Lean Management

ဆေးရုံအုပ်ချုပ်ရေးမှာ Lean Management နဲ့ 5S ကို သုံးရင် ဘယ်လိုအဆင်ပြေမလဲ ဆိုတာ နည်းနည်း ရှင်းပြချင်ပါတယ်။ ရိုးရိုးရှင်းရှင်း နားလည်လွယ်အောင် ရေးမှာဖြစ်လို့ လိုအပ်ချက်များ ရှိနိုင်ပါတယ်ဗျ။

ပထမဆုံး၊ Lean ဆိုတာ ဘာလဲ? 
Lean ဆိုတာ အလဟဿဖြစ်နေတဲ့ အရာအားလုံးကို ဖယ်ထုတ်ပြီး၊ လူနာတွေအတွက် တန်ဖိုးရှိတဲ့ အလုပ်ကိုပဲ လုပ်ဖို့ နည်းလမ်းပါ။ ဥပမာ၊ လူနာမှတ်ပုံတင်တဲ့အခါ စာရွက်တွေ ထပ်ခါထပ်ခါ ဖြည့်နေရတာ၊ စောင့်ရတဲ့အတွက် အချိန်ကုန်တာ။ ဒါတွေကို လျှော့ချလိုက်ရင် အလုပ်မြန်သွားတယ်။ ဆေးရုံ၊ရုံးခန်းမှာ အလုပ်လုပ်တဲ့သူတွေလည်း ပင်ပန်းတာ နည်းသွားပါတယ်။

အလဟဿ (အချည်းနှီး) တွေက ဘာတွေလဲ? 
ဆေးရုံမှာ အလဟဿဖြစ်နေတာတွေကို အင်္ဂလိပ်လို DOWNTIME လို့ ခေါ်ပါတယ်။ ဥပမာ၊ စာရွက်မှားရေးမိတာ (Defect)၊ လိုတာထက် စစ်ဆေးမှုများလုပ်တာ (Overproduction)၊ လူနာစောင့်ရတာ (Waiting)၊ စာရွက်တွေ အပြေးအလွှားရှာရတာ (Motion) စသဖြင့်ပါ။ ဒါတွေကို ဖယ်ထုတ်ရင် အလုပ်တွေ ချောချောမွေ့မွေ့ ဖြစ်သွားပါတယ်။

5S ဆိုတာ ဘာလဲ? 
5S က ဂျပန်စနစ်ပါ။ အလုပ်နေရာကို သပ်ရပ်၊ ရှင်းလင်း၊ အသုံးပြုရလွယ်အောင် လုပ်တဲ့ နည်းလမ်း ၅ ချက်ပါ။ ဆေးရုံ၊ရုံးခန်းမှာ သုံးရင် စာရွက်စာတမ်းတွေ မပျောက်အောင်၊ ပစ္စည်းတွေ အမြဲရှိအောင်၊ အလုပ်လုပ်ရတာ မြန်ဆန်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။

Lean ရဲ့ အဓိက အချက် ၃ ချက် (ဆေးရုံ၊ရုံးခန်းအတွက်)
1. လူနာကို ဗဟိုပြု (Patient-Centered) 
   → လူနာက ဘာလိုအပ်လဲ၊ ဘယ်အချိန်လိုအပ်လဲ ဆိုတာကို အရင်ဆုံး သိရပါမယ်။ 
   → ဥပမာ၊ လူနာ ဆေးရုံရောက်တာနဲ့ မှတ်ပုံတင်၊ အာမခံစစ်၊ ဆရာဝန်တွေ့ ဆိုတဲ့ အဆင့်တွေကို လူနာရှုထောင့်ကနေ ကြည့်ပါ။ ဘယ်နေရာမှာ စောင့်ရတာ အများဆုံးလဲ? ဆိုတာကို စမ်းစစ်ပါ။
2. အလဟဿတွေကို ဖယ်ထုတ် (Eliminate Waste) 
   → အလုပ်လုပ်တဲ့အခါ “ဒီအဆင့်က လူနာအတွက် တန်ဖိုးထည့်ပေးလား?” လို့ စမ်းစစ်ပါ။ 
   → မထည့်ပေးရင် ဖယ်လိုက်၊ ပြင်လိုက်ပါ။
3. စဉ်ဆက်မပြတ် တိုးတက်အောင် လုပ် (Continuous Improvement) 
   → နေ့တိုင်း၊ အပတ်တိုင်း သေးသေးလေးတွေကစပြီး တိုးတက်အောင် လုပ်ပါ။ 
   → ဒါကို Kaizen လို့ ခေါ်ပါတယ်။

