naywinaung မီးဖွားခွင့်

မီးဖွားခွင့်

မီးဖွားခွင့်

၃။ နိုင်ငံဝန်ထမ်းနည်းဥပဒေများ အခန်း (၈) တွင် ခွင့်ခစားခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ ခံစားခွင့်ရှိသည် မီးဖွားခွင့်ကို နည်းဥပဒေ ၁၀၁ နှင့် ၁၀၂ တို့၌ အောက်ပါအတိုင်း ပြဋ္ဌာန်းထားရှိ ပါသည်-

နည်းဥပဒေ ၁ဝ၁။ (က) အမျိုးသမီးဝန်ထမ်းများသည် မီးဖွားခွင့်ကို စတင်ခံစားသည့်နေ့ရက်မှစ၍ ခြောက်လအထိ ခံစားခွင့်ရှိသည်။

(ခ) မီးဖွားခွင့်ကို ခွင့်ပြုရာတွင် –

(၁) အခြားခွင့်များနှင့် ဆက်စပ်၍ ခွင့်မပြု။

(၂) ဆေးလက်မှတ် အထောက်အထားဖြင့် တောင်းခံပါက အခြားခွင့်များကို မီးဖွားခွင်၏ နောက်မှဆက်၍ ခွင့်ပြုနိုင်သည်။

(၃) ကိုယ်ဝန်ဆောင်နေသည့် ကာလအတွင်း သန္ဓေပျက်ကျသည့် အခြေအနေမျိုးတွင် ဆေးလက်မှတ် အထောက်အထားဖြင့် ခြောက်ပတ်ထက် မပိုသည့် မီးဖွားခွင့်ကိုခွင့်ပြု ရမည်။

(၄) သန္ဓေပျက်ရန် စိုးရိမ်ဖွယ်ရာရှိသော အခြေအနေမျိုးအတွက် မီးဖွားခွင့်မပေးရ။ အခြား သင့်လျော်ရာခွင့်သာ ခွင့်ပြုရမည်။

(၅) ကိုယ်ဝန်အဆိပ်တက်ခြင်းတွင် မီးဖွားခွင့်ကိုမထိခိုက်စေဘဲ ဆေးလက်မှတ်ဖြင့် ခြောက်ပတ်ထက်မပိုသော သင့်လျော်သည့် ခွင့်ပေးရမည်။

(၆) အမွာပူး သို့မဟုတ် ယင်းထက်ပို၍မွေးဖွား ပါက သာမန်မီးဖွားခွင့် ကုန်ဆုံးရက်၏ နောက်ရက်မှစပြီး ကလေးများပြုစု စောင့်ရှောက်နိုင်ရန် ရက်သတ္တပတ် ခြောက်ပတ်တိုး၍ မီးဖွားခွင့်အဖြစ် ခွင့်ပြုရမည်။

(၇) ဝန်ထမ်း၏ ဇနီးသည် မီးဖွားလျှင် ခင်ပွန်းဖြစ်သူ ကို မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခွင့် အဖြစ် ကလေးမွေးဖွားသည့်နေ့မှ ၂၈ ရက် အတွင်း ရက်သတ္တပတ် နှစ်ပတ်ခွင့်ပြုရမည်။ ယင်းရက်သတ္တပတ် နှစ်ပတ်ကို တာဝန်ချိန် အဖြစ် သတ်မှတ်ပြီး လစာနှုန်းပြည့် ခံစားခွင့် ပြုရမည်။

နည်းဥပဒေ ၁၀၂၊ မီးဖွားခွင် ကာလအတွင်း ခွင့်လစာကို လစာနှုန်းပြည့်ဖြင့် ခံစားခွင့်ရှိသည်။

