naywinaung အငြိမ်းစားယူခြင်း

အငြိမ်းစားယူခြင်း

အငြိမ်းစားယူခြင်း

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၂၁) တွင် အငြိမ်းစားယူခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေ၂၂၉ မှ နည်းဥပဒေ ၂၅၂ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါနည်းဥပဒေအချို့ကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၂၃၀။ ဝန်ထမ်းတစ်ဦး အပြိမ်းစားယူရမည့်နေ့ရက်သည် ယင်းဝန်ထမ်းအသက် ၆၀ နှစ်ပြည့်သည့် နေ့ရက်ဖြစ်သည်။

နည်းဥပဒေ ၂၃၁။ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ခြင်းကြောင့် တာဝန်မှယာယီရပ်ဆိုင်းထားခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံနေရသည် ဝန်ထမ်းတစ်ဦးသည် ယင်းကာလအတွင်း အငြိမ်းစားယူရမည့် အသက်ပြည့်စေကာမူ စုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ အပြီးသတ် အမိန့်မချမှတ်ရသေးမိ အငြိမ်းစားယူခွင့်မပြုရ။

နည်းဥပဒေ ၂၃၂။ အငြိမ်းစားယူသောဝန်ထမ်းသည် –

(က) နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရမည်။

(ခ) ဖွဲ့စည်းပုံဖြင့် ခွင့်ပြုထားသည်ရာထူးတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရမည်။

(ဂ) တာဝန်ထမ်းဆောင်ခြင်းကြောင့် ရရှိသည့်လစာကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံခြင်းဖြစ်ရမည်။

နည်းဥပဒေ ၂၃၃။ ဝန်ထမ်းသည် –

(က) တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး အသက် ၆၀ နှစ်ပြည့်သောအခါသတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။

(ခ) လုပ်သက်နှစ် 20 ပြည့်လျှင် နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။

(ဂ) လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့် ဝန်ထမ်းသည် မကျန်းမာ၍တာဝန်ကို ဆက်လက်မထမ်းဆောင် နိုင်သည့်အခါတွင် သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင်ခံစားခွင့်ရှိသည်။

(ဃ) ရာထူးတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ယင်းရာထူး၌ ခန့်ထားသည့် ဝန်ထမ်းကို အခြားရာထူးတစ်ခုသို့ ပြောင်းရွေ့နေရာချထားခြင်း မပြုနိုင်လျှင်သော်လည်းကောင်း၊ ယင်းဝန်ထမ်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုလျှင် သော်လည်းကောင်းလျော်ကြေးပင်စင်ခံစားခွင့်ပြုရမည်။

(င) ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ရောဂါရရှိသည့် အခါတွင်ဖြစ်စေ၊ ထိခိုက်အနာတရဖြစ်သည့်အခါတွင်ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် အထူးပင်စင်ခံစားခွင့်ရှိသည်။

(စ) ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှဖြစ်စေ ကွယ်လွန်ခဲ့လျှင်ကျန်ရစ်သူမိသားစုအတွက်မိသားစုပင်စင်ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။

(ဆ) အသက် ၅၅ နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် လုပ်သက်နှစ်၂၀ ကျော်လွန်လျှင်သော် လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက် ၂၅ နှစ် ကျော်လွန်လျှင်သော်လည်းကောင်း လျှော့ပေါပင်စင်ခံစားခွင့်ရှိသည်။ သို့ရာတွင်နိုင်ငံတော်၏ လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက်များ မပြည့်မီသော်လည်း လျှော့ပေါ့ပင်စင်ခွင့် ပြုနိုင်သည်။

နည်းဥပဒေ ၂၃၄။ ဝန်ထမ်းတစ်ဦး ပင်စင်အကျိုးခံစားခွင့်ရှိသည့် အများဆုံးလုပ်သက် ကန့်သတ်ချက်သည် အသက် ၁၈ နှစ်ပြည့်ချိန်မှ အမှန်တကယ် ပင်စင်ယူသည့်အချိန်အထိ ကာလများဖြစ်သည်။ ဝန်ထမ်း၏ အသက် ၁၈ နှစ်ပြည့်ပြီးနောက်ပိုင်း လုပ်သက်အနက်မှ ရာထူးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကာလများအပြင် အောက်ပါ ကာလများကိုလည်း ပင်စင်အကျိုးခံစားခွင့် တွက်ချက်ရာတွင် ထည့်သွင်းရေတွက်သည် –

