naywinaung ရာထူးတိုးမြှင့်ခြင်း

ရာထူးတိုးမြှင့်ခြင်း

ရာထူးတိုးမြှင့်ခြင်း

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၄) တွင် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာသတ်မှတ်ချက်များ နှင့် စပ်လျဉ်း၍ နည်းဥပဒေ ၂၆ မှ နည်းဥပဒေ ၅၀ အထိသတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့ အနက် အောက်ဖော်ပြပါနည်းဥပဒေအချို့ကိုထုတ်နုတ်၍ ဖော်ပြအပ်ပါသည် –

နည်းဥပဒေ ၂၆။ ရာထူးတိုးမြင့်ခန့်ထားရာတွင် ရာထူးအဆင့် အလိုက်သတ်မှတ်ထားသည့် ပညာအရည်အချင်း ကျွမ်းကျင်မှုအရည်အချင်း၊ရာထူးသက်၊ လုပ်သက်တို့နှင့်ပြည့်စုံ တိုးမြင့်ခန့်ထားမည် ရာထူးတာဝန်ကို နိုင်နင်းစွာထမ်းဆောင်နိုင်မည့် ဝန်ထမ်းများကို အရည်အချင်းစစ်ဆေးအကဲဖြတ် ရွေးချယ်ပြီး ရာထူးတိုးမြှင့်ပေးရမည်။

နည်းဥပဒေ ၂၇၃။ (က) ရာထူးတိုးမြင့်ရေးကိစ္စကို ဆောင်ရွက်ရေးအတွက်အရည်အချင်း စစ်ဆေးရေး အဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးသို့မဟုတ် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးကဝန်ထမ်းအဖွဲ့အစည်းအတွင်းမှ သင့်လျော်သည့်အရာထမ်းများဖြင့် ဖွဲ့စည်းရမည်။

(ခ) အရည်အချင်းစစ်ဆေးရေးအဖွဲ့တွင် ရာထူးအကြီးဆုံးအရာထမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ပြီး စစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အနည်းဆုံးနှစ်ဦး ပါဝင်ရမည်။

နည်းဥပဒေ ၂၉။ ဝန်ထမ်း၏အရည်အချင်းကို စစ်ဆေးရာ၌ အောက်ပါနည်းလမ်းများအနက် တိုးမြင့်ခန့်ထားမည့် ရာထူးအဆင့်၏ လုပ်ငန်းသဘာဝနှင့် လျော်ညီသည့် နည်းလမ်းများကို အသုံးပြုရမည် –

(က) စစ်ဆေးခြင်း

(၁) ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း၊

(၂) လက်တွေ့လုပ်န်းကျွမ်းကျင်မှစစ်ဆေးခြင်း၊

(၃) ရေးဖြေစာမေးပွဲနှင့် လက်တွေ့ လုပ်ငန်းကျွမ်းကျင်မှု နှစ်ရပ်စလုံးဖြင့် စစ်ဆေးခြင်း။

(ခ) အကဲဖြတ်အမှတ်ပေးခြင်း၊        

(ဂ) လူတွေ့ စစ်ဆေးခြင်း။

နည်းဥပဒေ ၃၀။ ရာထူးတိုးမြင်ရေးအတွက် အရည်အချင်းစစ်ဆေးရာတွင်တာဝန်ဖြင့် ဌာနပြင်ပ သို့ရောက်ရှိနေသောဝန်ထမ်းများကိုပါထည့်သွင်းစဉ်းစားရမည်။ဌာနပြင်ပဟုဆိုရာတွင် ပြည်တွင်း နှင့် ပြည်ပ တို့ ပါဝင်သည်။

နည်းဥပဒေ ၃၁။ ရာထူးတိုးမြင့်ခြင်းကို အောက်ပါအခြေခံမူများနှင့်အညီဆောင်ရွက်ရမည်-

(က) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားရေးကို ဦးတည်ချက် ထားခြင်း၊

(ခ) ရာထူးအဆင့်အတွက် အနည်းဆုံးလိုအပ်သောပညာအရည်အချင်း၊ကျွမ်းကျင်မှု အရည်အချင်းများကို သတ်မှတ်ထားခြင်း၊