၄။ ယခုပြဌ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် မီးဖွားခွင့်ကို ယခင်က ရက်ပေါင်း ၉၀ တစ်နည်းအားဖြင့် ၃လ သတ်မှတ်ရာမှ ယခု ၆ လအထိ တိုးမြင့် သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည့်အတွက် အာဆီယံ (၁၀) နိုင်ငံအနက် မြန်မာနိုင်ငံသည် မီးဖွားခွင့်ကာလအများဆုံး ခွင့်ပြုပေးထားခြင်းဖြစ်ပါသည်။ ထိုမျှသာမကမီးဖွားသူ ဇနီးသည်နှင့် မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်နိုင်ရန်အတွက်ခင်ပွန်းဖြစ်သူသည်လည်း ဝန်ထမ်းဖြစ်ခဲ့ပါလျှင် ၎င်းကိုလည်း လစာနှုန်းပြည့်ဖြင့်ရက်သတ္တပတ် နှစ်ပတ် ခွင့်ပြုပေးထားပါသည်။ ဝန်ထမ်း၏ဇနီးသည် မီးဖွား ဝန်ထမ်းခင်ပွန်းသည်ကို ခွင့်ပေးခြင်းမှာ အာဆီယံ (၁၀) နိုင်ငံတွင် မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံသာရှိပါသည်။ ယင်းကို ထောက်ရှုခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေများသည် နိုင်ငံ့ဝန်ထမ်းများအပေါ်များစွာမှ ထောက်ထား သက်ညာပြီး နိုင်ငတကာစံနွန်းများထက် သာလွန်သော အခွင့်အရေးများ ပေးထား ကြောင်း နှိုင်းယှဉ်တွေ့ရှိရမည်ဖြစ်ပါသည်။

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ (၉-၆-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ(၂၄-၈-၂၀၂၀) I ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

သုတေသနခေါင်းစဉ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲသုတေသနခေါင်းစဉ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ

သုတေသန ခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်း သုတေသနလုပ်ငန်းစဉ်ရဲ့ အစမှာ အရေးအကြီးဆုံးနဲ့ ပထမဆုံး ခြေလှမ်းကတော့ သင့်တော်တဲ့ သုတေသနခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ခေါင်းစဉ်တစ်ခုဟာ မိတ်ဆွေရဲ့ သုတေသနကို လမ်းညွှန်ပေးနိုင်သလို၊ စိတ်ဝင်စားစရာကောင်းပြီး အောင်မြင်တဲ့ သုတေသနတစ်ခု ဖြစ်လာဖို့အတွက်လည်း အခြေခံအုတ်မြစ်ကောင်းတစ်ခုကို ချပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်တစ်ခုကို ရွေးချယ်တဲ့အခါမှာ မိတ်ဆွေရဲ့ စိတ်ဝင်စားမှု၊ သုတေသနပြုလုပ်နိုင်မှုနဲ့ သင့်တော်တဲ့ အကြောင်းအရာတွေကို

သုတေသီ၏ရှုထောင့်သုတေသီ၏ရှုထောင့်

#Research_Methodology သုတေသီ၏ရှုထောင့် သုတေသီတစ်ဦးသည် အတွင်းလူအဖြစ်ပါဝင်သလား အပြင်လူအဖြစ် ပါဝင်သလားဆိုသည့် ကိစ္စရပ်သည်လည်း သုတေသီ၏ရှုထောင့်အား များစွာ သက်ရောက်စေသည်။ သုတေသီ၏ရှုထောင့်သည် ဒသနိကဆိုင်ရာ subJective and Objective ရှုထောင့်များအပြင် အဆိုပါ သုတေသီသည် မည်သည့်နေရာမှ ပါဝင်သနည်းဆိုသည်ကိုလည်း သိရှိရမည်။ အထူးသဖြင့် လုပ်ငန်းခွင်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် သက်ရောက်မှုပိုမိုသည်။ အတွင်းလူဆိုရာတွင် တဝက်တပျက် အတွင်းလူများ ပါဝင်သကဲ့သို့ အပြင်လူဆိုရာတွင်လည်း

Bias in ResearchBias in Research

Bias in Researchသုတေသနပြုလုပ်ရာတွင် ဘက်လိုက်ခြင်းဘက်လိုက်ခြင်း (ဒီတိုင်း ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွန်တော်ကတော့ ဘက်လိုက်တယ်လို့ပဲ မှတ်ထားပါတယ်)။သုတေသနပြုရာတွင် ဘက်လိုက်ခြင်းဆိုတာကို အလွယ်ပြောရရင် သုတေသီဟာ သူလိုချင်တဲ့ အဖြေကိုရဖို့အတွက် စနစ်တကျ အမှားပြုလုပ်တာကို ဆိုလိုပါတယ်။ဒီနေရာမှာ တမင်သက်သက် ပြုလပ်တာ ဖြစ်နိုင်သလို၊ မသိလို့ ပြုတာလည်းဖြစ်နိုင်ပါတယ်။သုတေသနဆိုင်ရာ ဘက်လိုက်မှု (Research Bias) များကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာတော့၁။ ဘက်လိုက်တည်ဆောက်မှု