မေးခွန်းတိုများ
ရုံးလုပ်ငန်းလက်စွဲ
၁။ ရုံးစာရွက်စာတမ်းများအား လုံခြုံမှုအဆင့်အတန်း သတ်မှတ်ချက်အမျိုးအစား
မည်မျှ ခွဲခြားထားသနည်း။ ၎င်းတို့ကို ရေးသားပါ။
ရုံးစာရွက်စာတမ်းများအား လုံခြုံမှုအဆင့်အတန်း (၅) မျိုးသတ်မှတ်ထားပါ
သည်။၎င်းတို့မှာ –
(က) ထိပ်တန်းလျှို့ဝှက်
(ခ) လျှို့ဝှက်
(ဂ) အတွင်းရေး
(ဃ) ကန့်သတ်
(င) ရိုးရိုး တို့ဖြစ်သည်။
၂။ လုံခြုံမှုအဆင့်အတန်း ကန့်သတ်သတ်မှတ်ရန် အကျုံးဝင်သော အကြောင်း
အရာများကို ဖော်ပြပါ။
အများပြည်သူဖတ်ရှုရန် မဟုတ်သော စာရွက်စာတမ်းများ၊ လေ့ကျင့်ရေး
စာစောင်များ၊ ပြန်တမ်းများ စသည်တို့သည် လုံခြုံမှုအဆင့်အတန်း ကန့်သတ်အဖြစ်
သတ်မှတ်ရန် အကျုံးဝင်သော အကြောင်းအရာများဖြစ်သည်။
၃။ ရုံးစာများကို ဦးစားပေးအဆင့်အတန်း သတ်မှတ်ချက်မည်မျှရှိသနည်း။
၎င်းတို့ကို ဖြေဆိုပါ။
ရုံးစာများအား အကြောင်းအရာ ကိစ္စ၏ သဘောသဘာဝကို လိုက်၍
ဦးစားပေးအဆင့်အတန်းသတ်မှတ်ချက် (၄)မျိုးရှိသည်။ ၎င်းတို့မှာ-
(က) ချက်ချင်း
(ခ) အမြန်
(ဂ) အရေးကြီး
(ဃ) ရိုးရိုး တို့ဖြစ်သည်။
၄။ ရုံးစာရေးသားနည်း အမျိုးအစားများကို ဖြေဆိုပါ။
ရုံးစာရေးသားရာတွင် အရေးပါသော အချက်အလက်များကို အထူးပေါ်လွင်
ထင်ရှားစေရန်နှင့်သက်ဆိုင်သူများ ဂရုပြုမိစေရန် အမျိုးအစား (၉) မျိုးဖြင့်
ရေးသားနိုင်သည်။၎င်းတို့မှာ-
(က) စာတမ်း
(ခ) အကျဉ်းချုပ်စာ
(ဂ) အတိုချုံးရေးစာ
(ဃ) စာပေးစာယူ
(င) အမိန့်နှင့်ညွှန်ကြားချက်
(စ) အစည်းအဝေးမှတ်တမ်း
(ဆ) ခရီးသွားမှတ်တမ်း
(ဇ) လုပ်ငန်းမှတ်တမ်း
(ဈ) လုပ်ငန်းစီမံချက် တို့ဖြစ်သည်။
၅။ . ပြီးပြည့်စုံသော ရုံးလုပ်ငန်းတွင် ပြည့်စုံရမည့်အချက်များကို ဖော်ပြပါ။
ပြီးပြည့်စုံသော ရုံးလုပ်ငန်းဖြစ်စေရန်အတွင် အောက်ပါအချက်များ လိုအပ်
ပါသည်-
(၁) အချက်အလက်များ စုံလင်ခြင်း၊
(၂) ညှိနှိုင်းရမည့်ကိစ္စရပ်များ ကြိုတင်ညှိနှိုင်းပြီးဖြစ်ခြင်း၊
(၃) တိုတိုနှင့်လိုရင်းပေါ်လွင်ခြင်း။
(၄) အဆုံးအဖြတ်ပေးရမည့် အချက်ပေါ်လွင်ခြင်း။
(၅) သပ်ရပ်သေသပ်မှုရှိခြင်း။
၆။ ရုံးလုပ်ငန်းကို ထိရောက်ထက်မြက်စွာ ဆောင်ရွက်ရန် လိုအပ်သော အချက်
မည်မျှ ရှိသနည်း။ ၎င်းတို့ကို ဖြေဆိုပါ။
ရုံးလုပ်ငန်းများ ထိရောက်ထက်မြက်စွာ ဆောင်ရွက်ရန် လိုအပ်သော အချက်
(၅) ချက်ရှိပါသည်။ ၎င်းတို့မှာ-
(၁) စနစ်
(၂) စည်းကမ်း
(၃) အရည်အချင်း
(၄) ကျွမ်းကျင်မှု နှင့်
(၅) ထိုးထွင်းတီထွင်လိုစိတ် တို့ဖြစ်ပါသည်။
၇။ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်ကို ဖြေဆိုပါ။
ရုံးဝန်ထမ်းများအနေဖြင့် စာများပျောက်ဆုံးမှုမရှိစေရန် ပေါက်ကြားမှုမရှိစေ
ရန်၊ လုံခြုံစွာထိန်းသိမ်းကွပ်ကဲနိုင်ရန် လိုအပ်ပါက အလွယ်တကူ ရှာဖွေနိုင်ရန်
ရုံးလုပ်ငန်းများ တိကျမြန်ဆန်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန် အတွက် ဝင်စာများ
အား အရေးယူဆောင်ရွက်ရပါသည်။
၈။ ဝင်စာများကို လက်ခံရာတွင် ဂရုပြုကြည့်ရှုစစ်ဆေးရမည့် အချက်များကို
ဖော်ပြပါ။
ဝင်စာများကို လက်ခံရာတွင် အောက်ပါအချက် (၈)ချက်အား စစ်ဆေးကြည့်ရှု
ရပါမည်-
(၁) မိမိတို့ရုံး/ အဖွဲ့အစည်း သို့ ပေးပို့သည့် စာ ဟုတ်/မဟုတ်
(၂) လုံခြုံမှုအဆင့်အတန်း ပါ /မပါ
(၃) ဦးစားပေးအဆင့် ပါ /မပါ
(၄) ပေးပို့သည့် အဖွဲ့အစည်း
(၅) သက်ဆိုင်ရာ အရာရှိ၏ လက်မှတ်
(၆) – ရက်စွဲ နှင့် စာအမှတ်
(၇) ရုံးတံဆိပ်