ဆေးရုံ၊ရုံးခန်းမှာ Lean သုံးမယ့် လက်တွေ့ ၅ ခု
၁. Value Stream Mapping (VSM) 
လူနာ တစ်ယောက်ရဲ့ ခရီးတစ်ခုလုံးကို ပုံဆွဲပြီး စောင့်ရတဲ့နေရာ၊ အလဟဿနေရာ ရှာပါ 
လူနာ ရောက် → မှတ်ပုံတင် → အာမခံစစ် → ဆရာဝန်တွေ့ (စောင့်ချိန် ၂၅ မိနစ် တွေ့ရင် ဘယ်နေရာလဲ?)

၂. Kanban စနစ် 
ပစ္စည်း၊ စာရွက် ကုန်တော့မှ အလိုအလျောက် မှာတယ် 
မှတ်ပုံတင်စာရွက် ၂ ထုပ်ပဲ ကျန်ရင် အလိုအလျောက် မှာချလိုက်

၃. Kaizen အစည်းအဝေး
၃ ရက်/၅ ရက် အတွင်း ပြဿနာ တစ်ခုကို အမြန်ဖြေရှင်းပါ
“အာမခံစာရွက် အမှားများတယ်” → အဖွဲ့လိုက် စုပြီး ဖြေရှင်းပါ

၄. Standard Work (စံချိန်စံညွှန်း)
အလုပ်တစ်ခုကို အားလုံး တူညီလုပ်နိုင်အောင် လုပ်ငန်းစဉ်ကို ရေးထားပါ
ဥပမာ။ လူနာ မှတ်ပုံတင်တဲ့အခါ မေးရမယ့် မေးခွန်း ၈ ခု + စာရွက် ၃ မျိုး ဖြည့်ရမယ်ဆိုတာမျိုး

၅. A3 ပြဿနာဖြေရှင်းနည်း
A3 စာရွက် ၁ ရွက်မှာ ပြဿနာ၊ အကြောင်းအရင်း၊ ဖြေရှင်းနည်း ရေးပါ
“လူနာ ငွေပေးချေမှု နှောင့်နှေးတယ်” → A3 နဲ့ အကြောင်းရင်းကိုရှာ → ဖြေရှင်း

Kaizen ဥပမာ ၃ ခု (ရုံးခန်းမှာ ချက်ချင်းလုပ်လို့ရပါတယ်)
1. ဘောပင်နဲ့ စတစ်ကတ် အမြဲရှိအောင် ဆောင်ရွက်ထားပါ
   → စားပွဲတိုင်းမှာ ဘောပင် ၂ ချောင်း၊ စတစ်ကတ် ၁ ထုပ် ထားပါ။
ကုန်ရင် Kanban ကတ်ထောင် → အလိုအလျောက် ဖြည့်။

2. ဖိုင်တွေ အရောင်ခွဲပါ 
   → အနီ = လူနာအသစ်၊ အစိမ်း = ဆေးစစ်ပြီး၊ အဝါ = ငွေပေးချေ။ ရှာရတာ မြန်လာပါတယ်။

3. မှတ်ပုံတင် တစ်ခုတည်း သုံးပါ 
   → စာရွက် ၅ မျိုး ဖြည့်ရတာကို ဒစ်ဂျစ်တယ် ဖောင် ၁ ခုတည်းနဲ့ အစားထိုးတာမျိုး ပြင်ဆင်ပါ။

အလုပ်လုပ်သူတွေ ပါဝင်အောင် ဘယ်လို လုပ်မလဲ?
– အပတ်စဉ် “ဘာပိုဆိုးနေလဲ?” အစည်းအဝေး – ၁၅ မိနစ်လောက်ပြုလုပ်ပါ။ စာရွက်ပေါ်မှာ ရေးခိုင်းပါ။ 
-ကောင်းတာကို အသိအမှတ်ပြုပါ – အကောင်းဆုံး 5S စားပွဲ၊ အမြန်ဆုံး မှတ်ပုံတင်နိုင်သူကို ချီးကျူးတာမျိုးပေါ့။ 
– အလုပ်လုပ်သူကိုယ်တိုင် ဖြေရှင်းခွင့်ပေးပါ – သူတို့ ပြဿနာရှာရင်၊ သူတို့ပဲ ဖြေရှင်းတဲ့နည်းကိုသုံးပါ။

