naywinaung ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ ပြန်လည်ခန့်ထားခြင်း ဆိုင်ရာကိစ္စရပ်များ

ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ ပြန်လည်ခန့်ထားခြင်း ဆိုင်ရာကိစ္စရပ်များ

ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ ပြန်လည်ခန့်ထားခြင်း ဆိုင်ရာကိစ္စရပ်များ

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၇) တွင် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ ပြန်လည်ခန့်ထားခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၆၄ မှ နည်းဥပဒေ ၆၉ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၆၄။ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်း၏ လစာစရိတ်တို့ကို ယင်းဝန်ထမ်းအား ထုတ်ပစ် သို့မဟုတ် ထုတ်ပယ်သည့်နေ့ရက်မှစ၍ ရပ်စဲစေရမည်။

နည်းဥပဒေ ၆၅။ ဝန်ထမ်းတစ်ဦးသည် ဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်ခြင်းခံရသဖြင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှထုတ်ပယ်ခြင်းခခဲ့ရသော် ယင်းသို့ ထုတ်ပစ်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းသည် တရားရုံးက ပြစ်ဒဏ်စီရင်သည့်နေ့ရက်မှစ၍ အကျိုးသက်ရောက်စေရမည်။

နည်းဥပဒေ ၆၆။ တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရသည့်ဝန်ထမ်းသည် အောက်ပါအတိုင်းစားစရိတ်ထောက်ပံ့ကြေး ခံစားခွင့်ရှိသည်-

(က) တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရသည့်ပထမတစ်နှစ်အတွက်ပျမ်းမျှလစာ၏ — ၁/၂

(ခ) တစ်နှစ်ပြည့်ပြီး နောက်ပိုင်းကာလအတွက် ပျမ်းမျှလစာ၏ ၃/၈ နှုန်း

နည်းဥပဒေ ၆၇။ တာဝန်မှယာယိရပ်ဆိုင်းခြင်းမပြုမိက ဒေသစရိတ်နှင့် အခြားစရိတ် များကို ခံစားနေသော ဝန်ထမ်းသည် တာဝန်မှယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း အဆိုပါစရိတ်များကို ယခင်ရရှိသည့်နှုန်းအတိုင်း ဆက်လက်ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၆၈။ တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့် ဝန်ထမ်းကို အမှုကိစ္စများ ပြီးဆုံးပြန်လည် ခန့်ထားသည့် အခါဖြစ်စေ၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်းပြုခဲ့ပြီးနောက် ပြန်လည်ခန့်ထား သည့်အခါ၌ဖြစ်စေ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးသည်-

(က) ဝန်ထမ်းကို တာဝန်မှယာယိရပ်ဆိုင်းထားခဲ့သည့်ကိစ္စ သို့မဟုတ်ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခဲ့သည့်ကိစ္စ သို့မဟုတ် ရာထူးမှထုတ်ပယ်ခဲ့သည့်ကိစ္စတွင် ဝန်ထမ်း အပြစ်လုံးဝမရှိကြောင်း တွေ့ရှိရ၍ အပြစ်မှကင်းလွတ်ခွင့်ပြုပြီး ပြန်လည်ခန့်ထားခဲ့သောအါ ရာထူးမှကင်းကွာနေခဲ့သည့် ကာလအတွက် ခံစားခွင့်ရှိမည်ဖြစ်သော လစာအပြည့်နှင့်စရိတ်တို့ကို ပြန်လည်ထုတ်ယူခွင့်ပြုရမည့်အပြင် ရာထူးမှကင်းကွာနေခဲ့ ရသည့်ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ရမည်။

(ခ) ဝန်ထမ်း အပြစ်တစ်စုံတစ်ရာ တွေ့ရှိရသော်လည်း ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း ရာထူးမှထုတ်ပယ်ခြင်းခံထိုက်သော ပြင်းထန်သည့် ကျူးလွန်မှုမဟုတ်ခြင်းကြောင့် အမှုကိစ္စ၏ အတိမ်အနက် ကိုလိုက်၍ မူလရာထူး၌ဖြစ်စေ၊ အခြားရာထူးတစ်ခု၌ဖြစ်စေ ပြန်လည်ခန့်ထားခဲ့လျှင် ရာထူးမှကင်းကွာနေခဲ့ရသည် ကာလအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးက အောက်ပါအတိုင်း သတ်မှတ်ခွင့်ပြုနိုင်သည်-

(၁) လစာနှင့်စရိတ်၏ တစ်စိတ်တစ်ဒေသကို ခွင့်ပြုခြင်း။

(J) ရာထူးမှကင်းကွာနေခဲ့သည့်ကာလကို တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်း၊

