naywinaung ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာသတ်မှတ်ချက်

ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာသတ်မှတ်ချက်

ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာသတ်မှတ်ချက်

၃။ နိုင်ငံဝန်ထမ်းနည်းဥပဒေများ အခန်း (၂) တွင် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ သတ်မှတ်ချက် များနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၄ မှ နည်းဥပဒေ ၁၃ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့ အနက် အောက်ဖော်ပြပါ နည်းဥပဒေအချို့ ကို ထုတ်နုတ်၍ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၄။ ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါ ရာထူးတစ်ခု၌ အတည်ပြုခန့်ထားရာတွင် –

(က) ရာထူးသည် အမြဲတမ်းလစ်လပ်သည့် ရာထူးဖြစ်ရမည်။

(ခ) တစ်ချိန်တည်း၌ ဝန်ထမ်းတစ်ဦးထက်ပို၍ ခန့်ထားခြင်းမပြုရ။

(ဂ) ဝန်ထမ်းတစ်ဦး၏ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ရှိထားသည့် ရာထူး၌ အခြားဝန်ထမ်း တစ်ဦး ကို ခန့်ထားခြင်းမပြုရ။ သို့ရာတွင် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် ခံစား နေသည့် ဝန်ထမ်း၏ ရာထူးနေရာ၌ အခြားဝန်ထမ်းတစ်ဦးအား ခန့်ထားခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ဃ) ဝန်ထမ်းသည် အသက် ၁၈ နှစ်ပြည်ပြီးဖြစ်ရမည်။

(င) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်း ဆေးလက်မှတ်နှင့်သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခစာမူရင်းတို့ကို တင်ပြနိုင်သူ ဖြစ်ရမည်။ မီးဖွားပြီး ရက်သတ္တပတ် ဆယ့်နှစ်ပတ်ပြည့်သည့်အါမှသာ ခန့်ထားမည် ဖြစ်ကြောင်း အသိပေး၍ ကိုယ်ဝန်ရှိသူများကို ရွေးချယ်ထားနိုင်သည်။

နည်းဥပဒေ ၅။ နည်းဥပဒေ ၄ အရ အတည်ပြုခန့်ထားခြင်းခံရသောဝန်ထမ်းသည် –

(က) နိုင်ငံတော်၏ အကျိုးအတွက် လိုအပ်လျှင် အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်။

(ခ) မူလတာဝန်အပြင် အခြားလိုအပ်သော တာဝန်များကို ပေးအပ်ပါက ထမ်းဆောင် ရမည်။

 

နည်းဥပဒေ ၆။ အတည်ပြုခန့်ထားခြင်းခံရသည့် ဝန်ထမ်းတစ်ဦးသည် –

(က) ရာထူးဆိုင်ရာတာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့် နေ့မှစ၍ သတ်မှတ်ထားသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။

(ခ) ပြည်ပတွင် တာဝန်ဖြင့် ရောက်ရှိနေစဉ်အချိန်တွင်လည်းကောင်း၊ ပညာသင်ကြား နေစဉ် အချိန်တွင်လည်းကောင်း ရာထူးတိုးမြင့်ခန့်ထားခြင်းခံရပါက တိုးမြင့်ခန့်ထားသည့် နေ့ရက်မှစ၍ ယင်းရာထူးလစာကို ခံစားခွင့်ရှိသည်။

(၇) ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် ပြည်တွင်း၊ ပြည်ပတာဝန်ထမ်းဆောင်နေချိန်အတွင်း ရာထူးတိုးမြှင့်ခံရပါက ယင်းကာလပြီးဆုံး၍ ဓိခင်ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ချိန်မှသာ တိုးမြင့်ခန့်ထားသည့်ရာထူး၏လစာကို ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၇။ ဝန်ထမ်းတစ်ဦးသည် အောက်ပါအချိန်ကာလများတွင် မူလရာထူး၌ ရာထူးအနွယ်ပိုင်ဆိုင်ခွင် ဆက်လက်တည်ရှိသည်-

(က) အမြဲတမ်းရာထူးတစ်ခုတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေသည့်ကာလ၊

(ခ) ပြည်တွင်း၊ ပြည်ပ၌ ဌာန၏ ခွင့်ပြုချက်ဖြင့် ပညာလေ့လာ ဆည်းပူးနေသည့် ကာလ၊

(ဂ) အခြားရာထူးတစ်ခု၌ ခေတ္တပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသည့်ကာလ၊