(၈) ပူးတွဲစာရွက်စာတမ်းစုံ/မစုံ
၉။ ဝင်စာများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်လျှင် ရရှိနိုင်သော အကျိုး
ကျေးဇူးများကို ဖော်ပြပါ။
ဝင်စာများအား စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းများလွယ်ကူ
မြန်ဆန်စေခြင်း၊ စာရွက်စာတမ်းများ ပျောက်ဆုံးမှု နည်းပါးခြင်း၊ စာရွက်စာတမ်း
များ လုံခြုံစွာ ထိန်းသိမ်းနိုင်ခြင်း၊ ထိရောက်မှန်ကန်သော အဆုံးအဖြတ်ကို
ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
၁၀။ ရုံးစာရေးသားနည်းတွင် အသုံးပြုရမည့် ခေါင်းစဉ်များကို ရေးသားပါ။
ရုံးစာရေးသားနည်းတွင် အသုံးပြုရမည့် ခေါင်းစဉ်များမှာ အောက်ပါအတိုင်း
ဖြစ်သည်-
(၁) ခေါင်းစဉ်ကြီး
(၂) ခေါင်းစဉ်
(၃) အစုခေါင်းစဉ်
(၄) စာပိုဒ်ခေါင်းစဉ်
(၅) စာပိုင်ခွဲခေါင်းစဉ်
(၆) စာပိုဒ်ခွဲငယ်ခေါင်းစဉ်
(၇) စာပိုဒ်ခွဲငယ်စိတ် ခေါင်းစဉ် တို့ဖြစ်သည်။
၁၁။ စာပေးစာယူအမျိုးအစားများကို ဖြေဆိုပါ။
စာပေးစာယူအမျိုးအစားများမှာ –
(၁) အမှာစာ
(၂) ရင်းနှီးမှုဖြင့်ပေးသော ရုံးစာ
(၃) ကိုယ်ရေးစာ
(၄) ရုံးတွင်းပေးစာ
(၅) သာမန်ရုံးစာ
၁၂။ စာရွက်စာတမ်းများကို လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း ၏ ရည်ရွယ်ချက်
များကို ဖြေဆိုပါ။
မိမိရုံး/ ဌာနအဖွဲ့အစည်းအနေဖြင့် စာရွက်စာတမ်းနှင့်သတင်းများ ပေါက်ကြား
မှု မရှိစေရန်၊ လုံခြုံမှုအဆင့်အတန်း ဦးစားပေးအလိုက် စာရွက်စာတမ်းများကို
စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်စေရန် နှင့် ရုံးလုပ်ငန်းများ ထိရောက်
မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းရခြင်း ဖြစ်ပါ
သည်။
၁၃။ ရုံးလုပ်ငန်း ဆိုသည်မှာ အဘယ်နည်း။
ရုံးလုပ်ငန်းဆိုသည်မှာ ရုံး/ဌာန အဖွဲ့အစည်းတစ်ခုအနေဖြင့် နေ့စဉ်လုပ်ငန်း
များအား စနစ်တကျ ပြီးမြောက်စေရေး စီမံခန့်ခွဲခြင်းဖြစ်ပါသည်။ရုံးလုပ်ငန်းသည်
ရုံး/ဌာန အဖွဲ့အစည်း၏ ပင်မလုပ်ငန်းများကို အထောက်အကူပြုသည့် လုပ်ငန်း
ဖြစ်ပါသည်။
၁၄။ ထွက်စာများကို အရေးယူဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ဖြေဆိုပါ။
ထွက်စာများကို အရေးယူဆောင်ရွက်ရခြင်းမှာ ထွက်စာစာရင်းနှင့်အရေ
အတွက်အတိအကျသိနိုင်ရန်၊ နောင်တွင် ရည်ညွှန်းရန်နှင့်ကိုးကားရန်ရှိက အလွယ်
တကူ ရှာဖွေနိုင်ရန် ထွက်စာအား မည်သည့်နေ့ရက်တွင် မည်သူ့ထံသို့
ပေးပို့ခဲ့ကြောင်း အခိုင်အမာ သိနိုင်ရန်အတွက်ဖြစ်သည်။
၁၅။ ထွက်စာများကို မည့်သို့ အမှတ်စဉ်တပ်၍ ပေးပို့ရသနည်း။
ထွက်စာများကို ပြက္ခဒိန်နှစ်အလိုက် အမှတ်စဉ်ပေး၍ မှတ်ပုံတင်ရပါသည်။
ထွက်စာအမှတ်အား စာရွက်၏ လက်ဝဲဘက်ထိပ်ထောင့်တွင် ရိုက်နှိပ်ထားသည့်
ရုံးတံဆိပ်အတွင်းရှိ စာအမှတ်တွင် ရေးသွင်းပြီး ရက်စွဲကို ရေးသွင်းပေးပို့ရမည်။
၁၆။ ထွက်စာများကို မပေးပို့မီ စစ်ဆေးကြည့်ရှုရမည့် အချက်များကို ဖြေဆိုပါ။
ထွက်စာများကို မပေးပို့မီ အောက်ပါအချက်များ ပြည့်စုံခြင်း ရှိ/မရှိ စစ်ဆေး
ရမည်-
(၁) စာတွင် လက်မှတ်ရေးထိုးပိုင်ခွင့်ရှိသူ၏ လက်မှတ်ပါ/မပါ
(၂) စာလက်ခံမည့် ရုံး (သို့) အဖွဲ့အစည်း (သို့ ) ပုဂ္ဂိုလ်၏ လိပ်စာအပြည့်
အစုံ ပါ /မပါ
(၃) စာအမှတ်နှင့်ရက်စွဲ ပါ /မပါ
(၄) ထွက်စာတွင် ပူးတွဲနှင့်နောက်ဆက်တွဲများ စုံ/မစုံ
(၅) မိတ္တူများ ဖြန့်ဝေရန်ဖြစ်ပါက အရေအတွက် ပြည့်စုံခြင်း ရှိ/မရှိ
