naywinaung လစာသတ်မှတ်ခြင်း

လစာသတ်မှတ်ခြင်း

လစာသတ်မှတ်ခြင်း

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၅) တွင် လစာသတ်မှတ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၅၁ မှ နည်းဥပဒေ ၅၉ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါ နည်းဥပဒေအချ့ကို ထုတ်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၅၁။ ဝန်ထမ်းအဖွဲ့ အစည်းများသည် ဝန်ထမ်းတစ်ဦးအား အမြဲတမ်းလစ်လပ်လျက် ရှိသည့် ရာထူးတွင် အတည်ပြုခန့်ထားပြီးဖြစ်လျှင် ယင်းရာထူး၏ မူရင်းလစာကို အနိမ့်ဆုံးလစာအဆင့်မှ စတင်ခစားခွင့်ပြုရမည်။

နည်းဥပဒေ ၅၂။ ကနဦးလစာသည် ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ ဝန်ထမ်းတစ်ဦး စတင်ခံစားခွင့် ရှိသော လစာဖြစ်သည်။

နည်းဥပဒေ ၅၄။ (က) ချိန်နှုန်းလစာရာထူးတစ်ခုတွင် အမြဲတမ်းခန့်ထားခြင်းခံရသည် ဝန်ထမ်းသည် နှစ်တိုးအချိန်စေ့ရောက်သည့်အခါ နှစ်တိုးခံစားခွင့်ပြုရန် စတင်လျှောက်ထားရန် မလိုဘဲ ယင်းနှစ်တိုးကို ခံစားခွင့်ရှိသည်။

(ခ) ဝန်ထမ်း၏ တာဝန်ထမ်းဆောင်မှုကျေနပ်ဖွယ်မရှိလျှင် သို့မဟုတ် စာရိတ္တပျက်ပြားလျှင် ခွင့်ပြုနိုင်သူ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက နည်းဥပဒေများပါအတိုင်း နှစ်တိုး ခံစားခွင့်ကို ရပ်ဆိုင်း ထားနိုင်သည်။

(ဂ) နည်းဥပဒေခွဲ (ခ) အရ နှစ်တိုးခံစားခွင့် ရပ်ဆိုင်းသည့်အခါ အောက်ပါအချက်များကို ဖော်ပြရမည်-

(၁) နှစ်တိုးရပ်ဆိုင်းသည့် ကာလ၊( နှစ်တိုးရပ်ဆိုင်းခြင်းသည် နောင်နှစ်တိုးများကို ရွေ့သွားစေခြင်း ရှိ မရှိ။)

နည်းဥပဒေ ၅၇။ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းသည် အောက်ပါအချက်များကို အခြေခံပြီး ကိစ္စတစ်ခုချင်းအလိုက် စိစစ်၍ ပြန်တမ်းဝင်အရာရှိများအား ကြိုတင်နှစ်တိုးခွင့်ပြုရန်ကိစ္စနှင့် စပ်လျဉ်း၍ ရာထူးဝန်အဖွဲ့သို့လည်းကောင်း၊ ပြန်တမ်းဝင်အရာရှိအောက်အဆင့် ဝန်ထမ်းများအား

သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံသို့လည်းကောင်းအဆိုပြု တင်ပြ၍ သဘောတူ ခွင့်ပြုချက် ရယူဆောင်ရွက်ရမည် –

(က) ရာထူးအတွက် သာမန်အားဖြင့် လိုအပ်သောအရည်အချင်းထက် ထူးကဲသာလွန်သော အရည်အချင်းနှင့် အတွေ့အကြုံများ ဆည်းပူးရရှိထား သည့်ပုဂ္ဂိုလ်ကို ဝန်ထမ်းအဖြစ် စတင်ခန့်အပ်သည့်အခါ ကနဦးလစာ တိုးမြှင့်သတ်မှတ်ပေးသင့်သည့်ကိစ္စဖြစ်ခြင်း၊

(ခ)လက်ရှိရာထူး၌ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုအတွက် ဝန်ထမ်းကို ချီးမြင့်ထိုက်သည့်ကိစ္စဖြစ်ခြင်း၊

(ဂ) အခြား လုံလောက်သော အကြောင်းထူး တစ်ခုခုကြောင့် ဝန်ထမ်းကို ကြိုတင်နှစ်တိုးပေးသင့်သည့်ကိစ္စဖြစ်ခြင်း၊


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Bias အမျိုးအစားများBias အမျိုးအစားများ

Bias များကို အဓိက အုပ်စု ၄ စု ခွဲခြားနိုင်ပါသည်။၁။ အသိဉာဏ် Bias (Cognitive Bias)ဦးနှောက်က အချက်အလက်များကို အလွယ်တကူ လုပ်ကိုင်ရာမှာ ဖြစ်ပေါ်လေ့ရှိသော အမှားများဖြစ်သည်။Confirmation Biasမိမိယူဆထားသည့်အရာကို အတည်ပြုသော အချက်အလက်များကိုသာ ရှာဖွေဖတ်ရှုခြင်း Anchoring Bias ပထမဦးဆုံး ကြားသိရသော အချက်အလက်ကို အလွန်အရေးကြီးသော အခြေခံအဖြစ် ယူဆခြင်း Availability Heuristic

Stratified Random SamplingStratified Random Sampling

Stratified Random Sampling အကြောင်း Stratified Random Sampling ဆိုတာက လူဦးရေအုပ်စုကြီးတစ်ခုကို လေ့လာတဲ့အခါမှာ အုပ်စုတစ်ခုလုံး(population)ရဲ့ ပုံစံကိုဖမ်းယူနိုင်ဖို့အတွက် အသုံးပြုတဲ့ နည်းလမ်းတစ်ခုပါ။ ဥပမာ- ကျောင်းတစ်ကျောင်းမှာ ကျောင်းသားဦးရေအများကြီးရှိတယ်ဆိုပါစို့။ အဲဒီကျောင်းက ကျောင်းသားတွေရဲ့ ပျမ်းမျှရမှတ်ကို သိချင်တယ်ဆိုရင် ကျောင်းသားအားလုံးကို မေးမြန်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် Stratified Random Sampling ကိုသုံးပြီး အဲဒီကျောင်းသားအုပ်စုကြီးကို

Z scoreZ score

Z-score Z-score ဆိုတာဟာ ကျွန်တော်တို့မှာရှိတဲ့ အချက်အလက် (data point) တစ်ခုက သူ့ရဲ့ ပျမ်းမျှ (mean) ကနေ ဘယ်လောက် အကွာအဝေးမှာ ရှိနေလဲဆိုတာကို စံသွေဖည်မှု (standard deviation) ရဲ့ အရေအတွက်နဲ့ တိုင်းတာဖော်ပြပေးတဲ့ တန်ဖိုးတစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်၊ အချက်အလက်တစ်ခုရဲ့ “စံပြုနေရာ” (standardized position) ကို