naywinaung ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များ

ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များ

ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များ

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၁၉) တွင် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များ နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၂၀၉ မှ နည်းဥပဒေ ၂၁၇ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါနည်းဥပဒေအချို့ကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၂ဝ၉။ ဌာနဆိုင်ရာအရေးယူမှု များတွင် ဥပဒေပုဒ်မ ၅၃ ပါ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီချမှတ်နိုင်သည်။

နည်းဥပဒေ ၂၁၀။ နည်းဥပဒေ Jog အရ ချမှတ်သည့် ပြစ်ဒဏ်များတွင်

(က) စာဖြင့်သတိပေးခြင်းဆိုသည်မှာ ဝန်ထမ်း၏အပြစ်ကို ဖော်ပြ၍စာဖြင့်သတိပေးခြင်းကို ဆိုသည်။ ယင်းပြစ်ဒဏ်ကို ချမှတ်ရာ၌

(၁)     သတိပေးခြင်းရသည်အပြစ်ကို ကျူးလွန်သည်ပြင်မှနှင့်ယှဉ်တွဲ၍ အကျဉ်းဖော်ပြ ရမည်။

(၂) ပြစ်ဒဏ်ချမှတ်သည့်နေ့မှစ၍ ခြောက်လပြည့်သည့်အခါတွင် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည်။

(၃)     ပြစ်ဒဏ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ။

(၄)     ပြစ်ဒဏ်ကာလအတွင်း နှစ်တိုးစေ့က ပုံမှန်ခွင့်ပြုရမည်။

(ခ)နှစ်တိုးလစာရပ်ဆိုင်းခြင်း ဆိုသည်မှာ ဝန်ထမ်း၏ရာထူးလစာနှုန်အတွင်းရှေ့လာမည့် နှစ်တိုး လစာစေ့ရောက်သည့်အချိန်တွင် နှစ်တိုးထုတ်ယူခွင့်မပြုဘဲ ကာလအကန့်အသတ်ဖြင့် ထိုနှစ်ကို ရွေ့ဆိုင်းထားခြင်းကိုဆိုသည်။ ယင်းပြစ်ဒဏ်ကိုချမှတ်ရာ၌ ဝန်ထမ်းတွင် ထင်ရှားစွာ တွေ့ရှိ ရသည့် အပြစ်၏အတိမ်အနက်ကိုထောက်ချင့်၍

(၁) ပြစ်ဒဏ်ကာလကို သတ်မှတ်ပေးရမည်။ ပြစ်ဒဏ်ကာလကို ရေတွက်ရာ၌ ရှေ့လာမည့် နှစ်တိုးလစာစေ့ရောက်သည့် နေ့ရက်မှအစပြု၍ ရေတွက်ရမည်။

(J)      နှစ်တိုးလစာရပ်ဆိုင်းခြင်းကြောင့် နောင်ရရန်ရှိသော နှစ်တိုးလစာများ ရွေ့သွားခြင်း မရှိစေရဟုသော်လည်းကောင်း၊ရွေ့သွားစေရမည်ဟုသော်လည်းကောင်း သတ်မှတ်ပေး ရမည်။ နောင်နှစ်တိုးလစာများရွေ့သွားစေရမည်ဟုသတ်မှတ်လျှင် မည်သည့်ကာလ အပိုင်းအခြား အထိ ရွေ့သွားစေရမည်ကို ဖော်ပြရမည်။

(၃)     ပြစ်ဒဏ်စောင့်ဆိုင်းဆဲကာလနှင့် ပြစ်ဒဏ်ကာလအတွင်းရာထူးတိုးမြှင့်မပေးရ။

(ဂ)     ရာထူးတိုးမြင့်ခြင်းကိုရပ်ဆိုင်းခြင်း ဆိုသည်မှာ သာမန်အားဖြင့်ဝန်ထမ်းကို ရာထူးတိုးမြှင့် ပေးရန် အလှည့်ကျရောက်သည့်အချိန်တွင် တိုးမြွင့်ခန့်ထားခြင်း မပြုသေးဘဲ ကာလ အကန့်အသတ် ဖြင့် ရွေ့ဆိုင်းထားခြင်းကို ဆိုသည်။