(ဂ) တိုးမြင့်ခန့်ထားမည့် ရာထူးအတွက် သတ်မှတ်ထားသော အရည်အချင်းပြည့်မီသည့် ဌာနတွင်းမှဝန်ထမ်းများကိုသာ ရာထူးတိုးမြှင့်ရေး အတွက်ထည့်သွင်းစဉ်းစားခြင်း။

(ဃ) အရည်အချင်းစစ်ဆေးချက်အရ အသင့်လျော်ဆုံးဝန်ထမ်းကို ရာထူးတိုးမြှင့်ခန့်ထားခြင်း။

နည်းဥပဒေ ၃၂။ ရာထူးတိုးမြင့်ရေးကိစ္စကို၊ ဆောင်ရွက်ရာတွင်အောက်ပါတို့ကိုထည့်သွင်းစဉ်းစား ရမည် –

(က) ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာဝအရတိုးမြင့်ခန့်အပ်ရမည့် ရာထူးများ အတွက် သတ်မှတ်ထား သည့် ပညာအရည်အချင်းနှင့်ကျွမ်းကျင်မှုအရည်အချင်း၊

(ခ) အခြားသော ထူးကဲသာလွန်သည့်အရည် အချင်းများ၊

(ဂ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများတက်ရောက် ပြီးခြင်း ရှိ/ မရှိ၊

(ဃ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူများအနက်မှ အဆိုပါသင်တန်းတွင် စံပြထူးချွန်ဆုရရှိခဲ့သူတို့ကို ဦးစားပေးစဉ်းစားခြင်းနှင့် သင်တန်းဆင်း မှတ်ချက်မကောင်းသူ၊ ကုရှုံးသူတို့ကို တန်းစီဇယား၏ အောက်၌ ထားရှိခြင်း။

နည်းဥပဒေ ၃၃။ ရာထူးတိုးမြွင် ရေးအတွက် ရာထူးသက်၊ လုပ်သက်များကိုဇယား (၁) ပါ သတ်မှတ်ချက်များနှင့်အညီ ရေတွက်သတ်မှတ်ရမည်။

နည်းဥပဒေ ၃၄။ (က) ဤနည်းဥပဒေများပါ သတ်မှတ်ချက်များသည် နိုင်တော်သမ္မတကသာ တိုက်ရိုက်ခန့်အပ်သည့်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူး၏အောက်တစ်ဆင့်နိမ့်သော ရာထူးအဆင့် များအထိတိုးမြင့်ခန့်ထားမည့်ဝန်ထမ်းများနှင့် သက်ဆိုင်စေရမည်။

(ခ)တပ်ဖွဲ့အသွင်ဖွဲ့ စည်းထားသော ဝန်ထမ်းအဖွဲ့အစည်းများ၌ ရာထူးတိုးမြင့်ခြင်းဆိုင်ရာ ကိစ္စ များကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ဤနည်းဥပဒေများ၏ အခြေခံသဘောနှင့်ညီညွတ်သော နည်းစနစ်များကို သီးခြားသတ်မှတ်

နိုင်သည်။

(ဂ) ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးရန်သတ်မှတ်သည့်ပြန်တမ်းဝင်အရာရှိရာထူး အဆင့်သို့ ဌာနတွင်းမှဝန်ထမ်းများကို တိုးမြင့်ခန့်အပ်ရန် လိုအပ်သည့်ကိစ္စရပ်တွင် ရာထူးဝန်အဖွဲ့နှင့် ညိနှိုင်းဆောင်ရွက်ရမည်။

(ဃ) ရာထူး၏ လုပ်ငနန်းသဘာဝအလိုက် အနည်းဆုံးလိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု ရည်အချင်းတို့ကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ယင်းတို့၏ လိုအပ်ချက်နှင့် အညီပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူသတ်မှတ်ရမည်။