(က) လစာရအလုပ်သင်ကာလ၊

(ခ) အစမ်းခန့်ကာလ၊

(ဂ) ကူးပြောင်းချိန်ကာလ၊

(ဃ) တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်းခရသော တာဝန်မှယာယိရပ်ဆိုင်းထားသည့်ကာလ၊

(c) တာဝန်ချိန်အဖြစ် မသတ်မှတ်သော်လည်း ပင်စင်ခံစားခွင့်ရှိသောကာလဟု သတ်မှတ်သည့် တာဝန်မှယာယီ ရပ်ဆိုင်းထားသည့်ကာလ၊

(စ) တာဝန်ချိန်ဟုသတ်မှတ်သည့် အခြားကိစ္စရပ်များအတွက်ကာလများ။

နည်းဥပဒေ ၂၃၅။ အောက်ပါခွင့် ကာလများကို ပင်စင်အကျိုးခံစားခွင့် တွက်ချက်ရာတွင်ထည့်သွင်းရေတွက်သည် –

(က) လုပ်သက်ခွင့် ကာလ၊

(ခ) အထူးမသန်စွမ်းခွင့်ကာလ၊

(ဂ) ပညာလေ့လာဆည်းပူးခွင့်ကာလ၊

(ဃ) မီးဖွားခွင့်ကာလ၊

(င) သောင်းကျန်းမှုများကြောင့် ခွင့်ပြုခဲ့သည့် အထူးခွင့်ကာလ၊

(စ) သင်္ဘောသားနာမကျန်းခွင်ကာလ၊

(ဆ) ပျမ်းမျှလစာရရှိသောဆေးရုံခွင့်ကာလ၊

(ဇ) ဆေးလက်မှတ်ခွင့် ကာလ။

နည်းဥပဒေ ၂၃၆။ အရာထမ်း၊ အမှုထမ်းများ၏ ပင်စင်အကျိုးခံစားခွင့်အလို့ငာ ရာထူးစုအမျိုးအစားမတူသော်လည်း လုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။ ပင်စင်အကျိုးခံစားခွင့်ရှိသော ပြတ်တောက်နေသည့် လုပ်သက်ကာလများကို ဆက်စပ်ပေးပိုင်ခွင့်ရှိသူ ခိုင်လုံသောအကြောင်းရှိပါက ပင်စင်အကျိုးငှာ ဆက်စပ်ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရာတွင် ယခင်လုပ်သက်သည် အနည်းဆုံးတစ်နှစ်ရှိရမည်။

နည်းဥပဒေ ၂၃၉။ အပြိမ်းစားယူပြီးသော ဝန်ထမ်းသည် တာဝန်ပြန်လည်ထမ်းဆောင်သည့်နေ့မှစ၍ ယခင်ပင်စင်လစာကိုရပ်ဆိုင်းရမည်။ တာဝန်ပြန်လည် ထမ်းဆောင်သည့်နေ့မှစ၍ သုံးလအတွင်း ပင်စင်လစာကို ရပ်ဆိုင်းခြင်းမပြုခဲ့ပါက ယခင်အမှုထမ်းသက်ကိုပြန်လည် တာဝန်ထမ်းဆောင်သော အမှုထမ်းသက်နှင့်ပင်စင် ကိစ္စအလို့ငှာ ဆက်စပ်ခွင့်မရှိပါ။

နည်းဥပဒေ ၂၄၁။ အသက် ၁၈ နှစ်ပြည့်သည့်နေ့မှစ၍ ထမ်းဆောင်ခဲ့သော  စစ်မှုထမ်းသက်များကို ပင်စင်ခွင့်ပြုပိုင်ခွင့်ရှိသူကမြို့ပဝန်ထမ်းအမှုထမ်းသက်များနှင့် ပေါင်းစပ်ရေတွက်ခွင့်ပြုနိုင်သည်။ သို့ရာတွင် –

(က) စစ်မှုထမ်းသက်သည် ကျေနပ်ဖွယ်ရာရှိရမည့်ပြင် စစ်ဘက်ဆိုင်ရာ ပင်စင်နည်းဥပဒေများအရ ပင်စင်ခံစားနိုင်ခွင့်ရှိသောအမှုထမ်းသက် ဖြစ်ရမည်။

(ခ) ပင်စင်လစာခံစားခွင့်မရရှိဘဲ လုပ်သက်ဆုငွေ့ကိုသာခံစားခဲ့ ပြီးယင်းဆုငွေများကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းပါကအမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်း တွက်ချက်ရမည်။

