာ စိုးရိမ်ရပါတယ်။
အဓိက အသုံးပြုလေ့ရှိတဲ့နေရာ → Managed Care အဖွဲ့အစည်းတွေ၊ HMO စနစ်၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု(Primary Care) မှာ အများဆုံးသံုးပါတယ်။
၃. Episode/Case-Based (Bundled Payment)
ရောဂါတစ်ခု ဒါမှမဟုတ် ကုသမှုတစ်ကြိမ်လုံးကို ငွေပမာဏ ပုံသေတစ်ခုတည်း ပေးပါတယ် (ဥပမာ တင်ပဆုံခွဲစိတ်တာ တစ်ခုလုံး ကျသင့်ငွေ ၅၀ သိန်း ဆိုပြီး)။
အားသာချက် → ဆရာဝန်၊ ဆေးရုံ၊ ဓာတ်ခွဲခန်း အကုန်ပူးပေါင်းရတယ်၊ အရည်အသွေးတက်တယ်၊ ကုန်ကျစရိတ်ထိန်းလို့ရပါတယ်။
အဓိက အသုံးပြုလေ့ရှိတဲ့နေရာ → ခွဲစိတ်မှုအမျိုးအစားတွေ၊ နာတာရှည်ရောဂါ စီမံခန့်ခွဲမှု (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ)။
၄. Global Budget
ဆေးရုံ ဒါမှမဟုတ် ကျန်းမာရေးဌာနတစ်ခုလုံးကို တစ်နှစ်စာ ဘတ်ဂျက်တစ်ခုတည်း ကြိုသတ်မှတ်ပေးထားပါတယ်။
အားသာချက် → နိုင်ငံလုံးဆိုင်ရာ ကုန်ကျစရိတ်ကို တိတိကျကျ ထိန်းချုပ်လို့ရပါတယ်။
အဓိက အသုံးပြုလေ့ရှိတဲ့နေရာ → အစိုးရဆေးရုံကြီးတွေ၊ ပြည်သူ့ကျန်းမာရေးစနစ် (ဥပမာ ဗြိတိန် NHS၊ ကနေဒါ၊ ထိုင်း ကျန်းမာရေးဝန်ကြီးဌာန စသဖြင့်)။
၅. Per Time Period (Salary-based / Fixed Salary)
ဆရာဝန်ကို အချိန်အလိုက် လစာပုံသေပေးတာ (တစ်လလုံး၊ တစ်ပတ်လုံး)။
အဓိက အသုံးပြုလေ့ရှိတဲ့နေရာ→ အစိုးရဆေးရုံ၊ ပြည်သူ့ဆေးရုံ၊ တက္ကသိုလ်ဆေးရုံတွေမှာ ဝန်ထမ်းဆရာဝန်တွေ။
၆. Per Beneficiary / Per Member Per Month (PMPM)
အာမခံကုမ္ပဏီက မှတ်ပုံတင်ထားတဲ့ လူနာတစ်ယောက်ကို တစ်လလျှင် ငွေပမာဏတစ်ခု ပေးပါတယ် (Capitation နဲ့ အလွန်ဆင်ပါတယ်)။
အဓိက အသုံးပြုလေ့ရှိတဲ့နေရာ → HMO၊ Managed Care ကုမ္ပဏီကြီးတွေ (အမေရိကန်မှာ Kaiser Permanente စသဖြင့်)။
၇. Per Diem
ဆေးရုံတက်နေတဲ့ တစ်ရက်ကို ငွေပမာဏတစ်ခု ပေးတယ်။
အားနည်းချက် → ဆေးရုံက လူနာကို မြန်မြန်ဆင်းခိုင်းလာတတ်တယ်။
အဓိက အသုံးပြုလေ့ရှိတဲ့နေရာ → ဆေးရုံတက်ကုသမှု၊ ပြန်လည်ထူထောင်ရေးဌာန၊ သူနာပြုဂေဟာ (nursing home) တွေ။
၈. Per Dollar of Cost / Cost Reimbursement
တကယ်ကုန်ကျခဲ့တဲ့ ငွေပမာဏကို ပြန်အမ်းပေးပါတယ် (ဆေးဖိုး၊ စက်ကိရိယာဖိုး စသဖြင့်)။
အဓိက အသုံးပြုလေ့ရှိတဲ့နေရာ→ ကျေးလက်ဆေးခန်း၊ အစိုးရ ကျန်းမာရေးပရောဂျက်တွေ၊ အရေးပေါ်အကူအညီတွေ။
အနှစ်ချုပ်အားဖြင့် Fee-for-Service က ဝန်ဆောင်မှုများများလုပ်ရင် ငွေများများရပေမဲ့ ကုန်ကျစရိတ်ကြီးလွန်းလို့ အခုခေတ်မှာ ကမ္ဘာ့နိုင်ငံအများစုက Capitation၊ Bundled Payment၊ Global Budget လို “Value-Based” ပုံစံတွေကို တဖြည်းဖြည်း ပြောင်းသုံးလာကြပါတယ်။
နပေတိုး
လစာမတိုးချင်ရင် အခြား payment model ကို ပြောင်းလို့ရသလို၊ တွဲသုံးလို့ရပါတယ်။ ဆေးခန်းတွေတောင်မှ per diem + case base ပေါင်းသုံးနေကြတာပါပဲ။
Discover more from naywinaung
Subscribe to get the latest posts sent to your email.