ယင်းပြစ်ဒဏ်ကိုချမှတ်ရာတွင်-

(၁)     ပြစ်ဒဏ်ကာလကိုရေတွက်ရာ၌ ဝန်ထမ်းကို ရာထူးတိုးမြင့်ခန့်ထားရန် အလှည့်ကျရောက် သည့်အချိန်မှအစပြု၍ ရေတွက်ရမည်။ ယင်းသို့စတင် ရေတွက်ချိန် တွင် ပြစ်ဒဏ်စတင် သက်ရောက်သည်။

(၂)      ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်ဝန်ထမ်းကို ရာထူးတိုးမြင့်ခံရခွင့် လက်လွတ်ဆုံးရှုံး သွားခြင်းမရှိစေဘဲ ပြစ်ဒဏ်ကာလအပိုင်းအခြားကုန်ဆုံးသည်အထိသာ ရာထူးတိုးမြှင့်ခြင်း ကို ရပ်ဆိုင်းထားရမည်။

(၃)     ယင်းပြစ်ဒဏ်ကာလအတွင်း နှစ်တိုးစေ့ရောက်ပါက ပုံမှန်ခွင့်ပြုပေးရမည်။

(၄)     ယင်းဝန်ထမ်းအတွက် တိုးမြွင့်ပေးရမည့် ရာထူးနေရာချန်ထားပေးခြင်းမပြုရ။

(ဃ) လစာနွန်းအတွင်းလစာလျှော့ချခြင်း ဆိုသည်မှာ ဝန်ထမ်းတွင်ထင်ရှားတွေ့ရှိသည့် အပြစ်၏အတိမ်အနက်ကို ထောက်ချင့်၍ကာလ အကန့်အသတ်ဖြင့် ချိန်နန်းလစာအတွင်း လစာအဆင့် လျှော့ချခြင်းကိုဆိုသည်။ ဤပြစ်ဒဏ်ကို ချမှတ်ရာ၌

(၁) ချိန်နှုန်းလစာအတွင်း မည်သည့်လစာအဆင့်သို့ လျှော့ချသည်ကို သတ်မှတ်ရမည်။

(၂) ပြစ်ဒဏ်ကာလကို သတ်မှတ်ပေးရမည်။

(၃) ပြစ်ဒဏ်ကာလအတွင်း နှစ်တိုးလစာရပ်ဆိုင်း ထားရမည်။

(၄) ပြစ်ဒဏ်ကာလကုန်ဆုံး၍ ဝန်ထမ်းအား မူလလစာအဆင့်ကို ပြန်လည်ခံစားခွင့်ပြုသည့်အခါ နောင်ရရန်ရှိသော နှစ်တိုးလစာများ ရွေ့သွားစေခြင်း မရှိစေရဟုသော်လည်းကောင်း၊ ရွေ့သွားစေရမည်ဟု သော်လည်းကောင်း သတ်မှတ် ရမည်။ နောင်နှစ်တိုးလစာများ ရွေ့သွားစေရမည်ဟု သတ်မှတ်လျှင်မည်သည့် ကာလ အပိုင်းအခြားအထိ ရွေ့သွားစေရမည်ကို ဖော်ပြရမည်။

(၅) ယင်းပြစ်ဒဏ်ကာလအတွင်း ရာထူးတိုးမြင့်ခြင်းကိုရပ်ဆိုင်းထားရမည်။

(င)     ရာထူးအဆင့်လျှော့ချခြင်း ဆိုသည်မှာ ဝန်ထမ်းကို လက်ရှိရာထူးအောက် တစ်ဆင့်နိမ့် သည့်ရာထူးသို့ ကာလအကန့်အသတ်ဖြင့် လျှော့ချခြင်းကိုဆိုသည်။ ယင်းပြစ်ဒဏ်ကိုချမှတ်ရာ၌

(၁)     အရေးယူခံရသည့်ဝန်ထမ်းကို စတင်ခန့်ထားခဲ့သည့်ရာထူးအောက် တစ်ခင့် နိမ့်သည် ရာထူးသို့ ဖြစ်စေ၊ဝန်ထမ်းအမျိုးအစားမတူသည့် အခြားတစ်ဆင့်နိမ့် သည့်ရာထူးသို့ဖြစ်စေ လျှော့ချခြင်းမပြုရ။