(င)ဝန်ထမ်းတစ်ဦးကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်ကာလအတွင်း သို့မဟုတ် လက်ရှိရာထူးတွင် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်တစ်ခုခု ကျခံနေရစဉ်ကာလအတွင်း ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ်ဆေးခြင်းနှင့် တန်းစီဇယားတွင် ထည့်သွင်း ရေးဆွဲခြင်း ပြုလုပ်နိုင်သော်လည်း တာဝန်မှယာယီရပ်ဆိုင်းခြင်းခံနေရခြင်း သို့မဟုတ်ဥပဒေ ကြောင်း အရ အချုပ်အနှောင်ခံနေရခြင်းသို့မဟုတ် အာမခံဖြင့် လွှတ်ထားခြင်းခံရ သည့်ဝန်ထမ်း ကိုမူ ရာထူးတိုးမြွင့်ရေးအတွက်စစ်ဆေးခြင်းနှင့် တန်းစီဇယားတွင် ထည့်သွင်းရေးဆွဲခြင်းမပြုရ။

နည်းဥပဒေ ၄၃။ ဝန်ထမ်းတစ်ဦးသည် ရာထူးတိုးမြှင့်ပေးရန် သတ်မှတ်ထားသောအရည်အချင်း များ ပြည့်စုံစေကာမူ အောက်ပါအချက် တစ်ရပ်ရပ်ပေါ်ပေါက်ပါက ယင်းဝန်ထမ်းအား ရာထူး တိုးမြှင့်  မပေးရ-

(က) စာဖြင့်သတိပေးခြင်းခရသူအား သတိပေးခြင်းခံရသည့်နေ့မှ ခြောက်လအတွင်း

(ခ)နှစ်တိုးလစာရပ်ဆိုင်းခြင်းပြစ်ဒဏ်ခရလျှင် ယင်းသို့နှစ်တိုးလစာရပ်ဆိုင်းသည့်ကာလအတွင်း။

(ဂ) တာဝန်ထမ်းဆောင်ရာတွင် ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ၊ ပျက်စီး ဆုံးရှုံးမှု အတွက် ဆုံးရှးမှုတန်ဖိုးအပြည့်အဝကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ပေးလျော်ရသော ကိစ္စမျိုးတွင်ဆုံးရှးမှုတန်ဖိုးကို ပြန်လည်ပေးလျော်စေရန် အမိန့်ချမှတ်သည့်နေ့မှစ၍ တစ်နှစ် သို့မဟုတ် အကျေပေးလျော်ပြီးသည့်နေ့ ထိုနေ့ နှစ်ခုတို့ အနက် စောရာနေ့အထိ၊

(ဃ)ကိုယ်ကျင့်တရားပျက်ပြားမှုနှင့်အကျုံးဝင်သောပြစ်မှုဖြင့် တရားရုံး၏ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသော်လည်း လက်ရှိရာထူးတွင် ဆက်လက်တည်ရှိနေသည့်အခါ ယင်းသို့ ပြစ်ဒဏ်စီရင် ခြင်းခံရ သည့်နေ့မှ တစ်နှစ်အတွင်း။

(င) ချိန်နှုန်းလစာတစ်ခုအတွင်း လစာအဆင့်လျှော့ချခြင်းခံရလျှင် မူလ လစာအဆင့်သို့ ပြန်လည်မရောက်မချင်း၊

(စ) ရှေးဦးစုံစမ်းခြင်း၊ ဌာနဆိုင်ရာစစ်ဆေးခြင်းခံနေရစဉ်အတွင်း၊

(ဆ) အပြစ်ကြောင့် ရာထူးလျှော့ချခြင်း ခံရပါကယင်းရာထူးလျှော့ချသည့်အဓိန့်ပါ သတ်မှတ် ကာလအတွင်း

(ဇ) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း

(ဈ) တာဝန်မှယာယီရပ်ဆိုင်းထားခြင်းခံရစဉ် ကာလအတွင်း။

 

