naywinaung ဝန်ထမ်းစည်းကမ်း

ဝန်ထမ်းစည်းကမ်း

ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများ

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း (09) တွင် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၆၁ မှ နည်းဥပဒေ ၁၆၇ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ

ယင်းတို့အနက် အောက်ဖော်ပြပါ နည်းဥပဒေအချို့ကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်-

နည်းဥပဒေ ၁၆၁။ အလုပ်ချိန်နှင့်သက်ဆိုင်သည် အောက်ပါဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူအပြစ်ပေးနိုင်သည်-

(က) လုံလောက်သော အကြောင်းရင်းမရှိဘဲ အလုပ်တက်ချိန်နောက်ကျ၍ အလုပ်ခွင်သို့ ရောက်ရှိခြင်း၊

(ခ) လုံလောက်သော အကြောင်းရင်းမရှိဘဲ အလုပ်ဆင်းချိန်ထက်စော၍ အလုပ်ခွင်မှ ထွက်ခွာခြင်း၊

(ဂ) အထက် တာဝန်ရှိသူ၏ ခွင့်ပြုချက်မရဘဲ မကြာခဏအလုပ်ခွင်မှ ပျက်ကွက်ခြင်းတို့မှာ အလေ့အကျင့် ကဲ့သို့ ဖြစ်နေခြင်း၊

(ဃ) ခွင့်စည်းကမ်းများကိုဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊

(င) ခိုင်လုံသော အကြောင်းမရှိဘဲ ခွင့်ရက်ထက်ပို၍ နေခြင်းသို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း၊

(စ) ခိုင်လုံသော အကြောင်းမရှိဘဲ ခွင့်ပြုထားသည့် အလုပ်ကူးပြောင်းချိန် ကုန်ဆုံးပြီးနောက် အလုပ် ဝင်ရောက်ရန်

ပျက်ကွက်ခြင်း။

နည်းဥပဒေ ၁၆၂။ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင် ပတ်သက်သည့် အောက်ပါ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူအပြစ်ပေးနိုင်သည် –

 

(က) တာဝန်မကျေပွန်ခြင်း သို့မဟုတ် တာဝန်ကိုပေါဆစွာထမ်းဆောင်ခြင်း၊

(ခ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာမှု ကြောင့်ဖြစ်စေ နိုင်ငံဘဏ္ဍာငွေ သို့မဟုတ် နိုင်ငံပိုင်ပစ္စည်းဆုံးရံးပျက်စီးရခြင်း၊

(ဂ) ခန့်အပ်ထားသည့် ရာထူးနှင့်မညီဘဲ လုပ်ရည်ကိုင်ရည်အဆင့်အတန်းမဓီခြင်း သို့မဟုတ် အရည်အချင်း ညံ့ဖျင်းခြင်း၊အရည်အသွေးမပြည့်ဝခြင်း၊

(ဃ) ဥပဒေနှင့်အညီထုတ်ပြန်ထားသည့် အမိန့်၊ ညွန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခြင်း။

နည်းဥပဒေ ၁၆၃။ လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုစည်းကမ်းဆိုင်ရာ အောက်ပါပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူအပြစ်ပေးနိုင်သည် –

(က) ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြင့်ခြင်းနှင့် ပြည်ပပညာသင်စေလွှတ်ခြင်းတို့အတွက် အရေးပါသော ကိုယ်ရေးအကြောင်းအရာ၊ အချက်အလက်များကို လိမ်လည် တင်ပြခြင်း၊ ထိမ်ချန်ထားခြင်း သို့မဟုတ် မရိုးသားမှုတစ်ခုခုပြုလုပ်ခြင်း၊

(ခ) တာဝန်ထမ်းဆောင်ရာ ရိုးသားဖြောင့်မတ်မှုမရှိခြင်း၊လိမ်လည်ခြင်း၊ လိမ်လည်ရန်အားထုတ်ခြင်း သို့မဟုတ် လိမ်လည်ရန် အားပေးကူညီခြင်း၊

