naywinaung သုတေသနဆိုသည်မှာ

သုတေသနဆိုသည်မှာ

ကျွန်တော့်ထက် သုတေသနဆိုင်ရာကိစ္စများကို ထဲထဲဝင်ဝင် သိတဲ့သူတွေ ရှိတဲ့အတွက် ဆရာ/ ဆရာမတို့အနေနှင့် အတတ်ကြူးတယ်လို့ မထင်ကြပါနဲ့လို့ ကြိုတင် တောင်းပန်ချင်ပါတယ်။
ကျွန်တော်သိသလောက်လေး ဘာသာပြန်မှာမို့လို့ လိုအပ်ချက်များရှိခဲ့ရင် ကျွန်တော့်အမှားသာ ဖြစ်ပါတယ်။
သုတေသနဆိုတာ ဘာလဲ
အများအားဖြင့် သုတေသနဆိုလိုက်တာနဲ့ ကြီးမားနက်ရှိုင်းပြီး အလွန်တရာခမ်းနားသော စာတမ်းကြီးဟု အထင်မှားတတ်ကြပါတယ်။
အမှန်တော့ သုတေသနဆိုတာ ဘာလဲ ဘယ်လိုလဲဆိုတဲ့ မေးခွန်းများကို ဖြေဆိုဖို့ ရှာဖွေမှုပါပဲ။
Research is a logical and systematic search for new and useful information on a particular topic. In the well-known nursery rhyme
Twinkle Twinkle Little Star
How I Wonder What You Are
အကြောင်းအရာတစ်ခုအပေါ်မှာ ကိစ္စရပ်တစ်ခုအပေါ်မှာ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိချက်များကို သုတေသနလို့သတ်မှတ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ကြားဖူးတဲ့ အဲ့ကဗျာလေးမှာပါတဲ့ How I wonder နှင့် What you are ဆိုတာကကို research အခြေခံဖြစ်ပါတယ်။
သုတေသနစာတမ်းတစ်ခုကို ရရှိဖို့အတွက် လေ့လာမှုများ၊ စမ်းသပ်ချက်များ၊ခွဲခြမ်းစိတ်ဖြာစဉ်းစားခြင်း၊ နိုင်းယှဉ်သုံးသပ်ခြင်းများနှင့် အကြောင်းတရားနှင့်အကျိုးတရားတို့၏ ဆက်စပ်မှုကို တွေးဆခြင်းတို့ ပါဝင်ပါတယ်။ ဉပမာအားဖြင့် ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ အဲ့အချက်ကို ဘယ်ကရရှိပါသလဲ။ သုတေသနတွေက ရရှိပါတယ်။