နည်းဥပဒေ ၄၄။ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်တစ်ခုခုကျခံနေရစဉ် ကာလအတွင်း ရာထူးတိုးမြှင့် မပေးရ။ သို့ရာတွင် အဆိုပါပြစ်ဒဏ်မှလွတ်မြောက်ချိန်တွင် တန်းစီဇယားသက်တမ်းမပြည့်မီ လစ်လပ်နေရာရှိပါက ရာထူးတိုးမြှင့်ပေးရမည်။ တန်းစီဇယားသက်တမ်းကုန်ချိန်တွင် ပြစ်ဒဏ် မလွတ်မြောက်သေးပါက အရည်အချင်းစစ်ဆေးခြင်းကို ထပ်မံဖြေဆိုစေရမည်။

နည်းဥပဒေ ၄၈။ ဝန်ထမ်းတစ်ဦး၏ လုပ်ရည်ကိုင်ရည်။ အရည်အသွေး၊စွမ်းဆောင်ရည်များသည် လွန်စွာထူးခြားပြောင်မြောက်သည့် အခြေအနေတွင်ရှိခြင်း၊ အခြားဝန်ထမ်းများထက် ထူးကဲ သာလွန်ခြင်း၊ စိတ်ချယုံကြည်စွာ တာဝန်လွဲအပ်ဆောင်ရွက်နိုင်စွမ်းရှိခြင်းစသည့် ထူးခြားသော အခြေအနေများကြောင့်ချီးမြှ့င်လိုပါက အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံတင်ပြမှု အပေါ်သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့ အစည်းအကြီး အမှူး၏ သဘောတူညီချက်ဖြင့် ရာထူးတိုးမြွင့်ပေးနိုင်သည်။

သို့ရာတွင် ရာထူးဝန်အဖွဲ့၏ သဘောတူညီချက်ဖြင့်သာ ခန့်ထားရမည့် ပြန်တမ်းဝင်အရာရှိ အဆင့်ရာထူးဖြစ်ပါက ရာထူးဝန်အဖွဲ့သို့အဆိုပြုညှိနှိုင်း၍ဆောင်ရွက်ရမည်။

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (နိုင်ငံဝန်ထမ်းနည်းဥပဒေ များကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ၂၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။

 

ရာထူးသက်

၇။ လစာနှုန်း (၃၁၄၀၀၀-၄၀၀၀-) ရှိအဆင့်မှ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ အောက် တစ်ဆင့် ရာထူးအဆင့်အထိ ရာထူးသက် သတ်မှတ်ချက်မရှိပါ။

၈။ ဤဇယား (၁) ပါ ချိန်နှန်းလစာဖော်ပြချက်များတွင် အခါအားလျော်စွာပြောင်းလဲ သတ်မှတ် သည့် အဆင့်တူ ချိန်နှုန်းလစာများလည်း အကျုံးဝင်သည်။

ရှင်းလင်းချက်။ (၁) ရာထူးတိုးမြွင့်ပေးရန်အတွက် အနည်းဆုံးရှိရမည့် ရာထူးသက် သတ်မှတ်ချက် ကို ယခင် လစာနှုန်း အဆင့် (၂၀) အပေါ် အခြေခံ၍ သတ်မှတ်ထားရှိရာ ဝန်ကြီးဌာန နှင့်အဖွဲ့အစည်းများအနေဖြင့် ရာထူးသက်သတ်မှတ်ချက်တွက်ချက်ရာတွင် ပိုမို တိကျမှန်ကန် ရှင်းလင်း လွယ်ကူမှုရှိစေရန် လက်ရှိလစာနှုန်း အဆင့်(၁၂) ဆင့်အပေါ်အခြေခံ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ပြင်ဆင်ပြဋ္ဌာန်းထားရှိပါသည်။

(၂) စာရေးဝန်ထမ်းအဆင့် (၄) မှလည်းကောင်း၊ ပညာရှင်ဝန်ထမ်းအဆင့် (၃) မှလည်းကောင်း၊ စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး)အဆင့် (၂) မှလည်းကောင်း၊စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့်(၁) မှလည်းကောင်း တစ်ဆင့်မြင့်ရာထူးအဆင့်သို့ရာထူးတိုးမြွင့်ပေးရာတွင် ယခင်ဝန်ကြီး အဖွဲ့၏ ၅-၈-၁၉၈၀ ရက်စွဲပါစာအမှတ်၊ ၂၈၂ ၈၀ (၅၃) ပါဝန်ထမ်းများရာထူး တိုးမြင့်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နောက်ဆက်တွဲ (က) ၌ အနည်းဆုံးရှိရမည့် ရာထူးသက် ကို (၇) နှစ် သတ်မှတ်ထားရှိခဲ့ပါသည်။