(ဂ) အခြားဝန်ထမ်းတစ်ဦးဦးကို ထိခိုက်နစ်နာစေရန် မဟုတ်မမှန်စွပ်စွဲတိုင်ကြားခြင်း၊ သူတစ်ပါး၏အမည်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အမည်မှန်ကို ဖုံးဝှက်၍ဖြစ်စေ ပစ်စာရေးသားခြင်း၊

(ဃ) အလုပ်ခွင်ငြိမ်းချမ်းသယာမှုကိုဖြစ်စေ၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်မှုကိုဖြစ်စေ ပျက်ပြားစေရန် လွံ့ဆော်ခြင်းသို့မဟုတ် ပြုလုပ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းကိုအားပေးကူညီခြင်း၊

(င) အလုပ်ခွင်တွင် လောင်းကစားခြင်း သို့မဟုတ် မူးယစ်သောက်စားခြင်း၊

(စ) မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော တားမြစ်ဆေးဝါးများကို မှီဲသုံးစွဲခြင်း၊

(ဆ) တာဝန်ထမ်းဆောင်ရာတွင် ရိုင်းပြစွာပြောဆိုပြုမူဆက်ဆံခြင်း၊

(ဇ) အလုပ်ခွင်တွင်ခိုက်ရန်ဖြစ်ပွားခြင်း သို့မဟုတ် တစ်စုံတစ်ဦးကိုကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း သို့မဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်စေခြင်း၊

(ဈျ)လုပ်ငန်းသုံးပစ္စည်းကိရိယာများကို တမင်သက်သက် ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးစေခြင်း၊

(ည) အလုပ်ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာစည်းကမ်းများကို တမင်ဖြစ်စေ၊ ပေါ့လျော့မှု ကြောင့်ဖြစ်စေဖောက်ဖျက်ခြင်း၊

(ဋ) သိက္ခာကင်းမဲ့စွာပြုမူနေ ထိုင်ခြင်း၊ ဝန်ထမ်းနှင့် မလျော်ညီအောင် ဝတ်စားဆင်ယင်ခြင်း၊

(ဋ) လာဘ်ပေးလာဘ်ယူပြုခြင်း၊ တံစိုးလက်ဆောင်ပေးခြင်းသို့မဟုတ် တံစိုးလက်ဆောင်ယူခြင်း၊

(ဌ) တာဝန်အရဆောင်ရွက်ရန်ရှိသည့်အလုပ် သို့မဟုတ်ပြုလုပ်ပေးခဲ့ရသည့် လုပ်ငန်းအတွက် ငွေကြေးအပါအဝင် အကျိုးခံစားခွင့် တစ်ခုခုကို တောင်းခံခြင်း၊ ရယူခြင်း၊လက်ခံရန်သဘောတူခြင်း၊

(ဍ) အခြားဝန်ထမ်းတစ်ဦးအား အမှုကိစ္စတစ်ရပ်ကို ပြုလုပ်ပေးစေရန် သို့မဟုတ် တာဝန်အရပြုလုပ်ရမည့် အလုပ်ကို မပြုလုပ်စေရန်အတွက် ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကို တောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံရန် သဘောတူခြင်း၊

(ဏ)ဓိဓိကဖြစ်စေ၊ အခြားဝန်ထမ်းတစ်ဦးကဖြစ်စေ အမှုကိစ္စတစ်ခုကို မတရားသော နည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန်အတွက် ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကိုတောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံရန်သဘောတူခြင်း၊

(တ) အထက်ပါ တရားနည်းလမ်းနှင့်ဆန့်ကျင်သော အကျိုးခံစားခွင့်များကို အမှုကိစ္စနှင့် တိုက်ရိုက်သက်ဆိုင်သူ ထံမှသာမက ထိုကိစ္စနှင့်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်နှင့်ဖြစ်စေ ပတ်သက်နေသူများထံမှ အကျိုးခံစားခွင့်တောင်းခံခြင်း၊ ရယူခြင်း၊လက်ခံရန်သဘောတူခြင်း၊