၁၇။ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိ စာကိုပေးပို့ရန် ပေးပို့ပုံစနစ်ကို ဖြေဆိုပါ။
ထိပ်တန်းလျှို့ဝှက်အဆင့်ရှိ စာရွက်စာတမ်းများကို စာအိတ်နှစ်ထပ်ဖြင့်ပေးပို့
ရမည်။ အတွင်းစာအိတ်တွင် လက်ခံမည့် အကြီးအကဲ၊ လိပ်စာ၊ရုံးတံဆိပ် ရိုက်နှိပ်
ပြီး ထိပ်တန်းလျှို့ဝှက်ဟု ရေးသားရမည်။ အကြီးအကဲကိုယ်တိုင် ဖွင့်ဖောက်စေလို
လိပ်စာရှင်ကိုယ်တိုင်သာ ဖွင့်ရမည်” ဟု ရေးသားရမည်။ အပြင်စာအိတ်
တွင် လက်ခံမည့် အကြီးအကဲ၊ ရာထူးနှင့် ဌာနသာ ရေးရမည်။ ထိပ်တန်းလျှို့ဝှက်
ဟု ရေးသားရန်မလို၊ မြို့တွင်းဖြစ်ပါက စိတ်ချရသော ဝန်ထမ်းအား စေလွှတ်ပေးပို့
ရမည်။ စာတိုက်မှ ပေးပို့လျှင် မှတ်ပုံတင်ပြီး ပေးပို့ရမည်။
၁၈။ မှတ်တမ်းထိန်းသိမ်းရခြင်း၏ ရည်ရွယ်ချက်ကို ရေးသားပါ။
မှတ်တမ်းထိန်းသိမ်းရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့ရုံးတွင် အသုံးကျသည့်
မှတ်တမ်းများအား စနစ်တကျ ထိန်းသိမ်းနိုင်ရန်၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာ
တွင် ယခင်မှတ်တမ်းဟောင်းများ မှ အတွေ့အကြုံများ ရယူနိုင်ရန် နောင်တွင်
သမိုင်းမှတ်တမ်းအထောက်အထားများအဖြစ် ထားရှိနိုင်ရန် အတွက် ဖြစ်သည်ဟု
ထင်ပါသည်။
၁၉။ မှတ်တမ်းဆိုသည်မှာ အဘယ်နည်း။
မှတ်တမ်းဆိုသည်မှာ လိုအပ်သောအခါ ကိုးကားနိုင်ရန်အတွက် ထိန်းသိမ်း
ထားသည့် စာရွက်စာတမ်းများ ၊ဓါတ်ပုံများ၊မြေပုံများ၊ အသံဖိုင်နှင့်ဗီဒီယိုမှတ်တမ်း
များ ကို ဆိုလိုသည်ဟု နည်းလည်ပါသည်။
၂၀။ အဓိကမှတ်တမ်းအမျိုးအစားမည်မျှရှိသနည်း။ ၎င်းတို့ကို ရေးသားပါ။
အဓိကအား ဖြင့် မှတ်တမ်း (၇)မျိုးရှိပါသည်။ ယင်းတို့မှာ –
(၁) ဥပဒေ၊နည်းဥပဒေ၊အမိန့်၊ညွှန်ကြားချက် ၊လက်စွဲစာစောင်စသည်များ
(၂) စာချုပ်စာတမ်းများ၊ သဘောတူညီချက်များ
(၃) ပုံစံများ၊ ဓါတ်ပုံများ၊ မြေပုံများ၊ အသံဖိုင်နှင့်ဗီဒီယို ဖိုင်များ
(၄) သုတေသနစာတမ်းများ ၊သဘောတူညီချက်များ
(၅) အစီရင်ခံစာများ၊ စစ်ဆေးချက်မှတ်တမ်းများ၊ ငွေစာရင်းများ
(၆) ခေါင်းစဉ်အလိုက် ဖွင့်လှစ်ထားရှိသော စာတွဲများ၊ အမှုတွဲများ
(၇) လုပ်ငန်းစီမံချက်များ တို့ဖြစ်ပါသည်။
၂၁။ ပစ္စည်းထားရှိရာတွင် ယေဘုယျ လိုက်နာဆောင်ရွက်ရမည့် မူများကို
ဖြေဆိုပါ။
ပစ္စည်းထားရှိရာတွင် ယေဘုယျအားဖြင့် လက်ခံရရှိသည့် ပစ္စည်းအမျိုးအစား
အရေအတွက်၊ ကာလတန်ဖိုး၊ အကောင်း/အပျက် စသည်တို့ကို စာရင်းဇယားပြုလုပ်
ထားရပါမည်။ထုတ်ပေးသည့်အခါတွင်လည်း … အမျိုးအစား၊အရေအတွက်အလိုက်
မည်သူအား မည်သည့်နေ့တွင် ထုတ်ပေးကြောင်း စာရင်း ပြုလုပ်ရမည်။ပစ္စည်း
အသွင်း/အထုတ်အား တာဝန်ရှိသူ အရာရှိ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ရပါမည်။
ထုတ်ပေး/ လက်ခံပြေစာများ ထုတ်ပေးမိန့်များ အား စနစ်တကျ ထိန်းသိမ်းထားရ
ပါမည်။စတိုတာဝန်ခံမှ မြေပြင်ရှိ လက်ကျန်စာရင်းနှင့်စာရင်းရှိလက်ကျန် ကိုက်ညီ
မှု ရှိ/မရှိအား အခါအားလျော်စွာ စစ်ဆေးရပါမည်။နိုင်ငံပိုင်ပစ္စည်းများအား တာဝန်ရှိ
သူ ဝန်ထမ်း၏ ထိန်းသိမ်းမှုအောက်တွင်သာ ရှိရမည်။
၂၂။ ဘင်းကတ်ပြားတွင် ဖော်ပြရမည့် အချက်ကို ဖြေဆိုပါ။
ဘင်းကတ်ပြားများပေါ်တွင် အမျိုးအမည်၊ ပစ္စည်း သင်္ကေတ အမှတ်၊
ရေတွက်ပုံ၊ သွင်း/ထုတ် ရက်စွဲ၊ ရရှိသည့် အရေအတွက် ၊ထုတ်ပေးသည့် အရေ
အတွက် ၊ ပစ္စည်းလက်ကျန်အရေအတွက် ၊ အနည်းဆုံးထားရှိရန် အရေအတွက် ၊
မှတ်ချက် စသည်အချက်များ ပါဝင်ရပါမည်။