(၂) ထင်ရှားတွေ့ရှိသည် အပြစ်၏အတိမ်အနက်နှင့်လျော်ညီစွာ ရာထူးအဆင့်လျော့ ချသသည့် ပြစ်ဒဏ်ကာလကိုသတ်မှတ်ပေးရမည်။

(၃)     လျှော့ချခန့်ထားသောရာထူး၏ လစာနှုန်းအတွင်း အမြင့်ဆုံးလစာ အဆင့် မကျော်လွန် စေဘဲ မည်သည့်လစာအဆင့်ကိုမဆို ခံစားခွင့်ပြုကြောင်း သတ်မှတ်ရမည်။ ဝန်ထမ်းသည် ပြစ်ဒဏ်ကာလအတွင်း သတ်မှတ်ပေးထားသည့် လစာအဆင့်ကိုသာ ခံစားခွင့် ရှိစေရမည်။

(၄) ပြစ်ဒဏ်ကာလကုန်ဆုံးသည့်အခါ ဝန်ထမ်းကို မူလရာထူး၌ဖြစ်စေ၊ အခြားဝန်ထမ်း အမျိုးအစား အဆင့်တူရာထူး၌ဖြစ်စေ၊ ချိန်နှုန်းလစာတူရာထူး၌ဖြစ်စေ ပြန်လည်ခန့်ထားရမည်။ ထိုသို့ ပြန်လည်ခန့်ထားသည့်ရာထူးတွင်ဝန်ထမ်းဆက်လက်၍ရရန်ရှိသော နှစ်တိုးလစာများ ရွေ့သွားစေခြင်း မရှိစေရဟုသော်လည်းကောင်း၊ ရွှေ့သွားစေရမည်ဟု သော်လည်းကောင်း သတ်မှတ်ရမည်။ နောင်နှစ်တိုးလစာများ ရွေ့သွားစေရမည်ဟု သတ်မှတ်လျှင် မည်သည့် ကာလအပိုင်းအခြားအထိ ရွေ့သွားစေရမည်ကို ဖော်ပြရမည်။

(စ) ဆုံးရှုးမှုတန်ဖိုးကိုပေးလျော်စေခြင်း ဆိုသည်မှာ ဝန်ထမ်း၏ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်၊ ညွှန်ကြားချက်ကို မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရွံးမှုတန်ဖိုးအပြည့် သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်းကိုဆိုသည်။ ပေးလျော်ရမည့် ငွေကြေးပမာဏ ကိုသတ်မှတ်ရာ၌ ဆုံးရှုံးမှုအတွက် ဝန်ထမ်းတွင်တာဝန်ရှိမှု အတိုင်းအတာနှင့်ဝန်ထမ်း၏ ပေးလျော် နိုင်သည့် အင်အားတို့ကို အခြေခံ၍ သတ်မှတ်ရမည်။ ပေးလျော်ရမည့် ငွေကြေးပမာဏ ကြီးမားလွန်း၍ စားဝတ်နေရေးကျပ်တည်းပြီး တာဝန်ထမ်းဆောင်မှုကို ထိခိုက်ခြင်းမရှိစေရန် ပြစ်ဒဏ်ကို ချင့်ချိန်၍ သုံးစွဲရမည်။

(ဆ) တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့် ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်း ဆိုသည်မှာ ဌာနဆိုင်ရာအရေးယူခံရသည့် ဝန်ထမ်းကို နည်းဥပဒေ ၆၈ ပါ အခြေအနေများအရ တာဝန်မှ ယာယီရပ်ဆိုင်းခြင်းသည် ပြစ်ဒဏ်ချမှတ်ခြင်း မဟုတ်သော်လည်း အမှုကိစ္စပြီးဆုံး၍ ဝန်ထမ်းတွင် အပြစ်ရှိကြောင်း တွေ့ရှိသည့် အခါ၌ တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလကို လစာ၊ စရိတ် အပြည့်ခံစားခွင့် မပြုသည့် အခါတွင်ဖြစ်စေ၊ ယင်းကာလကိုတာဝန်ချိန်အဖြစ် မသတ်မှတ်သည့်အခါတွင်ဖြစ်စေ ဝန်ထမ်းရေးရာခံစားခွင့်များ ဆုံးရွံးစေခြင်းကိုဆိုသည်။ ယင်းသို့ တာဝန်မှ ရပ်ဆိုင်းချိန်တွင် ပြစ်ဒဏ်စတင်သက်ရောက်သည်။ ယင်းပြစ်ဒဏ်ကို ချမှတ်ရာ၌ –

