မီးဖွားခွင့်
၃။ နိုင်ငံဝန်ထမ်းနည်းဥပဒေများ အခန်း (၈) တွင် ခွင့်ခစားခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ ခံစားခွင့်ရှိသည် မီးဖွားခွင့်ကို နည်းဥပဒေ ၁၀၁ နှင့် ၁၀၂ တို့၌ အောက်ပါအတိုင်း ပြဋ္ဌာန်းထားရှိ ပါသည်-
နည်းဥပဒေ ၁ဝ၁။ (က) အမျိုးသမီးဝန်ထမ်းများသည် မီးဖွားခွင့်ကို စတင်ခံစားသည့်နေ့ရက်မှစ၍ ခြောက်လအထိ ခံစားခွင့်ရှိသည်။
(ခ) မီးဖွားခွင့်ကို ခွင့်ပြုရာတွင် –
(၁) အခြားခွင့်များနှင့် ဆက်စပ်၍ ခွင့်မပြု။
(၂) ဆေးလက်မှတ် အထောက်အထားဖြင့် တောင်းခံပါက အခြားခွင့်များကို မီးဖွားခွင်၏ နောက်မှဆက်၍ ခွင့်ပြုနိုင်သည်။
(၃) ကိုယ်ဝန်ဆောင်နေသည့် ကာလအတွင်း သန္ဓေပျက်ကျသည့် အခြေအနေမျိုးတွင် ဆေးလက်မှတ် အထောက်အထားဖြင့် ခြောက်ပတ်ထက် မပိုသည့် မီးဖွားခွင့်ကိုခွင့်ပြု ရမည်။
(၄) သန္ဓေပျက်ရန် စိုးရိမ်ဖွယ်ရာရှိသော အခြေအနေမျိုးအတွက် မီးဖွားခွင့်မပေးရ။ အခြား သင့်လျော်ရာခွင့်သာ ခွင့်ပြုရမည်။
(၅) ကိုယ်ဝန်အဆိပ်တက်ခြင်းတွင် မီးဖွားခွင့်ကိုမထိခိုက်စေဘဲ ဆေးလက်မှတ်ဖြင့် ခြောက်ပတ်ထက်မပိုသော သင့်လျော်သည့် ခွင့်ပေးရမည်။
(၆) အမွာပူး သို့မဟုတ် ယင်းထက်ပို၍မွေးဖွား ပါက သာမန်မီးဖွားခွင့် ကုန်ဆုံးရက်၏ နောက်ရက်မှစပြီး ကလေးများပြုစု စောင့်ရှောက်နိုင်ရန် ရက်သတ္တပတ် ခြောက်ပတ်တိုး၍ မီးဖွားခွင့်အဖြစ် ခွင့်ပြုရမည်။
(၇) ဝန်ထမ်း၏ ဇနီးသည် မီးဖွားလျှင် ခင်ပွန်းဖြစ်သူ ကို မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခွင့် အဖြစ် ကလေးမွေးဖွားသည့်နေ့မှ ၂၈ ရက် အတွင်း ရက်သတ္တပတ် နှစ်ပတ်ခွင့်ပြုရမည်။ ယင်းရက်သတ္တပတ် နှစ်ပတ်ကို တာဝန်ချိန် အဖြစ် သတ်မှတ်ပြီး လစာနှုန်းပြည့် ခံစားခွင့် ပြုရမည်။
နည်းဥပဒေ ၁၀၂၊ မီးဖွားခွင် ကာလအတွင်း ခွင့်လစာကို လစာနှုန်းပြည့်ဖြင့် ခံစားခွင့်ရှိသည်။
၄။ ယခုပြဌ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် မီးဖွားခွင့်ကို ယခင်က ရက်ပေါင်း ၉၀ တစ်နည်းအားဖြင့် ၃လ သတ်မှတ်ရာမှ ယခု ၆ လအထိ တိုးမြင့် သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည့်အတွက် အာဆီယံ (၁၀) နိုင်ငံအနက် မြန်မာနိုင်ငံသည် မီးဖွားခွင့်ကာလအများဆုံး ခွင့်ပြုပေးထားခြင်းဖြစ်ပါသည်။ ထိုမျှသာမကမီးဖွားသူ ဇနီးသည်နှင့် မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်နိုင်ရန်အတွက်ခင်ပွန်းဖြစ်သူသည်လည်း ဝန်ထမ်းဖြစ်ခဲ့ပါလျှင် ၎င်းကိုလည်း လစာနှုန်းပြည့်ဖြင့်ရက်သတ္တပတ် နှစ်ပတ် ခွင့်ပြုပေးထားပါသည်။ ဝန်ထမ်း၏ဇနီးသည် မီးဖွား ဝန်ထမ်းခင်ပွန်းသည်ကို ခွင့်ပေးခြင်းမှာ အာဆီယံ (၁၀) နိုင်ငံတွင် မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံသာရှိပါသည်။ ယင်းကို ထောက်ရှုခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေများသည် နိုင်ငံ့ဝန်ထမ်းများအပေါ်များစွာမှ ထောက်ထား သက်ညာပြီး နိုင်ငတကာစံနွန်းများထက် သာလွန်သော အခွင့်အရေးများ ပေးထား ကြောင်း နှိုင်းယှဉ်တွေ့ရှိရမည်ဖြစ်ပါသည်။
မှတ်ချက်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ (၉-၆-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ(၂၄-၈-၂၀၂၀) I ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်ပါသည်။
Discover more from naywinaung
Subscribe to get the latest posts sent to your email.