၂၃။ ပစ္စည်းများကို စစ်ဆေးသည့် အရာရှိမှ သတိပြုရမည့် အချက်များကို ဖော်ပြ
ပါ။
ပစ္စည်းများအား စစ်ဆေးရာတွင် မြေပြင်လက်ကျန် နှင့်စာရင်းရှိလက်ကျန်
ကိုက်ညီမှု ရှိ/မရှိ၊ အသွင်း /အထုတ် ပြုလုပ်ရာတွင် တာဝန်ခံအရာရှိ လက်မှတ်
ပါ /မပါ ၊ ပစ္စည်းစာရင်းများ ရေးသွင်းထားချက်များ မှန်ကန်မှု ရှိ/မရှိ၊ ပစ္စည်းများ
ပြုပြင်ထိန်းသိမ်းရန်နှင့် ပျောက်ဆုံး/ပျက်စီးမှု ရှိ/မရှိ၊ မီးဘေးအန္တရာယ် စိတ်ချရမှ
ရှိ/မရှိ တို့အား စစ်ဆေးရပါမည်။
၂၄။ အစုခေါင်းစဉ်နှင့်ပတ်သက်၍ လိုက်နာကျင့်သုံးရမည့် အချက်များကို ဖြေဆို
ပါ။
အစုခေါင်းစဉ်သည် စာပိုဒ်၏အထက် လက်ဝဲဘက်တွင် ရှိရမည်။ အောက်တွင်
မျဉ်းသားရမည်။ အတိုကောက်စာလုံးများ မသုံးရ ၊ နောက်အစုခေါင်းစဉ်မရောက်မီ
ရေးသားလိုသော အချက်များအားလုံး ပါဝင်စေရမည်။
၂၅။ မှတ်စုလွှာရေးသားရာတွင် လိုက်နာရမည့် အချက်များကို ဖြေဆိုပါ။
မှတ်စုလွှာရေးသားရာတွင် လိုက်နာရမည့်အချက်(၁၁) ချက်ရှိသည်။ ၎င်းတို့
မှာ-
(၁) လိုရင်း တိုရှင်း သပ်ရပ်စွာ ရေးသားရမည်။
(၂) ရေးသားရာတွင် ရုံးစာရေးသားနည်းအတိုင်း ရေးသားရမည်။
(၃) မူလစာအား ပုံစံတူ ကူးယူခြင်းမပြုရ။
(၄) အကျုံးဝင်သော ဥပဒေ၊ အမိန့်ညွှန်ကြားချက်များ တင်ပြရမည်။
(၅) အလားတူကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ခဲ့သည်များရှိပါက
သာဓက အနေဖြင့် ဖော်ပြရန်။
(၆) မှားယွင်းမှု ဥပဒေ၊ နည်းဥပဒေ စသည်တို့နှင့်မကိုက်ညီပါက ဖော်ပြရန်။
(၇) ရည်ညွှန်းကိုးကားချက်များ ပြည့်စုံစွာဖော်ပြရန်။
(၈) ဆောင်ရွက်ပေးလိုသည်များ၊ အဓိကစဉ်းစားသင့်သည့် အချက်များ၊မိမိ
သုံးသပ်ချက်၊ သဘောတရားများ ဖော်ပြရန်။
(၉) လုပ်ရိုးလုပ်စဉ်များတွင် စာမူကြမ်း (သို့) စာချောအား တစ်ပါတည်း
တင်ပြရန်။
(၁၀) မှတ်စုလွှာအား အမှုတွဲတွင် အစီအစဉ်တကျ စီစဉ်ပြီး ကတ်ပြားတွင်
တွဲချည်၍ တင်ပြရန်။
(၁၁) မှတ်စုလွှာအား ပင်အပ်နှင့်ကလစ်များတွဲရာတွင် မှတ်စုထိပ်လက်ဝဲဘက်
ထောင့်စွန်းမှ ဖြတ်ထိုးပြီး အပ်ဖျားသည် မှတ်စုလွှာစာရွက်များအကြား
နစ်မြုပ်နေရမည်။ ကလစ်ညှပ်ရာတွင်လည်း မှတ်စုလွှာ လက်ဝဲဘက်
ဘေးမျဉ်းကြောင်းပေါ်တွင် ကပ်၍ ကျစေရမည်။ အလံများ တစ်ခုနှင့်
တစ်ခု ထပ်မနေဘဲ ညီညာစွာ အစွန်းထွက်နေရမည်။
၂၆။ အစည်းအဝေးတစ်ခုအောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်း
တာဝန်များကို ရေးသားဖြေဆိုပါ။
အစည်းအဝေးတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ရန် အစီအစဉ်များရေးဆွဲခြင်း၊
နေရာနှင့်အထောက်အကူပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ အစည်းအဝေးတွင်
ဆွေးနွေးရမည့်အချက်များ ၊အခမ်းအနား အစီအစဉ်များအား တက်ရောက်မည့်
သူများအား ကြိုတင်ပေးပို့ခြင်း၊ ဖိတ်ကြားခြင်း၊ အစည်းအဝေးမှတ်တမ်းရေးသား
ခြင်း အတည်ပြုပြီးသော အစည်းအဝေးမှတ်တမ်းအား ဖြန့်ဝေခြင်းကို လိုအပ်မည်
ထင်ပါသည်။
၂၇။ အစည်းအဝေးဖိတ်ကြားရာတွင် ပါဝင်ရမည့်အချက်များကို ဖြေဆိုပါ။
အစည်းအဝေးဖိတ်ကြားရာတွင် ခေါ်ယူရမည့် အကြောင်းအရင်း၊ ကျင်းပမည့်
ရက်စွဲ၊အချိန်၊နေရာ၊ တက်ရောက်ရမည့် အင်အားစာရင်း (တက်ရောက်ခွင့်ရှိသူ )
အစည်းအဝေးအစီအစဉ်၊ လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းနှင့်
အချက်အလက်များကြိုတင်လေ့လာရန်၊ လိုအပ်ပါက လိုအပ်သော အချက်အလက်
ရှင်းလင်းချက်များကို သီးခြားပြုစု၍ ဖိတ်ကြားချက်နှင့်အတူ ပေးပို့ရမည်။