(၃) ရာထူးမှကင်းကွာနေခဲ့သည့်ကာလကို ခွင့် ကာလအဖြစ်သတ်မှတ်ခြင်း၊

(၄) ရာထူးမှကင်းကွာနေခဲ့သည့် ကာလကို ခွင့် ကာလဟု သတ်မှတ်ပြီးလစာကို ခွင်လစာ အဖြစ်သတ်မှတ်ခြင်း။

(ဂ) တာဝန်မှယာယီရပ်ဆိုင်းခြင်းမှ ကင်းလွတ်ခွင့်ပြု၍ ဒေသပြောင်းရွေ့ခန့်ထားခြင်းခရသည့် ဝန်ထမ်းသည် ပြောင်းရွေ့ခရီးစရိတ်ရခွင့်မရှိကြောင်း အမိန့် ချမှတ်မထားပါက ပြောင်းရွေ့ခရီးစရိတ်ရခွင့်ရှိသည်။

နည်းဥပဒေ ၆၉။ တာဝန်မှယာယိရပ်ဆိုင်းထားစဉ်အတွင်း ဝန်ထမ်းကို မည်သည့်ခွင့်မျှ ခံစားခွင့်မပြုရ။ သို့ရာတွင် ယင်းကာလအတွင်း မီးဖွားခြင်း အရေးပေါ် မကျန်းမာမှုအရဆေးရုံတက်ရခြင်း၊ ဆေးကုသရခြင်း၊ ယခင်က တာဝန်ထမ်းဆောင်မှုကြောင့် မသန်စွမ်းဖြစ်မှု ပိုမိုဆိုးရွားလာခြင်းအတွက် ဆေးကုသရခြင်း၊ အထူးမသန်စွမ်းခွင့်ခစားရမည့်အခြေအနေတစ်မျိုးမျိုးဖြစ်လာပါက ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ထူးခြားသည့်အခြေအနေတစ်ရပ် ယုံကြည်လက်ခံလျှင် သက်ဆိုင်သည့် ခွင့်ခံစားခွင့်ပြုရန် စဉ်းစား ဆောင်ရွက်နိုင်သည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Data transform in regressionData transform in regression

Regression မှာ Data Transform ဘာကြောင့် လုပ်သင့်သလဲ၊ ဘယ်လိုလုပ်မလဲRegression analysis မှာ assumption တွေဖြစ်တဲ့ linearity, homoscedasticity, normality of residuals စတဲ့ အချက်တွေကို ပိုကောင်းစေဖို့အတွက် data တွေ ကို transform လုပ်ကြရပါတယ်။ များသောအားဖြင့် data အမျိုးအစားတွေကို ကြည့်ပြီး နည်းလမ်း ၁၁

Bias in ResearchBias in Research

Bias in Researchသုတေသနပြုလုပ်ရာတွင် ဘက်လိုက်ခြင်းဘက်လိုက်ခြင်း (ဒီတိုင်း ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွန်တော်ကတော့ ဘက်လိုက်တယ်လို့ပဲ မှတ်ထားပါတယ်)။သုတေသနပြုရာတွင် ဘက်လိုက်ခြင်းဆိုတာကို အလွယ်ပြောရရင် သုတေသီဟာ သူလိုချင်တဲ့ အဖြေကိုရဖို့အတွက် စနစ်တကျ အမှားပြုလုပ်တာကို ဆိုလိုပါတယ်။ဒီနေရာမှာ တမင်သက်သက် ပြုလပ်တာ ဖြစ်နိုင်သလို၊ မသိလို့ ပြုတာလည်းဖြစ်နိုင်ပါတယ်။သုတေသနဆိုင်ရာ ဘက်လိုက်မှု (Research Bias) များကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာတော့၁။ ဘက်လိုက်တည်ဆောက်မှု

Regression လွယ်သလား၊ ခက်သလားRegression လွယ်သလား၊ ခက်သလား

Regression လွယ်သလား၊ ခက်သလား(စာများတယ်၊ အရုပ်မပါဘူး… စိတ်ဝင်စားသူများသာ ဖတ်ရှုပါ။ ခေါင်းမူးလျှင် တာဝန်မယူပါ)အဟေဟေစာရင်းအင်းပညာမှာ regression model ကို ဘာကြောင့် သုံးရတာသလဲ၊ ဘာတွေကို အဓိက ရှာဖွေချင်တာလဲ၊ ရလဒ်တွေကို ဘယ်လို သုံးသပ်ပြီး တင်ပြရမလဲ ဆိုတာကို ရိုးရိုးရှင်းရှင်းနှင့်  နားလည်လွယ်အောင် ရှင်းပြချင်ပါတယ်။Regression model ကို သုံးရတဲ့ ရည်ရွယ်ချက်က အများကြီး ရှိပါတယ်၊