(ထ) လုပ်ငန်းနှင့် ပတ်သက်သည့်ငွေ သို့မဟုတ် ပစ္စည်းကို အလွဲသုံးစားပြု လုပ်ခြင်း၊ ထိုသို့ ပြုလုပ်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊

(ဒ) ဝန်ထမ်းအဖွဲ့အစည်း ဝန်ထမ်းအမျိုးအစားအလိုက်စောင့်ထိန်းလိုက်နာရန် သတ်မှတ်ထားသည့် အခြား ကျင့်ဝတ်နှင့်စည်းကမ်းများကို ဖောက်ဖျက်ခြင်း၊

(ဓ) တာဝန်အရ အထက် အကြီးအမှူးက ဥပဒေနှင့်အညီပေးသည့်အမိန့်ကို ဝန်ထမ်းကိုယ်တိုင်ဖိဆန်ခြင်း၊ အခြား ဝန်ထမ်း တို့ကို ဆန့်ကျင်စေရန် လွံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊သွေးဆောင်စည်းရုံးခြင်း၊

(န) လုံခြုမှုအဆင့်အတန်း သတ်မှတ်ထားသည့် ဌာနဆိုင်ရာစာရွက်စာတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များကို မသက်ဆိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသိပေးခြင်း၊

(ပ) နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမည့်စာအုပ်စာတမ်းများ ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊

(ဖ) နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ်

လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်း။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Chapter 12 The Chi-Square DistributionChapter 12 The Chi-Square Distribution

အခန်း ၁၂ ဖြစ်တဲ့ “ခိုင်စကွဲယား ဖြန့်ဝေမှု (The Chi-Square Distribution) နဲ့ ကြိမ်နှုန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း (Analysis of Frequencies)” အကြောင်းကို ဆွေးနွေးပေးပါမယ်။ ဒီအခန်းဟာ ကျွန်တော်တို့ အရင်က လေ့လာခဲ့တဲ့ ကိန်းဂဏာန်း တိုင်းတာမှုတွေ ဒါမှမဟုတ် ဆက်နွယ်မှုတွေနဲ့ မတူဘဲ အရေအတွက် (counts) ဒါမှမဟုတ် ကြိမ်နှုန်း (frequencies)

Chapter 10 Multiple Regression and CorrelationChapter 10 Multiple Regression and Correlation

အခန်း ၁၀ ဖြစ်တဲ့ “မျိုးစုံသုံး ပြန်လည်ဆန်းစစ်ခြင်းနှင့် ဆက်စပ်မှု (Multiple Regression and Correlation)” အကြောင်းကို ဆွေးနွေးပေးပါမယ်။ ဒါဟာ ကျွန်တော်တို့ အရင်ဆွေးနွေးခဲ့တဲ့ အခန်း ၂ က ဖော်ပြချက်ဆိုင်ရာ စာရင်းအင်းပညာနဲ့ အခန်း ၉ က ရိုးရှင်းသော ပြန်လည်ဆန်းစစ်ခြင်း (Simple Linear Regression) တို့ရဲ့ အဆက်ဖြစ်ပါတယ်।မျိုးစုံသုံး

Contract SystemContract System

Contract System သို့မဟုတ် ကန်ထရိုက်စနစ်အစိုးရဆေးရုံတွေကို ပုဂ္ဂလိကနဲ့ စာချုပ်ချုပ်ပြီး ပူးပေါင်းလည်ပတ်တဲ့နည်းကို ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေ ခေါ်တာက “Contracting” လို့ခေါ်ပါတယ်။ ဆိုလိုတာက ဆေးရုံရဲ့ ပိုင်ဆိုင်မှုက အစိုးရလက်ထဲမှာပဲ ဆက်ရှိနေမယ်၊ ဒါပေမဲ့ နေ့စဉ်လည်ပတ်မှု၊ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုတချို့ ဒါမှမဟုတ် အကုန်လုံးကို ပုဂ္ဂလိကကုမ္ပဏီကို စာချုပ်နဲ့ အပ်လိုက်တာပါ။ ဒီနည်းက နှစ်ပေါင်း ၄၀-၅၀ လောက်ကတည်းက ကမ္ဘာမှာ