naywinaung သုတေသနကျင့်ဝတ်

သုတေသနကျင့်ဝတ်

 

ကျင့်ဝတ်ဆိုသည်မျာ သုတေသီများနှင့်ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများအတွက် မရှိမဖြစ်လိုအပ်သော စည်းကမ်းဖြစ်သည်။ကျင့်ဝတ်ဆိုသည်မှာ သိပ္ပံပညာဆိုင်ရာ အလေးအမြတ်ထားမှုနှင့် အမှုအကျင့်များအတွက် စည်းမျဉ်းစည်းကမ်းလည်းဖြစ်သည်။ကျင့်ဝတ်သည် သုတေသုနလုပ်ငန်းစဉ်အဆင့်ဆင့်အတွက် လုပ်သင့်သည့် အမှန်တရားနှင့် မလုပ်သင့်သည့်တားမြစ်ချက်များအတွက် အယူအဆရေးရာကိစ္စလည်းဖြစ်သည်။ကျင့်ဝတ် ဆိုင်ရာ စောင့်စည်းခြင်းသည် သုတေသနကိစ္စရပ်တစ်ခုတည်းတွင်သာမက စီးပွါးရေးလုပ်ငန်းများ၊ လူမှုဆက်ဆံရေးကဏ္ဍများနှင့်ကုန်သွယ်ရေးကိစ္စများတွင်လည်း အရေးကြီးသည်။

သုတေသနဆိုင်ရာကျင့်ဝတ်သည် သုတေသနပြုလုပ်နေစဉ် အတွင်း မလိုလားအပ်သောထိခိုက်နစ်နာမှုများကို ကာကွယ်ရန် ရည်ရွယ်သည်။အကယ်၍ သင်သည် လူများအား သုတေသနပြုလုပ်မည်ဆိုပါက ကျင့်ဝတ်ကိစ္စသည် အလွန်တရာအရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ထိခိုက်နစ်နာမှုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသာမက စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများပါ အကျုံးဝင်သည်။

Cameron and Price က ၂၀၀၉ ခုနှစ်တွင် ကျင့်ဝတ်ကိစ္စများနှင့်ပတ်သက်၍ တာဝန်ဝတ္တရားလေးခုရှိကြောင်း တင်ပြခဲ့သည်။ အဆိုပါ တာဝန်ဝတ္တရားများမှာ

၁။ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရား

၄င်းသည် သုတေသနပြုလုပ်သော နိုင်ငံတွင်းသာမက မည်သည့်ဒေသမဆို သက်ရောက်အကျုံးဝင်သည်။

၂။ပညာရပ်ဆိုင်ရာ တာဝန်ဝတ္တရား

၄င်းသည် ပညာရပ်ဆိုင်ရာနယ်ပယ်အလိုက် ပြဌာန်းသော ကျင့်ဝတ်စည်းကမ်းများကို ဆိုလိုသည်။

၃။ဓလေ့ထုံးတမ်းဆိုင်ရာ တာဝန်ဝတ္တရား

၄င်းသည် လူမှုပတ်ဝန်းကျင်အတွင်း နေထိုင်ကြသော လူမျိုးအသီးအသီးအလိုက် ဓလေ့ထုံးတမ်းများကို ဆိုလိုသည်။

၄။ပုဂ္ဂိုလ်ရေးဆိုင်ရာ တာဝန်ဝတ္တရား

၄င်းသည် သုတေသနလုပ်ငန်းစဉ်အတွင်းပါဝင်သော လူပုဂ္ဂိုလ်တစ်ဦးခြင်းဆီ၏ ဆန္ဒနှင့်သဘောထားကို ဆိုလိုသည်။

သုတေသီသည် သုတေသနလုပ်ငန်းစဉ်အတွင်း ပါဝင်ပတ်သက်သူအားလုံးအတွက် တာဝန်ယူ၊တာဝန်ခံရမည်။

သက်ဆိုင်ရာပညာရပ်ဆိုင်ရာနယ်ပယ်အသီးသီး သို့မဟုတ် အဖွဲ့အစည်းအသီးသီးတွင် သုတေသီများ လိုက်နာသင့်သော ကျင့်ဝတ်စည်းကမ်းများကို ပြဌာန်းသတ်မှတ်ထားလေ့ရှိသည်။ လူပုဂ္ဂိုလ်များအား လေ့လာစမ်းစစ်ရာတွင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်။

၁။ ကြိုတင်ခွင့်ပြုချက်ရယူခြင်း

သက်ဆိုင်ရာပါဝင်ပတ်သက်သူအားလုံးအား မိမိ၏ သုတေသနနှင့်ပတ်သက်သော အကြောင်းအကျိုး၊ အကောင်းအဆိုး၊ တာဝန်ယူမှု၊တာဝန်ခံမှုတို့အား ကြိုတင် အသိပေးရမည်။ ၄င်းတို့အနေဖြင့် မိမိ၏ သုတေသန လုပ်ငန်းစဉ်အတွင်း အမှန်တကယ်ပါဝင်လိုခြင်း ရှိ/မရှိအား မေးမြန်းရမည်။ ထို့အပြင် ၄င်းတို့ အမှန်တကယ်ပါဝင် လိုပါကြောင်း အထောက်အထားအားလည်း မှတ်တမ်းယူထားရမည့်အပြင် သက်ဆိုင်သူအား လက်မှတ်ရေးထိုး ခိုင်းရမည်။ အကယ်၍ မိမိ၏ သုတေသနတွင် အသက်(၁၆)နှစ်အောက် ကလေးငယ်များပါဝင်ပါက ၄င်းတို့၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ခွင့်ပြုချက်အား ရယူရမည်။

