naywinaung အယူခံခြင်း

အယူခံခြင်း

အယူခံခြင်း

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၂၀) တွင် အယူဒခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေ၂၁၈ မှ နည်းဥပဒေ ၂၂၈ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါနည်းဥပဒေ အချို့ကို ကောက်နုတ်၍ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၂၁၈။ ဌာနဆိုင်ရာအရေးယူမှုတွင် ဝန်ထမ်းသည် ချမှတ်ခြင်းခံရသည့် နည်းဥပဒေ ၂၀၉ အရ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်များနှင့်စပ်လျဉ်း ၍လည်းကောင်း၊ အမိန့်၊ ဆုံးဖြတ်ချက် နှင့်စပ်လျဉ်း ၍လည်းကောင်း မကျေနပ်ပါက အယူခံမှုတင်သွင်းခွင့်ရှိသည်။

နည်းဥပဒေ ၂၁၉။ အယူခံမှုတင်သွင်းလိုသည့်ဝန်ထမ်းက လျှောက်ထားတောင်းခံပါက ဌာနဆိုင်ရာ စစ်ဆေးမှုတွင် နှုတ်ဖြင့်စစ်ဆေးသည့် သက်သေများ၏ ထွက်ဆိုချက် မှတ်တမ်းနှင့် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ မိတ္တူတို့ကို ထုတ်ပေးရမည်။

နည်းဥပဒေ ၂၂၀။ ဝန်ထမ်းသည် ဌာနဆိုင်ရာအရေးယူမှုတွင်ချမှတ်သော ပြစ်ဒဏ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ အမိန့်၊ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း ၍လည်းကောင်း မကျေနပ်ပါက အမိန့်စာလက်ခံရရှိသည့်နေ့ရက်မှစ၍ ခြောက်လအတွင်းတွင် မူလပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်အဆင့်၏ အထက်အဆင့် အကြီးအမှူးထံသို့ အယူခံလွှာကို ပုံစံ (၁၂) ပါအတိုင်း တင်သွင်းနိုင်သည်။ သတ်မှတ်ထားသည့် အယူခံကာလထက်ကျော်လွန်မှ တင်သွင်းလာသည့် အယူခံလွှာကို သာမန်အားဖြင့် လက်ခံစဉ်းစားခြင်းမပြုရ။ သို့ရာတွင် ခိုင်လုံသော အကြောင်းပြချက် တင်ပြနိုင်ပါက အယူခံကာလကန့်သတ်ချက်ကို လျှော့ပေါရန် စဉ်းစားနိုင်သည်။ အယူခံလွှာကိုလက်ခံ၍ စစ်ဆေးပေးနိုင်သည်။

နည်းဥပဒေ ၂၂၁။ အယူခံလွှာကိုတင်သွင်းရာတွင် –

(က) အမှုကိစ္စနှင့်သက်ဆိုင်သည့် အကြောင်းအရာအကျင်းချုပ်ကိုဖော်ပြရမည်။

(ခ) အယူခလွာတင်သွင်းသည့်အချက်နှင့် ယင်းကို အထောက်အကူဖြစ်စေမည့် အကြောင်းအချက် များ ပါဝင်စေရမည်။

(ဂ) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းကို ထိခိုက်စေမည့် အသုံးအနှုန်းများနှင် ပုဂ္ဂိုလ်ရေး ထိပါးပုတ်ခတ်မှုများ မပါရှိစေရ။

(ဃ) အယူခံလွာတင်သွင်းသူကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။

(င) အမှုကိစ္စနှင့်သက်ဆိုင်သည့်အမိန့်စာ မိတ္တူတစ်စောင် ပူးတွဲပါရှိရမည်။

(စ) မူလပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်အဆင့်၏ အထက်အဆင့်အကြီးအမှူးထံသို့ တင်သွင်းမည်။    

နည်းဥပဒေ ၂၂၂။ အယူခံမှုကို ဆုံးဖြတ်ခွင့်နှင့်စပ်လျဉ်း၍ –

(က) မူလပြစ်ဒဏ် သို့မဟုတ် အမိန့် ကိုချမှတ်ခဲ့သူ၏ အထက်အဆင့်အကြီးအမှူးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အယူခံအဖွဲ့သည် ထိုပြစ်ဒဏ် သို့မဟုတ် အမိန့်နှင့်စပ်လျဉ်း သည့် အယူခံမှုကိုဆုံးဖြတ်ခွင့်ရှိသည်။ မူလပြစ်ဒဏ် သို့မဟုတ် အမိန့်ကို ချမှတ်ခဲ့ရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးကိုယ်တိုင် ပါဝင်ခဲ့လျှင် ယင်းကပင် အယူခံအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မူလအမှုကို ဆုံးဖြတ်ရာ၌ မပါဝင်သူနှစ်ဦးကို အယူခံအဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းပြီး ပုံစံ (၂၀) ပါအတိုင်း အယူခံမှုကို ဆုံးဖြတ် ရမည်။