ယခုအခါ နိုင်ငံ့ဝန်ထမ်းများ ပေးအပ်သည့်တာဝန်ကို လိုလားစွာဖြင့် ကျေပွန်အောင် ထမ်းရွက် လိုစိတ်ရှိလာစေရန်နှင့်ဝန်ထမ်းဘဝတိုးတက်မှု အခွင့်လမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်လျက် နိုင်ငံဝန်ထမ်းနည်းဥပဒေများတွင် အနည်းဆုံးရှိရ မည့်ရာထူးသက်ကို (၃) နှစ်အဖြစ် လျှော့ပေါ့ သတ်မှတ် ပြဋ္ဌာန်းထားရှိပါကြောင်း သိရှိနိုင်ပါရန် ဖြည့်စွက် ရှင်းလင်း ဖော်ပြအပ်ပါသည်။

မှတ်ချက်။ နိုင်ငံဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၉-၆-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၂၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Outbreak InvestigationOutbreak Investigation

Outbreak Investigation ဆိုတာက ရောဂါတစ်ခု ရုတ်တရက် ပျံ့နှံ့လာတဲ့အခါ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို စုံစမ်းဖော်ထုတ်တဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။  Outbreak Investigation ရဲ့ အဓိကအဆင့်များ ဥပမာ၊ ကျေးရွာတစ်ခုမှာ ဝမ်းလျှောရောဂါဖြစ်နေတယ်ဆိုပါစို့။ 1. Outbreak ဖြစ်နေကြောင်း အတည်ပြုပါ (Confirm the Outbreak) ပထမဆုံး၊ ဒါက တကယ် outbreak ဟုတ်မဟုတ်

Simple Random SamplingSimple Random Sampling

Simple Random Sampling“Simple Random Sampling” ဆိုတာကို အလွယ်ကူဆုံး နားလည်အောင် ပြောရရင် “မဲနှိုက်တာ” နဲ့ အတူတူပါပဲ။ လူအများကြီးထဲကမှ လူအနည်းငယ်ကို ရွေးတဲ့အခါမှာ ဘယ်သူ့ကိုမဆို ပါဝင်ခွင့် အခွင့်အရေး တန်းတူပေးပြီး ကံစမ်းမဲနှိုက်သလိုမျိုး ရွေးချယ်တဲ့ နည်းလမ်းဖြစ်ပါတယ်။SRS ရဲ့ အဓိကအချက်တွေကတော့၁။ အားလုံးမှာ အခွင့်အရေး တန်းတူရှိတယ် (Equal Chance)လူဦးရေ (Population)

Thesis စာတမ်းရဲ့ Chapter 1 ကို ဘယ်လိုရေးမလဲThesis စာတမ်းရဲ့ Chapter 1 ကို ဘယ်လိုရေးမလဲ

Rationale of the Study ရေးသားနည်း ၁။ ဘာကြောင့် ဒီလေ့လာမှုကို လုပ်ရမလဲဆိုတဲ့ အခြေခံအကြောင်းရင်းကို ဖော်ပြရပါမယ် ပထမဦးဆုံး လေ့လာမှုရဲ့ အရေးပါမှု၊ လိုအပ်မှုကို ရှင်းပြရမှာပါ။ လက်ရှိအခြေအနေမှာ ဘယ်လိုပြဿနာတွေရှိသလဲ၊ ဒီပြဿနာတွေက ဘယ်လိုအကျိုးဆက်တွေဖြစ်စေသလဲ၊ ဒီလေ့လာမှုက အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ ဖော်ပြရပါမယ်။ ဖော်ပြတဲ့အခါမှာ ကမ္ဘာ့အခြေအနေ၊ အရှေ့တောင်အာရှအခြေအနေ၊ မြန်မာ့ အခြေအနေ ဆိုပြီး