“လူနာတွေ လိုတာကို လိုတဲ့အချိန်မှာ လိုတဲ့နေရာမှာ လိုတဲ့ပမာဏနဲ့ ပေးနိုင်ဖို့” ဆိုတာ Lean ရဲ့ အဓိကပါ။ 

5S ရဲ့ ၅ ချက်
1. ဖယ်ထုတ် (Seiri) – မလိုတဲ့ဟာတွေ ဖယ်ပစ်။ ဥပမာ၊ ဟောင်းနေတဲ့ ဖိုင်တွေ၊ ပျက်နေတဲ့ ဘောပင်တွေ မထားနဲ့။ 
2. စီထား (Seiton) – လိုတဲ့ဟာတွေကို နေရာသတ်မှတ်ပြီး ထားပါ။ ဥပမာ၊ လူနာမှတ်ပုံတင်စာရွက်ကို အနီရောင်ဖိုင်၊ အာမခံစာရွက်ကို အပြာရောင်ဖိုင်မှာ ထည့်။ 
3. သန့်ရှင်း (Seiso) – နေ့တိုင်း သန့်ရှင်းရေး လုပ်။ စားပွဲသုတ်၊ ပရင်တာစစ်၊ ကြမ်းတိုက်။ 
4. စံချိန်စံညွှန်း (Seiketsu) – အားလုံးတူတူ လိုက်နာဖို့ စည်းကမ်းထားပါ။ ဥပမာ၊ စားပွဲပုံစံ တူညီအောင် လုပ်။ 
5. ထိန်းသိမ်း (Shitsuke) – အမြဲလိုက်နာအောင် စစ်ဆေးပါ။ လစဉ် 5S စစ်ဆေးပြီး ကောင်းတဲ့အဖွဲ့ကို ချီးကျူးပါ။

လက်တွေ့ ဘယ်လို စလုပ်မလဲ? 
ပထမဆုံး တစ်နေရာကနေ စပါ။ ဥပမာ၊ လူနာမှတ်ပုံတင်ရာ စားပွဲ။ 
– အရင်ဆုံး 5S လုပ်။ မလိုတဲ့ စာရွက်ဟောင်းတွေ ဖယ်။ လိုတဲ့ဟာတွေ နေရာသတ်မှတ်။ စားပွဲကိုသန့်ရှင်းရေးလုပ်။ 
– ပြီးရင် Lean သုံး။ လူနာ တစ်ယောက်မှတ်ပုံတင်ဖို့ အချိန်ဘယ်လောက်ကုန်လဲ တိုင်းပါ။ အရင် ၁၈ မိနစ်ဆို ၉ မိနစ်ပဲ ကုန်အောင် လုပ်ကြည့်။ 
– စာရွက်ကုန်ရင် အလိုအလျောက် မှာတဲ့ Kanban စနစ် ထည့်ပါ။ ဥပမာ၊ စာရွက် ၂ ထုပ်ပဲ ကျန်ရင် မှာချလိုက်။ 
ရလဒ်အနေနှင့် လူနာစောင့်ချိန် လျော့သွားနိုင်ပါတယ်။ အလုပ်လုပ်သူတွေ ပင်ပန်းတာ နည်းသွားပါတယ်။ အမှားလည်း လျော့သွားပါတယ်။

ဘယ်လို တိုင်းမလဲ? 
ရလဒ်ကို တိုင်းဖို့ KPI ထားပါ။ 
– လူနာစောင့်ချိန် – ၁၅ မိနစ်ထက် နည်းအောင် 
– အာမခံစာရွက် အမှားနှုန်း – ၂% ထက်နည်းအောင် 
– အလုပ်လုပ်သူ လမ်းလျှောက်အကွာအဝေး – ၃၀% လျှော့ချနိုင်အောင်
– 5S စစ်ဆေးမှတ် – ၉၀/၁၀၀ အထက်  ဆိုရင် တော်တော်ကောင်းနေပါပြီ။

အခက်အခဲတွေ ရှိလာရင်? 
အလုပ်လုပ်သူတွေ မကြိုက်ရင် – သူတို့ကို ပါဝင်ခွင့်ပေးပါ။ ကောင်းတဲ့ရလဒ်ကို ချီးကျူးပါ။ 
စည်းမျဉ်းဥပဒေ ရှုပ်ရင် – စည်းမျဉ်းကို စံချိန်စံညွှန်းထဲ ထည့်ပါ။ 
ကွန်ပျူတာ စနစ် မမြန်ရင် – IT နဲ့ ပူးပေါင်းပြီး ပြင်ပါ။ 

