naywinaung Excel ဆိုသည်မှာ အဘယ်နည်း

Excel ဆိုသည်မှာ အဘယ်နည်း

များသောအားဖြင့် excel ကိုအသုံးပြုကြတဲ့အခါမှာ စာရင်းဇယားများ ရေးဆွဲခြင်းနှင့် ကိန်းဂဏန်းများတွက်ချက်ခြင်းတို့တွင် အသုံးများကြပါတယ်။ သို့သော်လည်း ယနေ့ကာလတွင် excel သည် analytics, finance and statistics ကိစ္စများတွင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ 

ပထမဦးစွာ excel တွင်ပါဝင်သော စကားရပ်များကို သိရှိဖို့လိုအပ်ပါတယ်။

excel program တစ်ခုကို စတင်ဖွင့်လှစ်လိုက်တဲ့အခါ အခြားသော word program များတွင် file ဟုသတ်မှတ်သိမ်းဆည်းသော်လည်း excel တွင်မူ workbook ဟုသိမ်းဆည်းပါတယ်။ အဘယ်ကြောင့် workbook ဟုသိမ်းဆည်းပါသနည်း။ excel သည် သူ့၏ program ကို စာအုပ်တစ်အုပ်သဖွယ် သိမ်းဆည်းပါတယ်။ အကယ်၍ စာအုပ်တစ်အုပ်ဟု မှတ်သားသည်ဆိုလျှင် စာအုပ်တစ်အုပ်မှာ စာရွက်(သို့မဟုတ်) စာမျက်နာများ ပါဝင်ရမည် မဟုတ်ပါလား။ excel တွင် အဆိုပါ စာမျက်နာများကို sheet ဟူ၍ သိမ်းဆည်းပါတယ်။ စာမျက်နာ(၁) ကို sheet 1 ဟူ၍ သိမ်းဆည်းပါတယ်။သို့သော်လည်း သာမာန်စာအုပ်ထက်ပိုမိုသည်မှာ excel တွင် စာမျက်နာများကို မိမိကြိုက်နှစ်သက်ရာ နာမည်ပေးထားနိုင်ပါတယ်။ 

Sheet တစ်ခုတွင် ဘာတွေပါသလဲ????

Sheet တစ်ခုတွင် ပထမဆုံးအနေဖြင့် Ribbon ပါဝင်ပါတယ်။  အဆိုပါ Ribbon ပြီးလျှင် formula Bar ပါဝင်ပါတယ်။ ထို့နောက် excel program ရဲ့ အရေးကြီးတဲ့ Rows and Columns တို့ပါဝင်ပါတယ်။ အဆိုပါ Rows and Columns များသည် သက်ဆိုင်ရာ cells များကို ကိုယ်စားပြုပါတယ်။ ဉပမာအားဖြင့် မိမိတို့ရွေးချယ်လိုက်သော cell ကွက်သည် Column B နှင့် Row 7 တွင်တည်ရှိပါက အဆိုပါ cell ကို $B$7 သို့မဟုတ် B7 ဟူ၍ သတ်မှတ်ပါသည်။ အကယ်၍ မိမိတို့ရွေးချယ်ထားသော cells များသည် cell ကွက်တစ်ခုထက်ပိုမိုခဲ့သည်ဆိုပါက ၄င်းကို range ဟုခေါ်ဆိုပါသည်။ ဉပမာအားဖြင့် မိမိတို့သည် cell A1 မှ cell F1 အထိရွေးချယ်ခဲ့သည်ဆိုပါက ၄င်း cell range အား A1:F1 ဟု သတ်မှတ်နိုင်ပါသည်။ 


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Qualitative Research တစ်ခု ဘယ်လိုရေးသားကြမလဲQualitative Research တစ်ခု ဘယ်လိုရေးသားကြမလဲ

Qualitative Research (အရည်အသွေးအခြေပြု သုတေသန) ဆိုတာ ကိန်းဂဏန်းတွေထက် လူတွေရဲ့ အတွေ့အကြုံ၊ ခံစားချက်နဲ့ အပြုအမူတွေနောက်ကွယ်က “ဘာကြောင့် (Why)” နဲ့ “ဘယ်လို (How)” ဆိုတဲ့ အနက်အဓိပ္ပာယ်တွေကို ဖော်ထုတ်ရတာ ဖြစ်ပါတယ်။အဆင့် (၁) – Research Questions ကို သတ်မှတ်ခြင်းပထမဆုံးအနေနဲ့  ဘာကို သိချင်တာလဲဆိုတာကို တိတိကျကျ သတ်မှတ်ရပါမယ်။ Qualitative

သုတေသနစာတမ်းများ ပြုစုရာတွင် မရှိမဖြစ်လိုအပ်သော အဆင့် (၁၁) ဆင့်သုတေသနစာတမ်းများ ပြုစုရာတွင် မရှိမဖြစ်လိုအပ်သော အဆင့် (၁၁) ဆင့်

သုတေသနစာတမ်းများ ပြုစုရာတွင် မရှိမဖြစ်လိုအပ်သော အဆင့် (၁၁) ဆင့် ၁။ လိုအပ်သော စာပေများ၊ ကျမ်းကိုးများနှင့် လက်ရှိအခြေကိုသုံးသပ်ခြင်းများ ပြုလုပ်ခြင်း၂။ ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ ဉီးစားပေး ရွေးချယ်ရမည့် ပြဿနာများကို ရှာဖွေစမ်းစစ်ခြင်း၃။ ရည်မှန်းချက်၊ရည်ရွယ်ချက်များကို သတ်မှတ်ခြင်း၄။ လေ့လာမှုဆိုင်ရာ ဒီဇိုင်းပုံစံကို စီမံဆောင်ရွက်ခြင်း၅။ လုပ်ကိုင်ဆောင်ရွက်မည့်ကိစ္စများကို အဆင့်လိုက်ရွေးချယ်သတ်မှတ်ခြင်း၆။ မိမိကောက်ယူရရှိသော အချက်အလက်များကို ပြည့်စုံအောင်ဆောင်ရွက်ခြင်း၊ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းနှင့် သက်သေပြခြင်း၇။

SMART ကျကျ မက်ဆေ့ပို့မယ်SMART ကျကျ မက်ဆေ့ပို့မယ်

SMART ကျကျ မက်ဆေ့ပို့မယ် (သို့မဟုတ်)လုပ်ငန်းကိစ္စ Message ပေးပို့ရာမှာ SMART ကို ဘယ်လိုသုံးမလဲလုပ်ငန်းကိစ္စနဲ့ Message ပေးပို့တဲ့အခါ Message ကို ရှည်လျားအောင်ရေးတာထက် ဖတ်လိုက်တာနဲ့ ဘာကိစ္စလဲ၊ ဘာလုပ်ရမလဲ၊ ဘယ်အချိန်အပြီး လုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်အောင် ရေးဖို့ အရေးကြီးပါတယ်။ အဲဒီလို Message ရေးသားရာမှာ SMART concept ကို အသုံးပြုနိုင်ပါတယ်။SMART