၂၈။ အစည်းအဝေးကျင်းပသည့်နေရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို
ရေးသားပါ။
အစည်းအဝေးကျင်းပရန် နေရာရွေးချယ်ရာတွင် ဆူညံမှုမရှိသည့် နေရာဖြစ်ရ
မည်။ ခုံနေရာချထားရာတွင် အရေးကြီး ပုဂ္ဂိုလ်များ ဦးစားပေး၍ စနစ်တကျ ချထား
ရမည်။ ဆွေးနွေးမည့် အချက်များနှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက်
အထားများအား ကြိုတင်ပြင်ဆင်ချထားပေးရမည်။ အစည်းအဝေးအစီအစဉ်
စာရွက်၊ခဲတံ၊ ရေသန့်ဘူး၊ ရေခွက်များ ချထားရမည်။ အစည်းအဝေး မှတ်တမ်း
ရေးသားသူအတွက် သီးသန့်နေရာပေးရမည်။ အခမ်းအနားမှူးဆောင်ရွက်ရန်
အတွက် ကြိုတင်စီစဉ်ထားရမည်။ အစည်းအဝေးတက်ရောက်သူများ သုံးစွဲရန်
အိမ်သာသန့်ရှင်းမှု ဆောင်ရွက်ထားရမည်။ အစည်းအဝေး တက်ရောက်လာသူများ
စီးနင်းလာသည့် ယာဉ်များ ရပ်နားရန် နေရာဆောင်ရွက်ပေးရမည်။
၂၉။ အစည်းအဝေးမှတ်တမ်းရေးသားရာတွင်လိုက်နာရမည့်အချက်များကိုဖြေဆိုပါ။
အစည်းအဝေးမှတ်တမ်းရေးသားရာတွင် ဆွေးနွေးသည့် ခေါင်းစဉ်၊
(အကြိမ်အရေအတွက် /ခုနှစ်) အစည်းအဝေးတက်ရောက်သူများအား အကြောင်း
အရာခေါင်းစဉ်အောက်တွင် ရာထူးတပ်၍ ရာထူးကြီးစဉ်ငယ်လိုက် ရေးရမည်။
ဥက္ကဌ၊ သဘာပတိ နှင့်အတွင်းရေးမှူးတို့အား ရေးသား၍ အတွင်းရေးမှူးအား
အောက်ဆုံးမှ ထား၍ ရေးသားရမည်။ တက်ရောက်သူများအောက်တွင် ပျက်ကွက်
သည့် သူများအား သီးခြားခေါင်းစဉ်ဖြင့် ရေးရမည်။ မှတ်တမ်းအဖွင့်တွင် ရည်ရွယ်
ချက် ရေးသားရမည်။ဆွေးနွေးချက်များဖော်ပြရာတွင် အတိုကောက်မသုံးရ။
တစ်ဦးတစ်ယောက်၏ ယူဆချက်အား မှတ်တမ်းတင်ခြင်းမပြုရ။ အရေးယူ
ဆောင်ရွက်ရမည့် အချက်များကိုသာ မှတ်တမ်းတင်ရမည်။ ဥက္ကဌ၊ သဘာပတိက
သီးခြားညွှန်ကြားသည့်အပေါ် တက်ရောက်သူများမှ ဆွေးနွေးသည့် ယူဆချက်များ
အား မှတ်တမ်းတင်ရမည်။ ဆုံးဖြတ်ချက်များအား အသေးစိတ်မှတ်တမ်းတင်ရ
မည်။ ဆောင်ရွက်ရမည့် ဌာန/ပုဂ္ဂိုလ်များအား စာရွက်၏ လက်ယာဘက်ကွက်လပ်
တွင်ရေးရမည်။ အစည်းအဝေးမှတ်တမ်းအား လုံခြုံမှုအဆင့်အတန်း သတ်မှတ်ရ
မည်။ လျှို့ဝှက်အဆင့်ထက် လုံခြုံမှုအဆင့်ရှိသော အစည်းအဝေးမှတ်တမ်းကို
စောင်ရေအမှတ် တပ်ရမည်။ စောင်ရေအမှတ်အား စာရွက်၏ လက်ဝဲဘက်ထိပ်
ထောင့်တွင် တပ်ရမည်။ အစည်းအဝေးမှတ်တမ်းအား ဥက္ကဌ ၊သဘာပတိ ထံတင်ပြ
အတည်ပြုချက်ရလျှင် မှတ်တမ်းတင်သူက လက်မှတ်ရေးထိုးရမည်။ အစည်းအဝေး
မှတ်တမ်းဖြန့်ဝေခြင်းအား အစည်းအဝေးပြီးဆုံးပြီး (၂၄)နာရီအတွင်း ဖြန့်ဝေ
ဆောင်ရွက်ရမည်။
၃၀။ ခရီးသွားမှတ်တမ်းရေးသားရာတွင် လိုက်နာရမည့်အချက်များကို ရေးသားပါ။
ခရီးသွားမှတ်တမ်းရေးသားရာတွင် သွားရောက်စစ်ဆေးမည့် အစီအစဉ်ကို
ဦးစွာရေးသားရမည်။ ခရီးစဉ်နှင့်ပတ်သက်၍ ပေးပို့သည့်စာများသည် လျှို့ဝှက်
အဆင့်ထက်မနိမ့်သော လုံခြုံရေးအဆင့်အတန်းများဖြစ်ရမည်။ သွားရောက်စစ်ဆေး
ဆောင်ရွက်သည့် အခါ ညွှန်ကြားချက် များနှင့်အညီ ပြည့်စုံမှန်ကန်တိကျစွာ
မှတ်တမ်းတင်ရမည်။ ဆွေးနွေးချက်များအား လိုရင်းတိုရှင်း ပြောပြရမည်။ ရေးသား
ရာတွင် ခေါင်းစဉ်ကြီး၊ အဖွဲ့ဝင်များ၊ ခရီးစဉ် ဟူသည့် အစုခေါင်းစဉ် (၃)ခုဖြင့်
ရေးသားတင်ပြရမည်။
၃၁။ လုပ်ငန်းမှတ်တမ်းရေးသားရာတွင် သတိပြုရမည့် အချက်များကို ဖြေဆိုပါ။
လုပ်ငန်းမှတ်တမ်းရေးသားရာတွင် လုံခြုံမှုအဆင့်အတန်း သတ်မှတ်ခြင်း၊
အဆင့်နှင့်အညီ ကိုင်တွယ်ထိန်းသိမ်းခြင်း၊ အနာဂတ်စီမံကိန်းများနှင့်ထိပ်တန်း