(ဂ) ရရှိနေသောပင်စင်လစာကို ထုတ်ယူခြင်းမှရပ်ဆိုင်းပြီးအမှုထမ်းသက် မှန်ကန်ကြောင်းနှင့် ပင်စင်နှင့်ဆုငွေ မည်မျှရရှိကြောင်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာနငွေစာရင်းရုံး၏ ထောက်ခံချက်ပါရှိပါက အမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်း တွက်ချက်ရမည်။

နည်းဥပဒေ ၂၄၂။ ပင်စင်ကိုဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုသည့် နှုန်းထားအတိုင်း တစ်လုံးတစ်ခဲတည်း ပင်စင်အဖြစ် လဲလှယ်ခွင့် ပြုနိုင်သည်။

နည်းဥပဒေ ၂၄၇။ ဝန်ထမ်း၏မိသားစုဆိုရာတွင် အောက်ပါပုဂ္ဂိုလ်များပါဝင်သည် –

(က) အမျိုးသားဝန်ထမ်းဖြစ်လျှင် တရားဝင်ဇနီးနှင့် တရားဝင် သားသမီးများ၊

(ခ) အမျိုးသမီးဝန်ထမ်းဖြစ်လျှင် တရားဝင်ခင်ပွန်းနှင့် တရားဝင်သားသမီးများ၊

(ဂ) တရားဝင်သားသမီးများဆိုရာတွင် တရားဥပဒေနှင့်အညီ မွေးစားထားသော သားသမီးများနှင့် လင်ပါမယားပါသားသမီးများလည်းပါဝင်သည်၊

(ဃ) မြေးများ၊

(င) မိဘအရင်းများ၊ ညီအစ်ကိုအရင်းများ၊ ညီမအစ်မအရင်းများ။

နည်းဥပဒေ ၂၄၈။ မိသားစုပင်စင်ခံစားခွင့်နှင့်စပ်လျဉ်း၍-

(က) မိသားစုပင်စင်ကိုခံစားမည့်သူ သက်ရှိထင်ရှားရှိနေသည့်အခါ အောက်ပါ ဦးစားပေးအစီအစဉ်အတိုင်း ခံစားခွင့်ပြုရမည်-

(၁) ကွယ်လွန်သူ၏ ကျန်ရစ်သူတရားဝင်ပထမဇနီး သို့မဟုတ် တရားဝင်ခင်ပွန်း၊

(၂ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းမရှိခဲ့သေ် အသက် ၁၈ နှစ် မပြည့်သေးသည့် အိမ်ထောင်မပြုရသေးသော တရားဝင်သားသမီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့် ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသည့် တရားဝင်သားသမီး၊

(၃) နည်းဥပဒေခွဲငယ် (၂) ပါ ပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်မပြုရသေးသည့် သမီး သို့မဟုတ် မုဆိုးမဖြစ်နေသောသမီး၊

(၄) နည်းဥပဒေခွဲငယ် (၃) ပါပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်လည်း မပြုရသေးသည့်အပြင် အသက်လည်း ၁၈ နှစ် မပြည့်သေးသည့် အဖမဲ့မြေး သို့မဟုတ် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင်အချိန်ပြည့် ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသော အဖမဲ့မြေး။

(ခ) နည်းဥပဒေခွဲ (က) တွင် ဖော်ပြခဲ့သည့်အတိုင်း မိသားစုပင်စင်ကိုခံစားမည့်သူမရှိခဲ့သော် အောက်ပါပုဂ္ဂိုလ်များကို ခံစားခွင့်ပြုနိုင်သည်။ သို့ရာတွင် ကွယ်လွန်သူဝန်ထမ်းနှင့်အတူ မှိခိုနေထိုင်ခဲ့ရသူ ဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားကို တင်ပြမှသာခံစားခွင့်ပြုရမည် –

(၁) အမိအဖအရင်း၊

(J) အဓိအဖမရှိပါက ဝန်ထမ်း၏အသက် ၁၈ နှစ်မပြည့်သေးသည့် ညီ သို့မဟုတ် ညီမ သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင်အချိန်ပြည့် ပညာသင်ကြားလျက်ရှိသည် ညီ သို့မဟုတ် ညီမ၊

(၃) နည်းဥပဒေခွဲငယ် (၂) ပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏အိမ်ထောင်မပြုသေးသည့် ညီမ သို့မဟုတ် အစ်မ သို့မဟုတ်မုဆိုးမဖြစ်နေသည့် ညီမ သို့မဟုတ် အစ်မ၊

