naywinaung blog,eHealth eHealth (Lili model)

eHealth (Lili model)

#Ehealth
#Lily_Model
မနေ့က 5Cs model ကိုရေးပြခဲ့ပြီးပါပြီ
ဒီနေ့ပြောပြချင်တာက နာမည်ကြီး Lily Model ဖြစ်ပါတယ်။ ehealthရဲ့ ကနဦးခေါင်းဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ Norman က ehealth ဆိုတာ ဘာလဲလို့ရှင်းပြတဲ့အခါမှာ Lily model ကို အသုံးပြုခဲ့ပါတယ်။
အဲ့ဒီ Lily Model မှာ အဓိက ပွင့်ချပ်ခြောက်ခု သို့မဟုတ် essential components ခြောက်ခုပါဝင်ပါတယ်။
အဲ့ဒါတွေကတော့
၁။ traditional literacy သို့မဟုတ် အရင်းခံအသိပညာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ရေးသားထားသမျှစာတွေကို သိရှိနားလည်သဘောပေါက်အောင် ဖတ်ရှူနိုင်ခြင်းကို traditional literacy လို့ခေါ်ဆိုပါတယ်။ဆိုလိုတာက ကျွန်တော်တို့ နေ့စဉ်ရွတ်ဆိုနေကြတဲ့ ပါဠိစာသားနဲ့ရေးထားတဲ့ ပဌာန်းဒေသနာကို ကျွန်တော်တို့ နားမလည် သဘောမပေါက်ဘဲ ရွတ်ဆိုနေမိရင် ကျွန်တော်တို့မှာ အမှန်စင်စစ် traditional literacy မရှိပါဘူး။ အဲ့ဒါကို ပါဠိနဲ့ပါတ်သက်တဲ့ traditional literacy မရှိဘူးလို့ ဆိုလိုပါတယ်။ ehealth မှာလည်း digital writing တွေကို သာမာန်အားဖြင့် ရေးနိုင်ဖတ်နိုင်တဲ့ အဆင့်တစ်ခုလိုပါတယ်။

၂။ Media Literacy သို့မဟုတ် ကူးလူးဆက်ဆံရေးဆိုင်ရာ အသိပညာဗဟုသုတ
ehealth ကို စတင်အကောင်အထည် ဖော်မယ်ဆိုရင် ပြည်သူလူထုအနေနှင့် ကူးလူးဆက်ဆံရေးဆိုင်ရာ သတင်းအချက်အလက်များကို လက်ခံရရှိနိုင်ရပါမယ်၊ ဆင်ခြင်သုံးသပ်နိုင်ရပါမယ်၊မိမိတို့အတွေးအမြင်ဗဟုသုတတွေကိုလည်း ပြန်လည်ဖွင့်ဟ တင်ပြနိုင်ရပါမယ်။ ဒီနေရာမှာ သတိချပ်စရာတစ်ခုကတော့ ကူးလူးဆက်သွယ်ဆောင်ရွက်တဲ့အခါမှာ အင်တာနက်သာမကဘဲ မည်သည့်ကြားခံမှမဆို ဆက်သွယ်ဆောင်ရွက်ခြင်းကိုလည်း ဆိုလိုပါတယ်။

၃။Information Literacy သို့မဟုတ် သတင်းအချက်အလက်ဆိုင်ရာ အသိပညာဗဟုသုတ
information Literacy ဆိုတာ သတင်းအချက်အလက်များကို မူလရင်းမြစ်ကဘယ်ကလာသလဲ၊ ဘာကို ရည်ရွယ်သလဲ ဆိုတာကနေ သတင်းအချက်အလက်တွေကို ဘယ်လိုလက်ခံရယူမလဲ၊ ဘယ်လိုဖြန့်ဝေမလဲဆိုတဲ့ အသိပညာရပ်အားလုံး ခြုံငုံပါဝင်ပါတယ်။face book လေးဖွင့်ပြီး ဟိုလျောက်အော်ဒီလျောက်အော် တဲ့အဆင့်မှဆင့် မိမိတို့ လက်ခံရရှိတဲ့ သတင်းရင်းမြစ်ဟာ ဘယ်ကလာသလဲ၊ မိမိတို့လိုချင်တဲ့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် တိတိကျကျနှင့် ရှာဖွေနိုင်သလဲဆိုတာ မျိုးကို ဆိုလိုချင်ပါတယ်။