လျှို့ဝှက်များ ထည့်သွင်းခြင်းမပြုရန်၊ ဝန်ထမ်းများနှင့်ပတ်သက်၍ အမည်၊အဆင့်
တာဝန်တို့ကို အပြည့်အစုံဖော်ပြရန်နှင့်မိမိဌာနတွင်ပင် လုံခြုံစွာ သိမ်းဆည်းရန်
ကိစ္စများအား သတိပြုရပါမည်။
၃၂။ လုပ်ငန်းမှတ်တမ်းရေးသားရာတွင် ပါဝင်ရမည့်အချက်များကို ဖြေဆိုပါ။
လုပ်ငန်းမှတ်တမ်းရေးသားရာတွင် ရုံးချိန်အတွင်း အရေးပါသည့် ဆောင်ရွက်
ချက် ဖြစ်စဉ်အကြောင်းအရာများ၊ အမိန့်၊ညွှန်ကြားချက်များနှင့်ဆုံးဖြတ်ချက်များ
ရရှိသော သတင်းအချက်အလက် အကျဉ်းချုပ်များ ၊ဂုဏ်ထူး၊ဘွဲ့ထူးချီးမြှင့်ခြင်း
အတွက် ထောက်ခံချက်များ၊ ရာထူးတိုးမြှင့်ခြင်းနှင့်နိုင်ငံခြားပညာတော်သင်ကိစ္စ
များ အတွက် ထောက်ခံချက်များ ပါဝင်ရပါမည်။
၃၃။ လုပ်ငန်းစီမံချက်တွင် အသုံးပြုရေးသားရမည့် ခေါင်းစဉ်များကို ဖြေဆိုပါ၏
လုပ်ငန်းစီမံချက်ရေးသားရာတွင် အောက်ပါခေါင်းစဉ်များအား အသုံးပြုရ
မည်-
(၁) သတင်း (သို့)နိဒါန်း
(၂) ရည်မှန်းချက် (သို့) ရည်ရွယ်ချက်
(၃) လုပ်နည်း
(၄) အုပ်ချုပ်မှ
(၅) နိဂုံး
၃၄။ ရုံးလုပ်ငန်းများ စစ်ဆေးရာတွင် အခြေခံရမည့် အချက်များကို ရေးသားပါ။
ရုံးလုပ်ငန်းများ စစ်ဆေးရာတွင် ပင်မလုပ်ငန်းဆိုင်ရာ အချက်အလက်များ နှင့်
အထောက်အကူပြု ရုံးလုပ်ငန်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိ၊ ညှိနှိုင်း
ဆောင်ရွက်ရမည့် ကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ ရုံးဝန်ထမ်း
များ စည်းကမ်းနှင့်စနစ်ကျမှု ရှိ/မရှိ၊ ဝန်ထမ်းများ ၏ အရည်အချင်း၊ ကျွမ်းကျင်မှ
နှင့် ထိုးထွင်း တီထွင်လိုစိတ် ရှိ/မရှိ တို့အား စစ်ဆေးရမည် ဟု ထင်ပါသည်။
၃၅။ ရုံးလုပ်ငန်းများ ကွပ်ကဲရာတွင် သတိပြုရမည့် စီမံခန့်ခွဲမှု လိုအပ်ချက်များကို
ဖြေဆိုပါ။
ရုံးလုပ်ငန်းများ ကွပ်ကဲရာတွင် ဝန်ထမ်းများအား တာဝန်ခွဲဝေပေးခြင်း၊
ဝန်ထမ်းများ အမှားပြုလုပ်ရာတွင် ပြောဆိုမှုများ ၊ကတိကဝတ်ပေးခြင်း၊ ဝန်ထမ်း
များနှင့်ဆက်ဆံရေးအခြေအနေ၊ ဝန်ထမ်းများ၏ စွမ်းရည်မြင့်မားရေးကိစ္စရပ်များ၊
ဆုပေးဒဏ်ပေး ကိစ္စများနှင့်ပတ်သက်၍ သတိထားစီမံဆောင်ရွက်သင့်သည့်ဟု
ထင်ပါသည်။
၃၆။ ရုံးလုပ်ငန်းများ ထိရောက်စွာကွပ်ကဲနိုင်ရန် အထောက်အကူပြုရေးအတွက်
ထုတ်ပြန်ထားရမည့် အမိန့်နှင့်ညွှန်ကြားချက်အကြောင်းအရာများကို
ရေးသားပါ။
ရုံးလုပ်ငန်းများ ထိရောက်စွာ ကွပ်ကဲနိုင်ရန်အတွက် ဝန်ထမ်းများ လုပ်ငန်း
မှတ်တမ်းများ ရေးသား၍ လစဉ်ပေးပို့စေခြင်း၊ ဝန်ထမ်းများ အား မိမိတို့ တာဝန်
ယူဆောင်ရွက်ရသည့် ကိစ္စရပ်များ ၊ ရုံးတွင်း ဆောင်ရွက် မှု အခြေအနေ အခက်အခဲ
များ၊ အကြံပြုချက်များအား အစီရင်ခံစာ ပြုစုတင်ပြခြင်း စသည့် ညွှန်ကြားချက်
များ ထုတ်ပြန်သင့်သည်ဟု ထင်မြင်ပါသည်။
၁။ ဝင်စာမှတ်ပုံတင်သူ ဖွင့်ဖောက်ခွင့်မရှိသော စာအိတ်များကို ဖြေဆိုပါ။
(က) ထိပ်တန်း လျှို့ဝှက် (ခ) လျှို့ဝှက် (ဂ) အတွင်းရေး လုံခြုံမှုအဆင့်အတန်း
ဝင်စာအိတ်များ။
(ခ) လူပုဂ္ဂိုလ် တစ်ဦးဦးထံသို့ အမည်ဖြင့် လိပ်မူထားသည့် စာအိတ်များ။
၂။ ထိပ်တန်းလျှို့ဝှက် လုံခြုံမှုအဆင့်အတန်း သတ်မှတ်ရန် အကျုံးဝင်သော
အကြောင်းအရာများကို ရေးသားပါ။
နိုင်ငံတော်၏ လုံခြုံရေး၊ အနာဂတ်စီမံကိန်းများ ၊နိုင်ငံရေး၊စီးပွားရေး
၊လူမှုရေးဆိုင်ရာ မူဝါဒများ၊ အလွန်အရေးကြီးသည့် နိုင်ငံရေး စာရွက်စာတမ်းများ
ဝှက်စာ၊ ဝှက်စာအညွှန်း၊ အမည်ဝှက်များ၊ စစ်ဆင်ရေးနှင့်ထောက်လှမ်းရေး