(၄) နည်းဥပဒေခွဲငယ် (2) ပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏အခြားသော ညီ သို့မဟုတ် အစ်ကို သို့မဟုတ် ညီမ သို့မဟုတ် အစ်မ။

နည်းဥပဒေ ၂၄၉။ မိသားစုပင်စင်ကို အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ဆက်လက်ခံစားခွင့်မရှိစေရ –

(က) ကျန်ရစ်သူတရားဝင်ခင်ပွန်း သို့မဟုတ် ဇနီးသည် နောက်အိမ်ထောင် ပြုခြင်း၊

(ခ) ဝန်ထမ်း၏မိသားစုဝင် အိမ်ထောင်မပြုရသေးသည့် အမျိုးသား၊ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုခြင်း၊

(ဂ) ဝန်ထမ်း၏ မိသားစုဝင်မဟုတ်သူ။

နည်းဥပဒေ ၂၅၁။ ရာထူးမှနုတ်ထွက်သည့်ဝန်ထမ်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှထုတ်ပယ်ခြင်းခရသည့် ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်အတွက် ပင်စင်လစာကိုဖြစ်စေ၊ လုပ်သက်ဆုငွေကိုဖြစ်စေ ခံစားခွင့်မရှိ။

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ (၉-၆-၂၀၁၇)၊ နိုင်ငဝန်ထမ်း နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၄-၈-၂၀၂၀) ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီး ဖြစ်ပါသည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Daniel Chapter 3:Daniel Chapter 3:

Daniel Chapter 3:အခြေခံ ဖြစ်နိုင်ခြေ သဘောတရားများ (Some Basic Probability Concepts)Chapter 3 ဟာ ဖြစ်နိုင်ခြေရဲ့ အခြေခံသဘောတရားတွေကို မိတ်ဆက်ပေးပြီး ကိန်းဂဏန်းဆိုင်ရာ ကောက်ချက်ချမှုတွေအတွက် အုတ်မြစ်ချပေးပါတယ်ဒီအခန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာရေးသိပ္ပံနယ်ပယ်မှာ အသုံးဝင်တဲ့ ဖြစ်နိုင်ခြေဆိုင်ရာ အယူအဆတွေနဲ့ တွက်ချက်မှုတွေကို နားလည်စေဖို့ ဖြစ်ပါတယ်။ဖြစ်နိုင်ခြေကို ရှုထောင့်နှစ်မျိုးနဲ့ ကြည့်နိုင်ပါတယ်။ပထမတစ်ခုကတော့ ရည်ရွယ်ချက်အခြေခံ ဖြစ်နိုင်ခြေ (Objective

P-ValueP-Value

P-Valueသုတေသန တွေ့ရှိချက်များကို အနက်ဖွင့်ဆိုခြင်းနဲ့ ပတ်သက်ပြီး P-Value များရဲ့ အနက်ဖွင့်ဆိုပုံ နည်းစနစ်များအကြောင်းကို နည်းနည်းရှင်းပြချင်ပါတယ်။P-value ဆိုတာ ကိန်းဂဏန်း သုတေသန (Quantitative Research) ရဲ့ အသည်းနှလုံးလိုပါပဲ။ ဒီတန်ဖိုးကို ဘယ်လို နားလည်ပြီး သုံးသပ်ရမလဲဆိုတာဟာ သုတေသန လုပ်ငန်းရဲ့ တိကျမှန်ကန်မှုကို သတ်မှတ်ပေးပါတယ်။ ၁။ P-Value ဆိုသည်မှာ ဘာလဲ၊ ဘာကို ဆိုလိုသလဲ။P-value

Cluster SamplingCluster Sampling

Cluster SamplingCluster Sampling ဆိုတာ လူအုပ်စုအကြီးကြီးကို လေ့လာချင်တဲ့အခါ သုံးတဲ့နည်းဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေကို တစ်ယောက်ချင်းစီ မရွေးထုတ်ဘဲ အုပ်စုလိုက် ရွေးထုတ်တာကို Cluster Sampling လို့ခေါ်ပါတယ်။ အဲ့ဒီမှာ Cluster ဆိုတာက သဘာဝအလျောက် ဖြစ်နေတဲ့ အုပ်စုတွေကို ပြောတာ။ ဥပမာ… ကျောင်းတွေဆို အတန်းတွေက Cluster တွေပါပဲ။ ရွာတွေဆိုရင် အိမ်ထောင်စုတွေက