naywinaung ကူးပြောင်းချိန်ကာလသတ်မှတ်ချက်များ

ကူးပြောင်းချိန်ကာလသတ်မှတ်ချက်များ

ကူးပြောင်းချိန်ကာလသတ်မှတ်ချက်များ

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၉) တွင် ကူးပြောင်းချိန်ကာလသတ်မှတ်ချက်များ  နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၂၀ ၊ နည်းဥပဒေ ၁၃ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါ နည်းဥပဒေအချို့ကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၁၂၀။ ကူးပြောင်းချိန်ကာလဆိုသည်မှာ မူလရာထူးရှိရာနေရာဒေသဟောင်းမှ ရာထူးသစ်ရှိရာ နေရာဒေသသို့ ရာထူးတိုးမြင့်ခရခြင်းကြောင့်ဖြစ်စေ၊ ရာထူးအဆင့်တူ ပြောင်းရွေ့ခြင်းကြောင့်ဖြစ်စေ၊ မူလရာထူးမှ တစ်ဆင့် နိမ့်ရထူးဖြင့် ပြောင်းရွေ့ခြင်းကြောင့်ဖြစ်စေ ခရီးသွားလာရသည့် အချိန်ကာလဖြစ်သည်။

နည်းဥပဒေ ၁၂၁။ အောက်ပါအခြေအနေများတွင်ကူးပြောင်းချိန်ကာလခစားခွင့်ရှိသည်-

(က) တာဝန်ထမ်းဆောင်လျက်ရှိသော ရာထူးနေရာဒေသမှရာထူးသစ်နေရာ ဒေသတစ်ခုသို့ ပြောင်းရွေ့ခန့်ထားခြင်းခရသည့်အခါ၊

(ခ) ခွင့်ခံစားနေသောဝန်ထမ်းကို ယင်းခွင့်ကုန်ဆုံးသည့်အခါ မူလရာထူးသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုစေဘဲ ရာထူးသစ်သို့ပြောင်းရွေ့ခန့်ထားလိုက်သည့်အခါ။

နည်းဥပဒေ ၁၂၂။ ကူးပြောင်းချိန်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍-

(က) ရာထူးတစ်ခုမှတစ်ခုသို့ ပြောင်းရွေ့ ရသော်လည်း ဒေသမပြောင်းရသည့်ကိစ္စများ ၌ကူးပြေားချန်ကု တစ်ရက်ခွင်ပြသည်။ ပြင်ဆင်ရန်ရက် ခွင့်မပြု။

(ခ) ဒေသတစ်ခုမှတစ်ခုသို့ ပြောင်းရွေ့ရသည့်ကိစ္စတွင် ပြင်ဆင်ရန်ငါးရက်နှင့် လမ်းခရီး အတွက် အမှန်ခရီးသွားလာရသည်ရက်များကို ခွင့်ပြုရမည်။

(ဂ) အသုံးပြုသည့်လမ်းကြောင်းသည် အများပြည်သူတို့ သာမန်အားဖြင့် အသုံးပြုသည့် လမ်းကြောင်းဖြစ်ပြီးဝန်ထမ်း၏ အဆင့်အလျောက် သာမန်အားဖြင့် သုံးသင့်သုံးထိုက် သော ခရီးသွားယာဉ်ကို အသုံးပြုခြင်းဖြစ်ရမည်။

နည်းဥပဒေ ၁၃၁။ ခွင့်ပြုသည့် ကူးပြောင်းချိန်ကုန်ဆုံးသည့်ရက်၏ နောက်တစ်ရက်တွင် အလုပ်ဝင်ရောက်ရန်ဖြစ်သော်လည်း အလုပ်မဝင်ရောက်သည့် ဝန်ထမ်းသည်ကူးပြောင်းချိန် ကုန်ဆုံးသည့်ရက်၏ နောက်ရက်မှအစပြု၍ လစာဖြစ်စေ၊ ခွင့်လစာကိုဖြစ်စေ ခံစားခွင့်မရှိ။ ကူးပြောင်းချိန်ကုန်ဆုံးပြီးနောက် အလုပ်ဝင်ရောက်ရန် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ တမင်ပျက်ကွက်လျှင် ယင်းပျက်ကွက်မှုကို မလျော်ကန်သော အပြုအမူတစ်ရပ်အဖြစ် သတ်မှတ်ပြီး နည်းဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်။

 

ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ

၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၁၀) တွင် ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၁၃၂ မှ နည်းဥပဒေ ၁၄၇ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါနည်းဥပဒေအချို့ကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၁၃၂။ မည်သည့်ဝန်ထမ်းကိုမဆို ယင်း၏ဆန္ဒမပါဘဲ ပြင်ပဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရန် လွဲပြောင်းစေလွတ်ခြင်းမပြုရ။ ပြင်ပအဖွဲ့အစည်းမှ တာဝန်ထမ်းဆောင်ခွင့်ပြုရန် ဝန်ထမ်းအမည်ဖြင့် တိုက်ရိုက် အဆိုပြုခြင်းကို ခွင့်မပြုရ။