ကိစ္စရပ်များ ၊အရေးကြီးပုဂ္ဂိုလ် များ၏ ခရီးစဉ်သတင်းများ စသည်တို့ဖြစ်သည်။
၃။ ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်နှင့်အတွင်းရေး လုံခြုံမှုအဆင့်အတန်းရှိသော
စာများကို မည်သို့ လက်မှတ်ရေးထိုးရမည်နည်း။
ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်နှင့်အတွင်းရေး လုံခြုံမှုအဆင့်အတန်းရှိသော
စာရွက်စာတမ်းများအား ဖယောင်းစက္ကူဖြင့် ရိုက်နှိပ်သည့် အခါတွင်လည်းကောင်း၊
ကွန်ပျူတာဖြင့် ရိုက်နှိပ်သည့် အခါတွင်လည်းကောင်း၊ ဖယောင်းစက္ကူ ပေါ်တွင်
လက်မှတ်ရေးထိုးခြင်းမပြုရ။ စက္ကူဖြင့်လှည့်၍ ကူးယူပြီးမှ တစ်စောင်ချင်း
လက်မှတ်ရေးထိုးရမည်။
၄။ မှတ်တမ်းများကို လွယ်ကူစွာနှင့်စနစ်တကျ ထိန်းသိမ်းနိုင်ရန်အတွက် အမျိုး
အစား မည်မျှခွဲထားသနည်း။ ၎င်းတို့ကို ရေးသားပါ။
(၇) မျိုးရှိသည်-
(၁) ဥပဒေ၊နည်းဥပဒေ၊အမိန့်၊ညွှန်ကြားချက် ၊လက်စွဲစာစောင်စသည်များ
(၂) စာချုပ်စာတမ်းများ၊ သဘောတူညီချက်များ
(၃) ပုံစံများ၊ သရုပ်ပြဇယားများ၊မြေပုံများနှင့်အခြားရုပ်မြင်သံကြားဆိုင်ရာ
(၄) သုတေသနစာတမ်းများ ၊သဘောတူညီချက်များ
(၅) အစီရင်ခံစာများ၊စစ်ဆေးချက်မှတ်တမ်းများ၊ ရသုံးမှန်းခြေငွေစာရင်း
ငွေစာရင်းရှင်းတမ်းများ
(၆) အကြောင်းအရာတစ်ခုချင်းအလိုက် ဖွင့်လှစ်ထားရှိသော စာတွဲများ ၊
အမှုတွဲများ
(၇) လုပ်ငန်းစီမံချက်များ တို့ဖြစ်ပါသည်။
၅။ ရုံးစာရေးသားရာတွင် စနစ်တကျရှိစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်
များကို ရေးသားဖြေဆိုပါ။
စာတစ်စောင်ရေးသားရာတွင် နိဒါန်း၊စာကိုယ်၊နိဂုံး များ ပါရှိရမည်။ ရုံးစာ
ရေးသားရာတွင် စနစ်တကျရှိစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်
ရမည်-
(က) စာလက်ခံဖတ်ရှုသူအား သိစေလိုသော ဆောင်ရွက်ရမည့် အကြောင်း
အချက်များကို စာရေးသူကိုယ်တိုင်က ရှင်းလင်းပြတ်သားစွာ သိရှိ
ထားရမည်။
(ခ) စာတွင်ပါရှိမည့် အချက်များ ပြည့်စုံရန်နှင့်တိကျမှန်ကန်မှုရှိစေရန်ဂရုပြု
ရမည်။
(ဂ) အချက်အလက်များကို အစီအစဉ်တကျ ဖော်ပြရမည်။
(ဃ) လိုရင်းကို တိုတိုနှင့်တိကျရှင်းလင်းစွာ ရေးသားရမည်။ သို့ရာတွင်
အဓိပ္ပါယ်ပေါ်လွင်၍ သိသာထင်ရှားအောင် ဂရုပြုရေးသားရမည်။
၆။ ရုံးစာရေးသားရာတွင် အသုံးပြုရသည့် ခေါင်းစဉ်များကို ဖော်ပြပါ။
၎င်းတို့အနက်မှ စာပိုဒ်/စာပိုဒ်ခွဲ ခေါင်းစဉ်ရေးသားရာတွင် လိုက်နာကျင့်သုံး ရမည့်
အချက်များကို ဖြေဆိုပါ။
(က) ခေါင်းစဉ်ကြီး
(ခ) ခေါင်းစဉ်
(ဂ) အစုခေါင်းစဉ်
(ဃ) စာပိုဒ်ခေါင်းစဉ်
(င) စာပိုဒ်ခွဲငယ် ခေါင်းစဉ်
(စ) စာပိုဒ်ခွဲငယ်စိတ်ခေါင်းစဉ်
စာပိုဒ်/ စာပိုဒ်ခွဲခေါင်းစဉ်နှင့်ပတ်သက်၍ အောက်ပါအတိုင်း လိုက်နာကျင့်သုံးရမည်-
(က) စာပိုဒ်/ စာပိုဒ်ခွဲ အမှတ်စဉ်နှင့်တစ်တန်းတည်း ပထမစာကြောင်း အစ
တွင် ရှိရမည်။
(ခ) အောက်မှ မျဉ်းသားရမည်။
(ဂ) အတိုကောက်စာလုံးများ အသုံးပြုနိုင်ပါသည်။
(ဃ) စာပိုဒ်/စာပိုဒ်ခွဲ တစ်ခုလုံးအပြင် ယင်းနှင့်သက်ဆိုင်သော စာပိုဒ်ခွဲငယ်
စိတ်အထိ အကျုံးဝင်စေရမည်။
(င) စာသားကို စာပိုဒ်/စာပိုဒ်ခွဲ ခေါင်းစဉ်နှင့်တစ်ဆက်တည်း ရေးလိုလျှင်
ယင်းခေါင်းစဉ်အဆုံး၌ ပုဒ်မရေးရမည်။ တစ်ဆက်တည်း ရေးသားခြင်း
မဟုတ်ဘဲ စာပိုဒ်ခွဲ၍ ရေးသားလိုပါက စာပိုဒ်/စာပိုဒ်ခွဲ ခေါင်းစဉ် အဆုံး
တွင် ပုဒ်မရေးရန်မလို။