သုတေသနများသည် အဘယ်ကြောင့် အရေးကြီးပါသလဲ…
(၁) သုတေသနဆိုင်ရာပြသနာများမှာ အလွန်ခက်ခဲလေ့ရှိကြပြီး သိပ္ပံပညာသည်အဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်း အတွက် အလွန်အရေးကြီးသော ကိစ္စများဖြစ်ကြပါသည်။
(၂) သုတေသနဆိုင်ရာ တွေ့ရှိချက်များ နှင့် သုံးသပ်ချက်များသည် ပြသနာများကို ဖြေရှင်းရာတွင် များစွာ အထောက်အကူဖြစ်စေပါတယ်။
(၃) သုတေသနစာတမ်းများသည် အသိပညာနှင့် လမ်းညွှန်ချက်များဖြင့် လက်တွေ့ပြသနာများကို ဖြေရှင်းနိုင်ရန် ကူညီပေးသည်။
(၄) သုတေသနစာတမ်းများသည် အစိုးရအဖွဲ့အစည်းများ၏ မဟာဗျူဟာများကို ဖြစ်ပေါ်စေသည်။
(၅) စက်မှုလုပ်ငန်းများတွင် သုတေသနစာတမ်းများသည် ကုန်ထုတ်လုပ်မှု မြင့်မားလာစေခြင်းနှင့် အရည်အသွေးမြင့်မားလာစေခြင်းတို့ကို များစွာ အထောက်အကူဖြစ်စေသည်။
(၆) သင်္ချာဆိုင်ရာ နှင့် ယုတ္တဗေဒဆိုင်ရာ သုတေသနစာတမ်းများသည် စီးပွားရေးဆိုင်ရာ ပြသနာများကို ဖြေရှင်းရာတွင် များစွာ အထောက်အကူဖြစ်စေပါသည်။
(၇) အသစ်အသစ်သော ပစ္စည်းများ သက်ရှိများနှင့် အာကာသဆိုင်ရာကိစ္စများကို ရှာဖွေဖော်ထုတ် သက်သေပြနိုင်ပါသည်။
(၈) အသစ်အသစ်သော ကုထုံးများနှင့် ပြုပြင်မွမ်းမံမှုများသည် သုတေသနလုပ်ငန်းများမှ ပေါ်ထွက်လာခြင်းဖြစ်ပါသည်။
(၉) လူမှုရေးဆိုင်ရာပြသနာများကို ဖြေရှင်းရာတွင် သုတေသနစာတမ်းများသည် များစွာ အထောက်အကူရစေပါသည်။
(၁၀) သုတေသနစာတမ်းများမှတဆင့် ပိုမိုကောင်းမွန်သော လူနေမှုစနစ်များ၊ လူမှုအဖွဲ့အစည်းများကို ဖော်ဆောင်နိုင်ပါသည်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Selection of Appropriate Statistical Methods for Data AnalysisSelection of Appropriate Statistical Methods for Data Analysis

ဒေတာ ခွဲခြမ်းစိတ်ဖြာဖို့ သင့်တော်တဲ့ Statistical Methods ဘယ်လို ရွေးမလဲ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ အလုပ်မှာ statistical method မှန်မှန်ကန်ကန် ရွေးတာက အဓိကဖြစ်ပါတယ်။ သုတေသီပဲဖြစ်ဖြစ်၊ ဒေတာနဲ့ ကစားတတ်တဲ့ သူပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ ဘယ်နည်းကို သုံးမလဲဆိုတာက ကိုယ့်ရဲ့ အဖြေတွေ ယုံကြည်ရလောက်၊မရလောက် ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ဒီ method တွေကို

Thesis စာတမ်းရဲ့ Chapter 1 ကို ဘယ်လိုရေးမလဲThesis စာတမ်းရဲ့ Chapter 1 ကို ဘယ်လိုရေးမလဲ

Rationale of the Study ရေးသားနည်း ၁။ ဘာကြောင့် ဒီလေ့လာမှုကို လုပ်ရမလဲဆိုတဲ့ အခြေခံအကြောင်းရင်းကို ဖော်ပြရပါမယ် ပထမဦးဆုံး လေ့လာမှုရဲ့ အရေးပါမှု၊ လိုအပ်မှုကို ရှင်းပြရမှာပါ။ လက်ရှိအခြေအနေမှာ ဘယ်လိုပြဿနာတွေရှိသလဲ၊ ဒီပြဿနာတွေက ဘယ်လိုအကျိုးဆက်တွေဖြစ်စေသလဲ၊ ဒီလေ့လာမှုက အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ ဖော်ပြရပါမယ်။ ဖော်ပြတဲ့အခါမှာ ကမ္ဘာ့အခြေအနေ၊ အရှေ့တောင်အာရှအခြေအနေ၊ မြန်မာ့ အခြေအနေ ဆိုပြီး

SDG (Sustainable Development Goals)SDG (Sustainable Development Goals)

SDG (Sustainable Development Goals) တွေနဲ့ ပတ်သက်ပြီး နည်းနည်းပွားကြည့်ကြရအောင်ဗျာ။ SDG ဆိုတာကတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable Development Goals) ကို အတိုကောက်ခေါ်တာပါ။ ဒီပန်းတိုင်တွေကို ကုလသမဂ္ဂ (UN) က ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၃၀ ခုနှစ်အထိ