naywinaung ပြည်ပသို့ဖြစ်စေ၊ ပြည်တွင်း၌ဖြစ်စေ တာဝန်ဖြင့်စေလွတ်ခြင်းနှင့်ပညာလေ့လာဆည်းပူးစေခြင်း

ပြည်ပသို့ဖြစ်စေ၊ ပြည်တွင်း၌ဖြစ်စေ တာဝန်ဖြင့်စေလွတ်ခြင်းနှင့်ပညာလေ့လာဆည်းပူးစေခြင်း

ပြည်ပသို့ဖြစ်စေ၊ ပြည်တွင်း၌ဖြစ်စေ တာဝန်ဖြင့်စေလွတ်ခြင်းနှင့်ပညာလေ့လာဆည်းပူးစေခြင်း

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၁၁) တွင် ပြည်ပသို့ဖြစ်စေ၊ ပြည်တွင်း၌ဖြစ်စေ တာဝန်ဖြင့်စေလွှတ်ခြင်းနှင့် ပညာလေ့လာဆည်းပူးစေခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၄၈မှ နည်းဥပဒေ 151 အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၁၄၈။ ဝန်ထမ်းတစ်ဦးကို ရာထူးအလျောက် တာဝန်များထမ်းဆောင်ရန်ဖြစ်စေ၊ အထူးတာဝန် တစ်ရပ်ရပ်ကို ထမ်းဆောင်ရန်ဖြစ်စေ၊ ပညာလေ့လာဆည်းပူးရန်ဖြစ်စေ ပြည်ပသို့စေလွတ်နိုင်သည်။

နည်းဥပဒေ ၁၄၉။ ပြည်ပသို့တာဝန်ဖြင့်သွားရောက်သည့် ကာလနှင့် ပညာသင်ကြားသည့် ကာလကို သတ်မှတ်ရာတွင် ယင်းဝန်ထမ်းမြန်မာနိုင်ငံမှထွက်ခွာသည့်နေ့ရက်ကို ပြည်ပသို့ တာဝန်ဖြင့်သွားရောက်သည့်ကာလ စသည်ဟုမှတ်ယူရမည်။ ယင်းဝန်ထမ်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်နေ့ရက်ကို ပြည်ပသို့ တာဝန်ဖြင့်သွားရောက်သည့် ကာလ ပြီးဆုံးသည်ဟု မှတ်ယူရမည်။

နည်းဥပဒေ ၁၅၀။ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပညာဆက်လက်သင်ကြားရန် သို့မဟုတ် လုပ်ငန်းဆိုင်ရာ လေ့ကျင့်မှုများရယူရန် ရွေးချယ်စေလွတ်ခြင်းခရသော ဝန်ထမ်း၏ ပညာသင်ကာလ တစ်ခုလုံးကို အချိန်ပြည့်တာဝန်ထမ်းဆောင်နေသည့် ကာလအဖြစ် သတ်မှတ်ရမည်။ ထို့အပြင် ပညာသင်ကာလကို အကန့်အသတ် မထားဘဲ ထိုကာလတစ်လျှောက်လုံးတွင် (နှစ်တိုးအပါအဝင်) လစာအပြည့်ခွင့်ပြုရမည်။

နည်းဥပဒေ ၁၅၁။ ပြည်ပသို့ တာဝန်ဖြင့်သွားရောက်နေသည့် ကာလအတွက် လစာကို ပြည်ပသို့မသွားရောက်စီက ခံစားရရှိနေသည်နှုန်းအတိုင်း ပြည်တွင်း၌ ကျပ်ငွေဖြင့် ခံစားခွင့်ရှိသည်။ ပြည်ပ၌ရှိစဉ် ပြည်တွင်းတွင် ရာထူးတိုးမြင့်ခန့်ထားခြင်းခရပါက ယင်းသို့ တိုးမြင့် ခန့်ထားသည်ရာထူးလစာကို တိုးမြင့်ခန့်ထားသည် နေ့ရက်မှစ၍ ခံစားခွင့်ရှိသည်။

 

ခွင့်ကာလ ကူးပြောင်းချိန်ကာလနှင့် ရုံးပိတ်ရက်များ ဆက်စပ်ခံစားခွင့်ပြုခြင်း

၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (၁၃) တွင် ခွင့်ကာလ ကူးပြောင်းချိန်ကာလနှင့် ရုံးပိတ်ရက်များ ဆက်စပ်ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၅၈ မှ နည်းဥပဒေ ၁၅၉ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၁၅၈။ ခွင့်စတင်သည့်နေ့ရက်၏ရှေ့၌ ရုံးပိတ်ရက်တစ်ဆက်တည်း ရှိနေခဲ့လျှင် ယင်းခွင့်ခံစားသည် ဝန်ထမ်းကို ရုံးပိတ်ရက်မစမီနေ့ရက်၏ မွန်းလွဲပိုင်းတွင် ရာထူးတည်ရာ ဒေသမှ ထွက်ခွာခွင့် ပြုနိုင်သည်။ ခွင့် သို့မဟုတ် ကူးပြောင်းချိန်ကုန်ဆုံးသည့် နေ့ရက်၏နောက်တွင် ရုံးပိတ်ရက်တစ်ဆက်တည်းရှိနေခဲ့လျှင် ပိတ်ရက်ကုန်ဆုံးသည့်နေ့ရက်၏ နောက်နေ့နံနက်ပိုင်းမှစ၍ အလုပ်တာဝန်များကို ပြန်လည်ထမ်းဆောင် ခွင့်ပြုနိုင်သည်။ သို့ရာတွင်