နည်းဥပဒေ ၁၃၃။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခွင့်ပြုနိုင်သည့်ကာလမှာ သုံးနှစ် ဖြစ်သည်။ ထပ်မံလိုအပ်ပါက နောက်ထပ်နှစ်နှစ်အထိသာ ခွင့်ပြုပြီးစုစုပေါင်း ငါးနှစ်ထက် မပိုစေရ။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် လွဲပြောင်းတာဝန်ထမ်းဆောင်မည့်ဝန်ထမ်းသည် လုပ်သက် ၁၀ နှစ်ပြည့်ပြီးဖြစ်ရမည့်အပြင် စေလွှတ်ချိန်၌အသက် ၅၅ နှစ်ထက်မကြီးစေရ။

နည်းဥပဒေ ၁၄၀။ ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ရာမှ ပြန်လည်လွဲပြောင်းပေးသည့် ဝန်ထမ်းသည် မိခင်ဌာန ဝန်ထမ်းအဖွဲ့အစည်း၌ရှိသော ယင်း၏ရာထူးတာဝန်များကို စတင် ထမ်းဆောင် သည့်နေ့ရက်မှစ၍ ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်း ပြီးဆုံးသည်။ ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းကာလ ပြီးဆုံးချိန်တွင် ဝန်ထမ်းသည် မိမိ၏ရာထူးတာဝန် များကို ပြန်လည်ထမ်းဆောင်ခြင်းမပြုမီ ခွင့်စားခဲ့လျှင် မိခင်ဝန်ထမ်းအဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိသည့်နေ့ရက်ကိုသာ ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်း ပြီးဆုံးသည့် နေ့ရက်အဖြစ် သတ်မှတ်ရမည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Chapter 5 Conclusion ဘယ်လိုရေးမလဲChapter 5 Conclusion ဘယ်လိုရေးမလဲ

1. Introduction (မိတ်ဆက်ပိုင်း) စာတမ်းရဲ့ ရည်ရွယ်ချက်ကို အတိုချုံးပြန်ဖော်ပြပေးပြီး၊ လေ့လာမှုကို ဘာကြောင့်လုပ်ခဲ့သလဲဆိုတဲ့ အကြောင်းပြန်ထည့်ပေးဖို့လိုပါတယ်။ အဲ့ဒီနောက်မှာ “ဒီအခန်းမှာ လေ့လာမှုရဲ့ ရလဒ်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးမယ်” လို့ အတိုချုံးပြောပေးရင် ရပါပြီ။ 2. Findings (ရှာဖွေတွေ့ရှိချက်များ) ဒီပိုင်းကတော့ လေ့လာမှုမှာ တွေ့ရှိခဲ့တဲ့ အဓိကအချက်တွေကို ပြောပြရမှာပါ။ – လေ့လာမှုမှာ စုဆောင်းခဲ့တဲ့ အချက်အလက်တွေကို

Chapter 5 SOME IMPORTANT SAMPLING DISTRIBUTIONSChapter 5 SOME IMPORTANT SAMPLING DISTRIBUTIONS

အခန်း (၅) တွင်ပါဝင်သော “အရေးကြီးသော နမူနာဖြန့်ဝေမှုအချို့” (SOME IMPORTANT SAMPLING DISTRIBUTIONS) သည် စာရင်းအင်းဘာသာရပ်ရှိ အရေးကြီးဆုံး အခန်းများထဲမှ တစ်ခုဖြစ်ပြီး၊ ဖော်ပြချက်ဆိုင်ရာစာရင်းအင်း (descriptive statistics) နှင့် ဖြစ်နိုင်ခြေသဘောတရား (probability) တို့မှ ကောက်ချက်ဆွဲခြင်းဆိုင်ရာစာရင်းအင်း (inferential statistics) သို့ ကူးပြောင်းရာတွင် အဓိကတံတားအဖြစ် တည်ရှိနေသည်။ ကောက်ချက်ဆွဲခြင်းဆိုသည်မှာ လူဦးရေ

Outbreak InvestigationOutbreak Investigation

Outbreak Investigation ဆိုတာက ရောဂါတစ်ခု ရုတ်တရက် ပျံ့နှံ့လာတဲ့အခါ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို စုံစမ်းဖော်ထုတ်တဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။  Outbreak Investigation ရဲ့ အဓိကအဆင့်များ ဥပမာ၊ ကျေးရွာတစ်ခုမှာ ဝမ်းလျှောရောဂါဖြစ်နေတယ်ဆိုပါစို့။ 1. Outbreak ဖြစ်နေကြောင်း အတည်ပြုပါ (Confirm the Outbreak) ပထမဆုံး၊ ဒါက တကယ် outbreak ဟုတ်မဟုတ်