(၁) အမှုကိစ္စမပြီးဆုံးမီ ဝန်ထမ်းကို နည်းဥပဒေ ၁၇၂ အရတာဝန်မှယာယီရပ်ဆိုင်းခြင်းသည် စီမံခန်ခွဲမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက် တစ်ရပ်မျှသာဖြစ်၍ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းမဟုတ်ချေ။ သို့ရာတွင် အမှုကိစ္စပြီးဆုံး၍ ဝန်ထမ်းတွင် အပြစ်မကင်းရှင်းကြောင်း တွေ့ရှိရသဖြင့် တာဝန်မှယာယီရပ်ဆိုင်းထားခဲ့သည့် ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုသည့် အခါတွင်ဖြစ်စေ၊ ထိုကာလကို တာဝန်ချိန်အဖြစ် မသတ်မှတ်သဖြင့် ပင်စင်လုပ်သက် ရေတွက်ခွင့်နှင်အခြားဝန်ထမ်းရေးရာခံစားခွင့်များ ဆုံးရှံးသွားသည့်အခါတွင်ဖြစ်စေ ဝန်ထမ်းကို တာဝန်မှယာယီရပ်ဆိုင်း ခဲ့ခြင်းသည်ပြစ်ဒဏ်ချမှတ်ခြင်း စတင်သည်။

(၂ ဝန်ထမ်းကို တာဝန်မှယာယီရပ်ဆိုင်းထားခြင်းမှ ပယ်ဖျက်၍ထိုက်သင့်သည့် ပြစ်ဒဏ်တစ်ရပ်ရပ်  ချမှတ်ရန်ရှိသည့်အခါ တာဝန်မှယာယီရပ်ဆိုင်းထားခြင်းခံရသည့် ကာလ ကြာမြင့်မှတာဝန်မှယာယီရပ်ဆိုင်းထားခဲ့ခြင်းကြောင့် ဝန်ထမ်း၏ ဆုံးရုံးနစ်နာမှု၊ သိက္ခာကျဆင်းမှုတို့ကို စဉ်းစားရမည်။        

(ဇ) ရာထူးမှထုတ်ပယ်ခြင်း ဆိုသည်မှာ ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းခံရပြီး ကြီးလေးသော ပြစ်ဒဏ်စီရင်ခံရခြင်း ကြောင့်ဖြစ်စေ ၊ပြစ်မှုကျူးလွန်သည်မှာ အလေ့အကျင့် ကဲ့သို့ ဖြစ်နေခြင်းကြောင့်ဖြစ်စေ ဝန်ထမ်းအား လက်ရှိရာထူး၌ တာဝန်ထမ်းဆောင်ခြင်းမှ ထုတ်ပယ်ခြင်းကိုဆိုသည်။ ဤပြစ်ဒဏ်ကိုချမှတ်ရာ၌-

(၁) ရာထူးမှထုတ်ပယ်ခြင်းခရသည့်ဝန်ထမ်းသည် ဤသို့ရာထူးမှထုတ်ပယ်ခြင်းခံရသည့် နေ့မှစ၍ လစာနှင့်စရိတ်ထုတ်ယူခွင့်ဆုံးရှုံးသည့်ပြင် အမှုထမ်းသက်နှင့် ပင်စင်ခံစား ခွင့်လည်းဆုံးရှုံးသည်။ သို့ရာတွင် တည်ဆဲနည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ကရုဏာကြေးကို လျှောက်ထားခွင့်ရှိသည်။

(၂) ရာထူးမှထုတ်ပယ်ခြင်းခံရသူအား နောင်တွင်ဝန်ထမ်းအဖြစ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး၏ သဘောတူညီချက်ဖြင့် ပြန်လည်ခန့်ထားခွင့်ရှိသည်။

(ဈ) ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ဆိုသည်မှာ ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်း ဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဥပဒေကြောင်းအရ တရားရုံး၏ ကြီးလေးသော ပြစ်ဒဏ်စီရင်ခံရမှုကြောင့်ဖြစ်စေ ဝန်ထမ်းအားဝန်ထမ်းအဖွဲ့အစည်း၌ ဆက်လက် ထားရှိရန် မသင့်လျော်သဖြင့်ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းကိုဆိုသည်။ ဤပြစ်ဒဏ်ကို ချမှတ်ရာ၌