အကယ်၍ သုတေသနလုပ်ငန်းစဉ်တွင် ပါဝင်သောကြောင့် လက်ဆောင်တန်စိုးပေးအပ်ခြင်း ပြုလုပ်လိုပါက သုတေသနလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ပြီးမှသာ ပေးအပ်ရမည်။

သုတေသနလုပ်ငန်းစဉ်တွင် ပါဝင်သူများသည် ၄င်းတို့၏ဆန္ဒကြောင့် သုတေသနလုပ်ငန်းစဉ်တွင် ဆက်လက် ပါဝင်လိုစိတ်မရှိတော့ပါက သုတေသီမှ ခွင့်ပြုရမည်။

ထို့အပြင် သုတေသနတွင် ပါဝင်သူများမှ ၄င်းတို့၏ အချက်အလက်များကို ပယ်ဖျက်ပေးရန် တောင်းဆိုလာပါက သုတေသီမှ ဖျက်စီးဖယ်ရှားပေးရမည်။

၂။ပွင့်လင်းမြင်သာမှုနှင့်ပူးပေါင်းပါဝင်မှု

သုတေသီသည် ၄င်း၏ သုတေသနအတွက် ပါဝင်ပါတ်သက်သူများအား ပွင်းလင်းစွာ ရှင်းပြရမည့်အပြင် မိမိပြုလုပ်သော သုတေသနလုပ်ငန်းစဉ်ပေါ်တွင် ရိုးသားရမည်။

သုတေသီသည် ရရှိလာသော အချက်အလက်များကို မလိုအပ်ပဲ ပြုပြင်ပြောင်းလဲခြင်းမပြုလုပ်ရပါ။

ပါဝင်ပတ်သက်သူအားလုံးအားလည်း ရရှိလာသော သုတေသနရလာဒ်များကို ပွင်းလင်းရိုးသားစွာ ရှင်းလင်းတင်ပြရမည်။

၃။ မလိုလားအပ်သောထိခိုက်မှုများမှကာကွယခြင်း

သုတေသီသည် သုတေသနလုပ်ငန်းစဉ်မှ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်နစ်နာစေသော အကြောင်းတရားများကို ရှောင်ကြဉ်ရမည်။ထို့အပြင် ပါဝင်ပတ်သက်သူများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက်အလက်များကို ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသည်။

၄။လုံခြုံစိတ်ချရမှု

မည်မျှပင် သုတေသနလုပ်ငန်းစဉ်တွင်ပါဝင်ပတ်သက်သူများက လက်မှတ်ထိုးထားသည်ဆိုသော်ငြား သုတေသီသည် ၄င်းတို့အပေါ်တွင် လေးစားမှုဖြင့် တတ်နိုင်သမျှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ထိမ်းသိမ်းစောင့်ရှောက်ရမည်။

၅။သုတေသနလုပ်ထုံးလုပ်နည်းနှင့်ကျင့်ဝတ်ဆိုင်ရာ ပညာရပ်အသီးသီး၏ သတ်မှတ်ချက်

သုတေသနသည် စံသတ်မှတ်ချက်များနှင့်အညီ သုတေသနပြုလုပ်ရမည့်အပြင် မိမိတို့၏ ပညာရပ်ဆိုင်ရာ နယ်ပယ် အတွင်း လိုက်နာဆောင်ရွက်သင့်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ အရေးအကြီးဆုံးအချက်မှာ ကျင့်ဝတ်ဆိုင်ရာကော်မတီ၊အဖွဲ့အစည်းအသီးသီးမှ ခွင့်ပြုချက်ရယူပြီးမှသာ သုတေသနလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ရမည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Relative Risk၊ Odds Ratio နဲ့ Attributable RiskRelative Risk၊ Odds Ratio နဲ့ Attributable Risk

Relative Risk၊ Odds Ratio နဲ့ Attributable Risk ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြည့်ချင်ပါတယ်။ ဒါတွေက ဆေးသုတေသနမှာ အသုံးများတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်တွက်ချက်တဲ့ နည်းလမ်းတွေပါ။ ရိုးရှင်းအောင် ပြောရရင် တစ်ခုခုကြောင့် ရောဂါဖြစ်နိုင်ခြေကို ဘယ်လိုတိုင်းတာမလဲဆိုတာပါပဲ။  ၁. Relative Risk (RR) – အန္တရာယ်နှိုင်းယှဉ်ချက် Relative Risk ဆိုတာ

Z scoreZ score

Z-score Z-score ဆိုတာဟာ ကျွန်တော်တို့မှာရှိတဲ့ အချက်အလက် (data point) တစ်ခုက သူ့ရဲ့ ပျမ်းမျှ (mean) ကနေ ဘယ်လောက် အကွာအဝေးမှာ ရှိနေလဲဆိုတာကို စံသွေဖည်မှု (standard deviation) ရဲ့ အရေအတွက်နဲ့ တိုင်းတာဖော်ပြပေးတဲ့ တန်ဖိုးတစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်၊ အချက်အလက်တစ်ခုရဲ့ “စံပြုနေရာ” (standardized position) ကို

residual analysisresidual analysis

မနေ့က ရေးခဲ့တဲ့ regression အကြောင်း နည်းနည်း ဆက်ပွားကြည့်ကြရအောင်ဗျာ residual analysis Regression analysis မှာ residual analysis ဆိုတာရှိပါတယ်။ Residual ဆိုတာက ရိုးရိုးရှင်းရှင်း ပြောရရင် observed value (တကယ့် ဒေတာ y) နဲ့ predicted value (model က ခန့်မှန်းထားတဲ့ ŷ)