(ခ) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများက အယူခံဝင်သည့်အမှုမှအပ အခြားအယူခံ မှုများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအဆင့်၌ပင် ပြီးပြတ်စေရမည်။

(ဂ) ဝန်ထမ်းအဖွဲ့အစည်းအလိုက် အယူခံဆုံးဖြတ်ခွင့်ရှိသည့်အယူခံအဖွဲ့အဆင့်ဆင့်ကို သတ်မှတ်ရမည်။

နည်းဥပဒေ ၂၂၆။ အယူာမှုတွင်ချမှတ်သည် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ (၉-၆-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

eHealth   (Five Cs Model)eHealth   (Five Cs Model)

eHealthFive Cs Modelဖွံဖြိုးဆဲနိုင်ငံတော်တော်များများမှာ ehealth ကိုစတင်အကောင်အထည်ဖော်ကြတဲ့အခါFive Cs Model ဟာ အလွန်ရေပန်းစားပါတယ်။5Cs ဆိုတာကတော့၁။ Contextဖွံ့ဖြိုးဆဲနိုင်ငံများအနေနှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာနည်းပညာ အတွက် အခြေခံအဆောက်အဉီများ ပြည့်စုံလုံလောက်မှုမရှိကြပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မိမိတို့တည်ဆောက်ချင်တဲ့ ehealth အတွက် အသင့်တော်ဆုံးသော နည်းပညာရပ်ဝန်းကို ရွေးချယ်ရပါလိမ့်မယ်။ ကျေးလက်ဒေသများကို များများနှင့်မြန်မြန်ထိရောက်မဲ့ အသင့်တော်ဆုံးသော ဆက်သွယ်ရေးဆိုင်ရာနည်းပညာကို ရွေးချယ်ရပါမယ်။ ထို့အတူ ကုန်ကျစာရိတ်အလွန်ကြီးမားတဲ့ နည်းပညာဆိုင်ရာ

သုတေသနခေါင်းစဉ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲသုတေသနခေါင်းစဉ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ

သုတေသန ခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်း သုတေသနလုပ်ငန်းစဉ်ရဲ့ အစမှာ အရေးအကြီးဆုံးနဲ့ ပထမဆုံး ခြေလှမ်းကတော့ သင့်တော်တဲ့ သုတေသနခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ခေါင်းစဉ်တစ်ခုဟာ မိတ်ဆွေရဲ့ သုတေသနကို လမ်းညွှန်ပေးနိုင်သလို၊ စိတ်ဝင်စားစရာကောင်းပြီး အောင်မြင်တဲ့ သုတေသနတစ်ခု ဖြစ်လာဖို့အတွက်လည်း အခြေခံအုတ်မြစ်ကောင်းတစ်ခုကို ချပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်တစ်ခုကို ရွေးချယ်တဲ့အခါမှာ မိတ်ဆွေရဲ့ စိတ်ဝင်စားမှု၊ သုတေသနပြုလုပ်နိုင်မှုနဲ့ သင့်တော်တဲ့ အကြောင်းအရာတွေကို

ဒေတာတွေကို ဘယ်လို Chart အမျိုးအစားနဲ့ ပြမလဲ?ဒေတာတွေကို ဘယ်လို Chart အမျိုးအစားနဲ့ ပြမလဲ?

ဒေတာတွေကို ဘယ်လို Chart အမျိုးအစားနဲ့ ပြမလဲ? ဒေတာတွေကို ရှင်းရှင်းလင်းလင်း ပြသဖို့အတွက် Chart အမျိုးအစား ရွေးချယ်တဲ့အခါ ရည်ရွယ်ချက် (ဘာကို ပြချင်လဲ) ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ အဓိက အမျိုးအစား ၄ မျိုး ရှိပါတယ်။ ၁။ COMPARISON (နှိုင်းယှဉ်ပြသခြင်း) ဘယ်အချိန်မှာ သုံးမလဲ? – ပစ္စည်းတွေ (သို့) အချိန်ကာလတွေကြား