၇။ ရုံးစာရေးသားနည်းအားလုံးတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို
ဖြေဆိုပါ။
(က) စာမရေးမီ ဖတ်ရှုလေ့လာရန်နှင့် တွေးတောကြံဆရန် အချိန် လုံလောက်
စွာထားပါ။
(ခ) လေ့လာ၍ ရရှိသော အချက်အလက်၊ အတွေးအခေါ်နှင့်အကြံဉာဏ်များ
ကို မှတ်စုရေးမှတ်ပြီး ဖော်ပြလိုသည့် အစီအစဉ်အတိုင်း အဆင့်ဆင့်
ပြန်ရေးပါ။
(ဂ) ရည်ရွယ်ချက်များကို မျက်ခြေမပြတ်စေရ။မသက်ဆိုင်သည့် အချက်
အလက် များကို ပယ်ဖျက်ပစ်ပါ။
(ဃ) ဝါကျများကို တိုတောင်းစေရမည့် ဝါကျတစ်ခုတွင် အချက်အလက်တစ်
ခု ထက် မဖော်ပြရ။
(င) စာပိုဒ်တစ်ပိုဒ်တွင် ပါဝင်သည့် အချက်အလက်များသည် ခေါင်းစဉ်၏
ရည်ရွယ်ချက်နှင့်ပမာဏထက် မကျော်လွန်စေရန် သတိပြုပါ။
(စ) ဗန်းစကားများကို ထည့်သွင်းအသုံးပြုခြင်းမပြုရ။
(ဆ) နိဂုံးတွင် အကြောင်းအရာအသစ် တစ်ရပ် ထည့်သွင်း ဖော်ပြခြင်းမပြု
ရ။
(ဇ) အစ၊ အဆုံး၊ ရေးပြီးလျှင် ပုဒ်မ၊ ပုဒ်ဖြတ်၊ သတ်ပုံ သတ်ညွှန်းများကို
စစ်ဆေးပါ။
၈။ အစည်းအဝေးမှတ်တမ်း နမူနာ တစ်စောင်ရေးသားပါ။
အစည်းအဝေးမှတ်တမ်းနမူနာပုံစံ
၂၀၁၁ခုနှစ်၊ ဇွန်လ ၆ ရက် (တနင်္လာနေ့) ၀၉:၀၀ နာရီ အချိန်တွင် ဝန်ထမ်း
ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ – ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊
ပြည်သူ့ဝန်ထမ်းတံဆိပ် ၊ ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ် အပ်နှင်း
ရေးအတွက် စိစစ်ထောက်ခံတင်ပြရေးနှင့်စပ်လျဉ်း၍ ပြုလုပ်သော အစည်းအဝေး
မှတ်တမ်း အမှတ်စဉ်(၃/၂၀၁၁)
၉။ ရုံးအမိန့်စာတွင် ရေးသားရမည့် ကိစ္စရပ်များကို ဖြေဆိုပါ။
(က) ဝန်ထမ်းခန့်ထားခြင်း ကိစ္စရပ်များ
(ခ) လုပ်ငန်းတာဝန်သတ်မှတ်ခြင်း ကိစ္စရပ်များ
(ဂ) စည်းကမ်းသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းဆိုင်ရာ ကိစ္စရပ်
များ
၁၀။ လုပ်ငန်းလွှဲပြောင်း တာဝန်ထမ်းဆောင်ရာတွင် ရေးသားပြုစုတင်ပြရမည့်
အစီရင်ခံစာပါ အချက်များကို ရေးသားဖြေဆိုပါ။
(က) တာဝန်ပေးအပ်သည့်အမိန့်
(ခ) တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ
(ဂ) တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ထူးခြားစွာ ဆောင်ရွက်မှု ရှိက
ဖော်ပြရန်
(ဃ) ဆက်လက်ဆောင်ရွက်ရန် ရှိမည့် လုပ်ငန်းများ
(င) အသုံးပြုနေသော စာတွဲစာရင်း၊ မှတ်ပုံတင်စာရင်းများ
(စ) ပစ္စည်းစာရင်း
(ဆ) ခွင့်ပြုရန်ပုံငွေနှင့် ရန်ပုံငွေလက်ကျန်စာရင်း
(ဇ) လုပ်ငန်းဆောင်ရွက်မှု အနေအထား အကျဉ်းချုပ်
၁၁။ ရုံးအဖွဲ့အစည်း၏ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်စေရန်အတွက် သတိ
ပြုရမည့် စီမံခန့်ခွဲမှု လိုအပ်ချက်များကို ရေးသားပါ။
(က) ရည်မှန်းချက် ပန်းတိုင်ရှိရမည်။
(ခ) ရည်မှန်းချက် ပန်းတိုင် ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စနစ်
တကျ ဖွဲ့စည်းထားရမည်။
(ဂ) ယင်းအဖွဲ့အစည်း၌ ခန့်ထားသော ဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်း
တာဝန်အသီးသီးကို ထမ်းဆောင်နိုင်ကြရန် လိုအပ်သော အသိပညာ ၊
အတက်ပညာ၊ ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်တို့နှင့်ပြည့်စုံရမည်။
(ဃ) ယင်းဝန်ထမ်းတို့သည် မိမိအဖွဲ့အစည်း၏ ရည်မှန်းချက်(သို့) ဦးတည်
ချက်ကို သိရှိပြီး မှန်ကန်သော သဘောထားခံယူချက်နှင့် မှန်ကန်သော
အသိရှိရမည်။
(စ) ဝန်ထမ်းများသည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို
လိုက်နာကြရမည်။