၄။Health Literacy သိုမဟုတ် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတ ကြွယ်ဝမှု
ဒီနေရာမှာ ရှင်းပြချင်တာတစ်ခုရှိပါတယ်။ နဂိုက ကျန်းမာရေးဌာနတော်တော်များများနှင့် နိုင်ငံတော်တော်များများမှာ Health Education ဆိုတဲ့စကားရပ်ကို တွင်ကျယ်စွာ အသုံးပြုပြီး လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော်ခဲ့ကြပါတယ်။ သို့သော်လည်း ပေးကားပေး၏ မရ ဆိုတဲ့စကားရပ်လိုပါပဲ health education တွေ ဘယ်လောက်ပဲ ပေးနေပါစေ ပြည်သူလူထုရဲ့အခြေခံ ရေမြေအရ ကျန်းမာရေး အသိပညာရေချိန်ကတော့ နိမ့်ပါးနေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ health Literacy Promotion Unit ဆိုပြီး ဌာနများကို ဖွဲ့စည်းပြီး ဘက်ပေါင်းစုံကနေ ချည်းကပ်ပြီး သင်ကြားလေ့လာစောင့်ကြည့်သုံးသပ်ပြင်ဆင် ဆိုတဲ့ နည်းဗျူဟာများနှင့် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးဝန်ကြီးဌာနအောက်က နဂိုရှိရင်းစွဲ HEB ကို HLPU ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ ehealth နှင့် ဆက်စပ်ပတ်သက်ပြီးပြောရမယ်ဆိင် ehealth ကို အကောင်ထည်ဖော်ဆောင်ရွက်မည့်သူများသာမက ပြည်သူလူထုနှင့် သုံးစွဲသူအားလုံး ပါဝင်ပတ်သက်သူအားလုံးရဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတကြွယ်ဝမှုဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

၅။ Computer Literacy သို့မဟုတ် ကွန်ပြူတာဆိုင်ရာ အသိပညာဗဟုသုတ
ehealth ရဲ့ အဓိက လိုအပ်ချက်လည်းဖြစ်ပါတယ်။ ကွန်ပြူတာဆိုင်ရာ အသိပညာဗဟုသုတ လုံးဝနည်းပါးတဲ့ နေရာမှာ ehealth ကိုတည်ထောင်တဲ့အခါ အောင်မြင်ဖို့ ခက်ခဲလွန်းပါတယ်။ အနည်းဆုံးတော့ ကွန်ပြူတာကို ဖွင့်တတ်ပိတ်တတ်ရပါမယ်။ မိမိတို့ တည်ဆောက်ထားတဲ့ Basic Applications များကို သုံးစွဲသူတွေဘက်က အခက်အခဲမရှိ သုံးစွဲနိုင်ဖို့လိုအပ်ပါတယ်။