(က) ဝန်ထမ်းကိုပြောင်းရွေ့ခြင်း သို့မဟုတ် အလုပ်သို့ဝင်ရောက်ခြင်း ပြုရာ၌ ဌာနဆိုင်ရာငွေကြေးများကို လွဲပြောင်းပေးရန် သို့မဟုတ် လက်ခံယူရန် လိုအပ်မှုမရှိသည့် ကိစ္စဖြစ်ရမည်။

(ခ) ဝန်ထမ်းသည် အလုပ်တာဝန်မှ စောထွက်ခွာခြင်းကြောင့် အခြား တစ်နေရာမှ ဝန်ထမ်းတစ်ဦးကို ယင်းထွက်ခွာသွားသူ ဝန်ထမ်း၏ တာဝန်များအား ထမ်းဆောင်ရန် စော၍ပြောင်းရွေ့ရခြင်း မဖြစ်စေရ။

(ဂ) ဝန်ထမ်းသည် အလုပ်သို့ဝင်ရောက်မှု နောက်ကျခြင်းကြောင့် ယင်းဝန်ထမ်းမရှိသည့် ကာလအတွင်း ယင်းဝန်ထမ်း၏ တာဝန်များကို ဆောင်ရွက်ပေးနေရသည့် ဝန်ထမ်းအား အခြား တစ်နေရာသို့ ပြောင်းရွှေ့ရန် နောက်ကျခြင်းမဖြစ်စေရ။

နည်းဥပဒေ ၁၅၉။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးကဖြစ်စေ၊ ခွင့်ပေးပိုင်ခွင့်ရှိသူကဖြစ်စေ ရုံးပိတ်ရက်ကို ခွင့် သို့မဟုတ် ကူးပြောင်းချိန်နှင့် ဆက်စပ်ခံစားသည့် ကိစ္စများနှင့်စပ်လျဉ်း၍ –

(က) ရုံးပိတ်ရက် သို့မဟုတ် ရုံးပိတ်ရက်များ၏ နောက်နေ့ ရက်မှစ၍ ခွင့်ယူလျှင် ခွင့်ကာလ၊ ခွင့်လစာနှင့်စရိတ်တို့ကို ယင်းခွင့်ယူသည့် နေ့ရက်မှစ၍ တွက်ချက်ရမည်။

(ခ) ခွင့် သို့မဟုတ် ကူးပြောင်းချိန်၏နောက်တွင် ရုံးပိတ်ရက် သို့မဟုတ် ရုံးပိတ်ရက်များ တစ်ဆက်တည်းရှိနေလျှင် ယင်းခွင့် သို့မဟုတ် ကူးပြောင်းချိန်သည် ရုံးပိတ်ရက် သို့မဟုတ် ရုံးပိတ်ရက်များ ရှေ့ရက်တွင် ကုန်ဆုံးသည်။ လစာ၊ စရိတ် တို့ကိုလည်း ယင်းရက်မှစ၍ ခွင့်ပြုရမည်။

မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ (၉-၆-၂၀၁၇)၊ နိုင်ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၅၈၂၀၇) နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၄-၈-၂၀၂၀) JI ပြဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Chapter 4: Probability DistributionsChapter 4: Probability Distributions

Chapter 4: Probability Distributions Chapter 4: Probability Distributions အခန်းကတော့ ကျန်းမာရေးနယ်ပယ်မှာ အသုံးများတဲ့ ဖြစ်နိုင်ခြေဖြန့်ဝေမှုများ (Probability Distributions) ကို မိတ်ဆက်ပေးထားတာပါ။ Probability distributions ဆိုတာကတော့ ကျပန်းဖြစ်နိုင်ချေရှိတဲ့ ကိန်းရှင်တစ်ခုရဲ့ ဖြစ်နိုင်ခြေတွေကို ဖော်ပြတဲ့ပုံစံပါပဲ။ဒီအခန်းမှာ အဓိကအားဖြင့် သင်ရမယ့်အရာတွေကတော့1.ကျပန်းကိန်းရှင်တွေ (Random Variables) အကြောင်း2.Discrete Probability Distributions

Qualitative Research တစ်ခု ဘယ်လိုရေးသားကြမလဲQualitative Research တစ်ခု ဘယ်လိုရေးသားကြမလဲ

Qualitative Research (အရည်အသွေးအခြေပြု သုတေသန) ဆိုတာ ကိန်းဂဏန်းတွေထက် လူတွေရဲ့ အတွေ့အကြုံ၊ ခံစားချက်နဲ့ အပြုအမူတွေနောက်ကွယ်က “ဘာကြောင့် (Why)” နဲ့ “ဘယ်လို (How)” ဆိုတဲ့ အနက်အဓိပ္ပာယ်တွေကို ဖော်ထုတ်ရတာ ဖြစ်ပါတယ်။အဆင့် (၁) – Research Questions ကို သတ်မှတ်ခြင်းပထမဆုံးအနေနဲ့  ဘာကို သိချင်တာလဲဆိုတာကို တိတိကျကျ သတ်မှတ်ရပါမယ်။ Qualitative