နိဂုံး 
Lean + 5S က ဆေးရုံ၊ရုံးခန်းကို မြန်တယ်၊ မှန်တယ်၊ သက်သောင့်သက်သာ ရှိတယ် ဆိုတဲ့ နေရာဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ တစ်နေရာကနေ စမ်းသပ်ကြည့်ပါ။ ရလဒ်ကောင်းရင် တစ်ဆေးရုံလုံး ပျံ့သွားအောင် လုပ်ပါ။ 
ဒါက စာထဲမှာပါတာတွေကို ဘာသာပြန်ထားတာပါ။
လက်တွေ့မြေပြင်မှာ တကယ် 5S ကိုအကောင်အထည်ဖော်ခဲ့တဲ့ ဆေးရုံအုပ်ကြီးတွေရှိပါတယ်။ သူတို့က ကျွန်တော့်ထက်ပိုပြီး ကျွမ်းကျင်ကြပါတယ်။

နပေတိုး


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Chapter 4 မှာ ဘာတွေရေးရမလဲChapter 4 မှာ ဘာတွေရေးရမလဲ

Chapter 4 ဆိုတာ သုတေသနကနေ ရလာတဲ့ အချက်အလက်တွေကို ဇာတ်လမ်းပြောသလို ပြန်ပြောပြတဲ့ အခန်းဖြစ်ပါတယ်။ ဘာတွေတွေ့ခဲ့လဲ၊ အဲဒီတွေ့ရှိချက်တွေက ဘာကိုဆိုလိုလဲဆိုတာကို ရှင်းပြရမှာပါ။ ဒီအခန်းက သိပ်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သုတေသနကနေ ဘာတွေ သင်ယူခဲ့ရလဲဆိုတာကို တခြားသူတွေကို သိစေနိုင်လို့ပါ။ ၁။ နိဒါန်း (Introduction)ဒီအခန်းက ဘာအကြောင်းလဲဆိုတာကို အရင်ဆုံးပြောပြရပါမယ်။ “ဒီအခန်းမှာ ငါတို့ သုတေသနကရလာတဲ့ ရလဒ်တွေကို

Stratified Random SamplingStratified Random Sampling

Stratified Random Sampling အကြောင်း Stratified Random Sampling ဆိုတာက လူဦးရေအုပ်စုကြီးတစ်ခုကို လေ့လာတဲ့အခါမှာ အုပ်စုတစ်ခုလုံး(population)ရဲ့ ပုံစံကိုဖမ်းယူနိုင်ဖို့အတွက် အသုံးပြုတဲ့ နည်းလမ်းတစ်ခုပါ။ ဥပမာ- ကျောင်းတစ်ကျောင်းမှာ ကျောင်းသားဦးရေအများကြီးရှိတယ်ဆိုပါစို့။ အဲဒီကျောင်းက ကျောင်းသားတွေရဲ့ ပျမ်းမျှရမှတ်ကို သိချင်တယ်ဆိုရင် ကျောင်းသားအားလုံးကို မေးမြန်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် Stratified Random Sampling ကိုသုံးပြီး အဲဒီကျောင်းသားအုပ်စုကြီးကို

Quota SamplingQuota Sampling

Quota Sampling ဆိုတာက Population ရဲ့ အချိုးအစားအတိုင်း Sample ကို ရွေးချယ်တဲ့ နည်းလမ်းဖြစ်ပါတယ်။  မြို့တစ်မြို့က လူတွေရဲ့ အမြင်တွေကို စစ်တမ်းကောက်ချင်တယ်ဆိုရင် အဲ့ဒီမြို့မှာ အမျိုးသား ဘယ်နှစ်ယောက်ရှိလဲ၊ အမျိုးသမီး ဘယ်နှစ်ယောက်ရှိလဲ၊ အသက်အရွယ် ဘယ်လောက်ရှိတဲ့သူတွေ ဘယ်လောက်ရှိလဲဆိုတာကို သိထားရပါမယ်။ ပြီးတော့ Sample ထဲမှာလည်း အဲ့ဒီအချိုးအစားအတိုင်း လူတွေကို ထည့်ရပါမယ်။ အဲ့ဒါ