၆။ Science Literacy သို့မဟုတ် သိပ္ပံဆိုင်ရာ အသိပညာဗဟုသုတ
သိပ္ပံဆိုင်ရာ အသိပညာဗဟုသုတဆိုတာကတော့ ehealth ကို အကောင်အထည်ဖော်ဆောင်ရွက်မဲ့ သူတွေအနေနှင့် မရှိမဖြစ်လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိစ္စရပ်တိုင်းအတွက် Methodology ကဘာလဲ၊ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ehealth လုပ်ငန်းစဉ်ကြီးကို ဘယ်လို Observation လုပ်မလဲ၊ နောက်တစ်ခုက ehealth ဆိုတာ ကမ္ဘာမှာ မိမိတို့စလုပ်တဲ့ innovation မဟုတ်တဲ့အတွက် ehealth နှင့်ပတ်သက်တဲ့ theory တွေကဘာတွေလဲ။ Framework တွေကဘယ်လိုရှိသလဲ။ ဘယ် Model တွေက ကိုယ့်နိုင်ငံအတွက် အရေးပါသလဲဆိုတာကို သိမြင်နားလည်ခြင်းဖြစ်ပါတယ်။
နိဂုံးအနေဖြင့်ပြောရရင် ehealth ဆိုတဲ့ စကားရပ်ကို အသုံးပြုတော့မယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ Literacy ခြောက်ခုကို အကြွယ်ဝဆုံးအဆင့်မဟုတ်ရင်တောင်မှာ အလယ်အလတ်အဆင့်တော့ သိမြင်နားလည် သဘောပေါက်နေရပါမယ်။ ကျန်တဲ့ literacy တွေက သူတပါးပြောတာကို နားထောင်လိုက်တာနဲ့ သိမြင်သဘောပေါက်နိုင်သော်လည်းပဲ health Literacy, computer literacy and Science Literacy သုံးခုကတော့ သူတပါးပြောတာကို ထိုင်နားထောင်တာတစ်ခုတည်းနှင့် ကျွမ်းကျင်တတ်မြောက်နိုင်ခြင်းမရှိပါဘူး။ အစည်းအဝေး တက်တာ နှင့် တတ်မြောက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ehealth ကိုစိတ်ဝင်စားလို့ လေ့လာတော့မယ်ဆိုရင် အနည်းဆုံး တစ်နေ့ကို အချိန် လေးနာရီလောက်ပေးပြီး စာဖတ်ရမယ်။ ထို့အတူ ကွန်ပြူတာဆိုတာ ကိုယ့်ရဲ့့ အိမ်သူသက်ထားလို တယုတယ အမြဲပွေ့ဖက်နေရမှာဖြစ်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို အမြန်အဆန်ရရှိဖို့ Internet Connection ရှိနေရမှာဖြစ်ပြီး ဆရာကြီး Google ကို မေးမြန်းဖို့ ဘယ်တော့မှ ရှက်ကြောက်နေလို့မရပါဘူး။

ဆက်လက်ပြီး Business Model များ Comprehensive Model များကို အားရင်အားသလို ရေးသားပေးပါမယ်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Data transform in regressionData transform in regression

Regression မှာ Data Transform ဘာကြောင့် လုပ်သင့်သလဲ၊ ဘယ်လိုလုပ်မလဲRegression analysis မှာ assumption တွေဖြစ်တဲ့ linearity, homoscedasticity, normality of residuals စတဲ့ အချက်တွေကို ပိုကောင်းစေဖို့အတွက် data တွေ ကို transform လုပ်ကြရပါတယ်။ များသောအားဖြင့် data အမျိုးအစားတွေကို ကြည့်ပြီး နည်းလမ်း ၁၁

eHealth M_Zawisza_Business_ModeleHealth M_Zawisza_Business_Model

#eHealth#M_Zawisza_Business_Modelehealth နှင့်ပတ်သက်တဲ့ model တွေကို ရှေ့ပိုင်းမှာ ရှင်းပြခဲ့ပါတယ်။ အခုရေးသားမဲ့ business model ကတော့ နိုင်ငံတကာ ကုမ္ပဏီတော်တော်များများမှာ အသုံးများတဲ့ Enterprise Model တစ်ခုပဲဖြစ်ပါတယ်။ ဒီModel မှာတော့ အစိတ်အပိုင်း ကိုးခုပါဝင်ပါတယ်။အဲ့ဒါတွေကတော့၁။ Key Partners ( မိတ်ဖက်အဖွဲ့အစည်းများ)၂။ Key Activities ( ပင်မလုပ်ငန်းဆောင်ရွက်မှုများ)၃။ Key Resources

Bias in ResearchBias in Research

Bias in Researchသုတေသနပြုလုပ်ရာတွင် ဘက်လိုက်ခြင်းဘက်လိုက်ခြင်း (ဒီတိုင်း ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွန်တော်ကတော့ ဘက်လိုက်တယ်လို့ပဲ မှတ်ထားပါတယ်)။သုတေသနပြုရာတွင် ဘက်လိုက်ခြင်းဆိုတာကို အလွယ်ပြောရရင် သုတေသီဟာ သူလိုချင်တဲ့ အဖြေကိုရဖို့အတွက် စနစ်တကျ အမှားပြုလုပ်တာကို ဆိုလိုပါတယ်။ဒီနေရာမှာ တမင်သက်သက် ပြုလပ်တာ ဖြစ်နိုင်သလို၊ မသိလို့ ပြုတာလည်းဖြစ်နိုင်ပါတယ်။သုတေသနဆိုင်ရာ ဘက်လိုက်မှု (Research Bias) များကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာတော့၁။ ဘက်လိုက်တည်ဆောက်မှု