(၁) ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းခရသူသည် ဤသို့ထုတ်ပစ်ခြင်းခံရသည့် နေ့မှစ၍ လစာနှင့်စရိတ်ထုတ်ယူခွင့် ဆုံးရှုံးသည့်ပြင် အမှုထမ်းသက်နှင့်တကွ ပင်စင်ခံစားခွင့်လည်း ဆုံးရှုံးသည်။

(၂)      ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းခရသူကို ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်တွင် ပြန်လည် ခန့်ထားခြင်း မပြုရ။

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၉-၆-၂၀၁၇)၊ နိုင်ငံဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ ၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင် ဖြည့်စွက်ပြီးဖြစ်ပါသည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Resilient , Renovation and Reactivation of hospital after disasterResilient , Renovation and Reactivation of hospital after disaster

Resilient , Renovation and Reactivation of hospital after disaster ဒီအကြောင်းအရာဟာ ဆေးရုံတွေကို ဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် ပြန်လည်တည်ဆောက်တာ၊ ပြုပြင်တာနဲ့ ပြန်လည်လှုပ်ရှားတာဖြစ်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေ၊ သီအိုရီတွေအပေါ် အခြေခံပြီး ရိုးရိုးရှင်းရှင်းပဲ ရှင်းပြချင်ပါတယ်။Resilience (ခိုင်ခံ့မှု)ပထမဆုံးအနေနဲ့ Resilience (ခိုင်ခံ့မှု) အကြောင်း ပြန်ကြည့်ရအောင်။ ဒါက

Hypothesis TestingHypothesis Testing

အခန်း ၇ – ယူဆချက် စမ်းသပ်ခြင်း (Hypothesis Testing)ဒီအခန်းမှာတော့ “ယူဆချက် စမ်းသပ်ခြင်း” ဆိုတဲ့အကြောင်းကို အဓိကထားပြီး ဆွေးနွေးသွားမှာပါ။ စာရင်းအင်းနဲ့ပတ်သက်တဲ့ ကောက်ချက်ချခြင်းနဲ့ပတ်သက်လာတဲ့အခါ၊ အရေးကြီးတဲ့နယ်ပယ်နှစ်ခုရှိပါတယ်။ တစ်ခုက ခန့်မှန်းခြင်း (Estimation) ဖြစ်ပြီး၊ တစ်ခုက ယူဆချက် စမ်းသပ်ခြင်း (Hypothesis Testing) ဖြစ်ပါတယ်။ယူဆချက် စမ်းသပ်ခြင်း ဆိုတာကတော့ လူဦးရေ (population) တစ်ခုအကြောင်းကောင်းကောင်းနားလည်ဖို့အတွက်၊

သုတေသနအမျိုးအစားများသုတေသနအမျိုးအစားများ

သုတေသနစာတမ်းများကို အမျိုးအစားခွဲခြားရာတွင် အမျိုးမျိုးခွဲခြားကြသော်လည်း အောက်ပါ အမျိုးအစားများမှာ အသုံးများသော သုတေသနအမျိုးအစားများ ဖြစ်ကြပါတယ်။1.APPLIED RESEARCH ( အသုံးချ သုတေသန)2.BASIC RESEARCH (အခြေခံသုတေသန)3.CORRELATIONAL RESEARCH(ဆက်နွယ်ပတ်သက်မှုဆိုင်ရာ သုတေသန)4.DESCRIPTIVE RESEARCH( ဖော်ညွှန်းပြ သုတေသန)5.ETHNOGRAPHIC RESEARCH( ရှေးဟောင်းယဉ်ကျေးမှုသုတေသန)6.EXPERIMENTAL RESEARCH( စမ်းသပ်စစ်ဆေးခြင်းသုတေသန)7.EXPLORATORY RESEARCH (ရေနံဓာတ်ငွေ့ရှာဖွေရေးသုတေသန)8.GROUNDED THEORY RESEARCH( မြေပြင်သုတေသန)9.HISTORICAL RESEARCH(သမိုင်းသုတေသန)10.PHENOMENOLOGICAL RESEARCH(ဖြစ်စဉ်သုတေသနပြုမှု)11.QUALITATIVE