(ဃ) ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် ပြည်တွင်း၊ ပြည်ပတွင် လွဲပြောင်း တာဝန် ထမ်းဆောင် နေသည့် ကာလ၊

(င) ရာထူးတစ်ခုမှ တစ်ခုသို့ ပြောင်းရွေ့သည့်အခါကူးပြောင်းချိန်အတွင်း၌ ရှိနေသည့် ကာလ၊

(စ) ခွင့်ခံစားနေသည့် ကာလ၊

(ဆ) တာဝန်မှယာယီရပ်ဆိုင်းခြင်းခထားရသည့်ကာလ။

နည်းဥပဒေ ၁ဝ။ ပြစ်ဒဏ်တစ်ရပ်အဖြစ် အဆင့်နိမ့်ရာထူးသို့ ကာလသတ်မှတ်ချက်ဖြင့် ပြောင်းရွေ့တာဝန်ထမ်းဆောင်ရသည့်ကိစ္စတွင် ယင်းဝန်ထမ်း၏ ရာထူးအနွယ်သည် မူလရာထူး၌ သာရှိပြီး အဆင့်နိမ့်ရာထူး၏ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို မရှိစေရ။

နည်းဥပဒေ ၁၂။ ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့်လွဲပြောင်း တာဝန် ထမ်းဆောင် နေသည့်အခါမှတစ်ပါး ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်မဲဖြစ်စေ အလုပ်ခွင်မှ တစ်ဆက်တည်း ငါးနှစ်ကင်းကွာလျှင် ကင်းကွာသည့် ကာလ ငါးနှစ်ပြည့်သည့်နေ့၏ နောက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှအလိုအလျောက် ရပ်စဲပြီးဖြစ်သည်။

အဓိပ္ပာယ်ဖော်ပြချက်။ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ဆိုသည်မှာ ဖွဲ့စည်းပုံပါ လစ်လပ်သော အမြဲတမ်း ရာထူး၌ အတည်ပြု ခန့်အပ်ပိုင်ဆိုင်ခွင်ရရှိခြင်းကိုဆိုသည်။

 

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ(၉-၆-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ(၂၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

ဒေတာတွေကို ဘယ်လို Chart အမျိုးအစားနဲ့ ပြမလဲ?ဒေတာတွေကို ဘယ်လို Chart အမျိုးအစားနဲ့ ပြမလဲ?

ဒေတာတွေကို ဘယ်လို Chart အမျိုးအစားနဲ့ ပြမလဲ?ဒေတာတွေကို ရှင်းရှင်းလင်းလင်း ပြသဖို့အတွက် Chart အမျိုးအစား ရွေးချယ်တဲ့အခါ ရည်ရွယ်ချက် (ဘာကို ပြချင်လဲ) ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ အဓိက အမျိုးအစား ၄ မျိုး ရှိပါတယ်။၁။ COMPARISON (နှိုင်းယှဉ်ပြသခြင်း)ဘယ်အချိန်မှာ သုံးမလဲ? – ပစ္စည်းတွေ (သို့) အချိန်ကာလတွေကြား နှိုင်းယှဉ်ပြချင်တဲ့အခါ။(က) Among Items

သုတေသနစာတမ်းများ၏ အမှောင်ဘက်ခြမ်းသုတေသနစာတမ်းများ၏ အမှောင်ဘက်ခြမ်း

သုတေသနဆိုတာ အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့၊ မေးခွန်းတစ်ခုကို အထောက်အထားတွေနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်တဲ့အရာလို့ လူအများက ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ သုတေသနစာတမ်းတိုင်းဟာ အမှန်တရားကို မျှမျှတတ ဖော်ပြနေတယ်လို့တော့ မဆိုနိုင်ပါဘူး။ တစ်ခါတလေမှာ စာတမ်းရှင်က မိမိယုံကြည်ထားတဲ့အချက်၊ မိမိလိုချင်တဲ့ရလဒ် ဒါမှမဟုတ် မိမိအကျိုးစီးပွားကို အတည်ပြုနိုင်ဖို့ သုတေသနမေးခွန်းကစပြီး အချက်အလက်ရွေးချယ်ပုံ၊ ခွဲခြမ်းစိတ်ဖြာပုံနဲ့ နိဂုံးချုပ်ပုံအထိ တမင်တကာ ဦးတည်ပုံဖော်တတ်ပါတယ်။ ဒီလိုသုတေသနမျိုးဟာ သုတေသနလောကရဲ့