naywinaung Excel ဆိုသည်မှာ အဘယ်နည်း

Excel ဆိုသည်မှာ အဘယ်နည်း

များသောအားဖြင့် excel ကိုအသုံးပြုကြတဲ့အခါမှာ စာရင်းဇယားများ ရေးဆွဲခြင်းနှင့် ကိန်းဂဏန်းများတွက်ချက်ခြင်းတို့တွင် အသုံးများကြပါတယ်။ သို့သော်လည်း ယနေ့ကာလတွင် excel သည် analytics, finance and statistics ကိစ္စများတွင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ 

ပထမဦးစွာ excel တွင်ပါဝင်သော စကားရပ်များကို သိရှိဖို့လိုအပ်ပါတယ်။

excel program တစ်ခုကို စတင်ဖွင့်လှစ်လိုက်တဲ့အခါ အခြားသော word program များတွင် file ဟုသတ်မှတ်သိမ်းဆည်းသော်လည်း excel တွင်မူ workbook ဟုသိမ်းဆည်းပါတယ်။ အဘယ်ကြောင့် workbook ဟုသိမ်းဆည်းပါသနည်း။ excel သည် သူ့၏ program ကို စာအုပ်တစ်အုပ်သဖွယ် သိမ်းဆည်းပါတယ်။ အကယ်၍ စာအုပ်တစ်အုပ်ဟု မှတ်သားသည်ဆိုလျှင် စာအုပ်တစ်အုပ်မှာ စာရွက်(သို့မဟုတ်) စာမျက်နာများ ပါဝင်ရမည် မဟုတ်ပါလား။ excel တွင် အဆိုပါ စာမျက်နာများကို sheet ဟူ၍ သိမ်းဆည်းပါတယ်။ စာမျက်နာ(၁) ကို sheet 1 ဟူ၍ သိမ်းဆည်းပါတယ်။သို့သော်လည်း သာမာန်စာအုပ်ထက်ပိုမိုသည်မှာ excel တွင် စာမျက်နာများကို မိမိကြိုက်နှစ်သက်ရာ နာမည်ပေးထားနိုင်ပါတယ်။ 

Sheet တစ်ခုတွင် ဘာတွေပါသလဲ????

Sheet တစ်ခုတွင် ပထမဆုံးအနေဖြင့် Ribbon ပါဝင်ပါတယ်။  အဆိုပါ Ribbon ပြီးလျှင် formula Bar ပါဝင်ပါတယ်။ ထို့နောက် excel program ရဲ့ အရေးကြီးတဲ့ Rows and Columns တို့ပါဝင်ပါတယ်။ အဆိုပါ Rows and Columns များသည် သက်ဆိုင်ရာ cells များကို ကိုယ်စားပြုပါတယ်။ ဉပမာအားဖြင့် မိမိတို့ရွေးချယ်လိုက်သော cell ကွက်သည် Column B နှင့် Row 7 တွင်တည်ရှိပါက အဆိုပါ cell ကို $B$7 သို့မဟုတ် B7 ဟူ၍ သတ်မှတ်ပါသည်။ အကယ်၍ မိမိတို့ရွေးချယ်ထားသော cells များသည် cell ကွက်တစ်ခုထက်ပိုမိုခဲ့သည်ဆိုပါက ၄င်းကို range ဟုခေါ်ဆိုပါသည်။ ဉပမာအားဖြင့် မိမိတို့သည် cell A1 မှ cell F1 အထိရွေးချယ်ခဲ့သည်ဆိုပါက ၄င်း cell range အား A1:F1 ဟု သတ်မှတ်နိုင်ပါသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

ဒေတာအကြောင်း အပိုင်း ၂ဒေတာအကြောင်း အပိုင်း ၂

ဒေတာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ သတင်းအချက်အလက်တွေပါပဲ။ ဒါပေမယ့် ဒီဒေတာတွေကို ဘယ်လိုပုံစံနဲ့ ဖော်ပြမလဲဆိုတာက အရေးကြီးတယ်။ ဒေတာက အဓိက နှစ်မျိုးရှိပါတယ်။ အရေအတွက်ဆိုင်ရာ ဒေတာ (Quantitative) နဲ့ အရည်အသွေးဆိုင်ရာ ဒေတာ (Qualitative) ဆိုပြီး ခွဲလို့ရပါတယ်။ အခုကျွန်တော် ဒီနှစ်မျိုးကို တစ်မျိုးချင်း ပြောပြပြီး ဘယ်လို ပုံဖော်နည်းတွေ သုံးလို့ရလဲဆိုတာ ဆက်ရှင်းပါမယ်။ ၁.

EHEALTH ArchitectureEHEALTH Architecture

#eHealth#Architecture     အရင်အပတ်တွေက eHealth Model တွေအကြောင်းကို အကြမ်းဖျဉ်းရေးခဲ့ပါတယ်။ ကျန်တဲ့ model တွေကို ဆက်မရေးတော့ပါဘူး။ အားလုံးပဲ မိမိတို့ စိတ်ဝင်စားရင် ရှာဖတ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော့်ထံ email ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။အခု ဆက်ပြီးရေးသားချင်တာက eHealth Architecture တွေပဲဖြစ်ပါတယ်။ Architecture တွေအကြောင်းကို မပြောခင် ဘာကြောင့် Architecture တွေက အရေးကြီးသလဲ

သုတေသီ၏ရှုထောင့်သုတေသီ၏ရှုထောင့်

#Research_Methodology သုတေသီ၏ရှုထောင့် သုတေသီတစ်ဦးသည် အတွင်းလူအဖြစ်ပါဝင်သလား အပြင်လူအဖြစ် ပါဝင်သလားဆိုသည့် ကိစ္စရပ်သည်လည်း သုတေသီ၏ရှုထောင့်အား များစွာ သက်ရောက်စေသည်။ သုတေသီ၏ရှုထောင့်သည် ဒသနိကဆိုင်ရာ subJective and Objective ရှုထောင့်များအပြင် အဆိုပါ သုတေသီသည် မည်သည့်နေရာမှ ပါဝင်သနည်းဆိုသည်ကိုလည်း သိရှိရမည်။ အထူးသဖြင့် လုပ်ငန်းခွင်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် သက်ရောက်မှုပိုမိုသည်။ အတွင်းလူဆိုရာတွင် တဝက်တပျက် အတွင်းလူများ ပါဝင်သကဲ့သို့ အပြင်လူဆိုရာတွင်လည်း