အလိုအလျောက် ဒေတာများဖြည့်ပေးခြင်း (Autofill ကို အသုံးပြုခြင်း)
Categories:
Excel တွင် အချို့ စာသား၊ ဂဏန်းများကို အလိုအလျောက် ဖြည့်ပေးနိုင်သည်။
စာရိုက်ထားသော cell ကွက် (သို့မဟုတ် အချို့ series တွေအတွက် အနည်းဆုံး cell 2 ကွက်) ကို select မှတ်ပါ။ လေးထောင့်ကွက်၏ ညာဘက် အောက်ထောင့်နေရာမှာ mouse ကို ရွှေ့ ကြည့်ပါ။ အနက်ရောင် အပေါင်းလက္ခဏာပုံ ပေါ်လာရင် mouse ကို ဖိပြီး ဆွဲသွားပါ။ စာသားများကို ဒေါင်လိုက်ထည့်ချင်ရင် အောက်ဘက်ကိုဆွဲပါ။ အလျားလိုက် ထည့်ချင်ရင် ဘေးဘက်ကိုဆွဲပါ။ ရပ်ချင်သည့် နေရာ ရောက်ရင် mouse ကို ဖိထားရာမှ လွှတ်လိုက်ပါ
နောက်တစ်နည်း – ရှေ့ ကော်လံမှာ ဒေတာရှိပြီးသားဆိုရင် အနက်ရောင် အပေါင်းလက္ခဏာပုံပေါ်မှာ double click နှိပ်ပါ။ ရှေ့ ကော်လံမှာ ဒေတာရှိသလောက် ထပ်ဖြည့်ပေးသွားလိမ့်မည်။
Discover more from naywinaung
Subscribe to get the latest posts sent to your email.
Related Post
သုတေသနနည်းစနစ် (Research Methodology) မှာ ပါဝင်တဲ့ အဓိကအဆင့်တွေကို နည်းနည်း ရှင်းပြချင်ပါတယ်။သုတေသန နည်းစနစ်ဆိုတာ သုတေသနတစ်ခုလုံးကို လမ်းညွှန်ပေးတဲ့ ဗျူဟာနဲ့ မူဘောင် (overall strategy and framework) ကို ပြောတာပါ။ သုတေသနတစ်ခုကို ဘယ်လိုမျိုး စနစ်တကျ လုပ်ဆောင်မယ်၊ ဘာကြောင့် ဒီလိုနည်းလမ်းတွေကို ရွေးချယ်တယ်ဆိုတာကို ရှင်းပြတဲ့ သီအိုရီပိုင်းဆိုင်ရာ အခြေခံမူများ (theoretical
#eHealth#Lao ehealth နှင့်ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ Toolkit ဆိုတာရှိပါတယ်။ အဲ့ဒါကိုတော့ နောက်မှရေးသားပါမယ်။လတ်တလော လာအိုနိုင်ငံရဲ့ ehealth Architecture ကို ရေးသားချင်ပါတယ်။eHealth လုပ်ငန်းစဉ်မှာ အောက်ဖော်ပြပါ အပိုင်းကဏ္ဍတွေ အနည်းဆုံးတော့ပါဝင်ရပါမယ်။၁။အီလက်ထရောနစ် ဆေးမှတ်တမ်း( EMR)၂။အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း ( EHR) ၃။ ပုဂ္ဂလိက ကျန်းမာရေးမှတ်တမ်း (PHR)၄။ အဝေးရောက်ဆေးကုသမှုလုပ်ငန်း (telemedicine)၅။ မိုဘိုင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
အခန်း ၁၃ ဖြစ်တဲ့ “Nonparametric and Distribution-Free စာရင်းအင်းပညာ” အကြောင်းကို ဆွေးနွေးပေးပါမယ် ။Nonparametric and Distribution-Free စာရင်းအင်းပညာ နိဒါန်း စာရင်းအင်းပညာမှာ ကောက်ချက်ဆွဲခြင်း (inferential statistics) ကို လုပ်တဲ့အခါ အခန်း ၇ ကစပြီး သင်ယူခဲ့ရတဲ့ t-test, F-test လို နည်းလမ်းတွေဟာ “Parametric” နည်းလမ်းတွေ