naywinaung Data Validation ဆိုသည်မှာ အဘယ်နည်း

Data Validation ဆိုသည်မှာ အဘယ်နည်း

အလွယ်ကူဆုံးပြောရရင် မိမိတို့ရဲ့ excel ထဲမှာ မိမိတို့ထည့်စေချင်တဲ့ စာသားနှင့်ကိန်းဂဏန်းများကိုသာ ထည့်နိုင်ရန် ကန့်သတ်ခြင်းလို့ ပဲ ပြောပါရစေ။

ဉပမာအားဖြင့် မိမိတို့က ဝန်ထမ်းတွေရဲ့အသက်တွေကို ဖြည့်သွင်းခိုင်းမယ်ဆိုပါစို့

အသက်(၁၈)နှစ်မှ အသက်(၆၀) ထိကိုသာ ထည့်သွင်းနိုင်ရန် ကန့်သတ်ထားရပါမယ်။

အပေါ်မှာပြထားတဲ့အတိုင်း အသက်ကိုဖြည့်မယ်ဆိုတာနဲ့ ၁၈နှစ်မှ ၆၀နှစ်အတွင်းသာ ဖြည့်ပါလို့ စာသားပေါ်နေပါမယ်။

တကယ်လို့ အသက်ကို နည်းပြီးသော်လည်းကောင်း၊များပြီးသော်လည်းကောင်း ဖြည့်ခဲ့ရင် အောက်ကလို အမှားကို ဖော်ပြပေးပါလိမ့်မယ်။

လုပ်ရမဲ့နည်းကတော့လွယ်ပါတယ်။

၁။ Ribbon မှတဆင့် Data validation ကိုရွေးပါ။

၂။ မိမိတို့လုပ်ချင်တဲ့ ကန့်သတ်ချက်များကို ရေးပါ

၃။ Input Message ကိုရေးပါ။

၄။ Error Message ကိုရေးပါ။

၅။ OK ကိုနိပ်ပါ။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Regression လွယ်သလား၊ ခက်သလားRegression လွယ်သလား၊ ခက်သလား

Regression လွယ်သလား၊ ခက်သလား(စာများတယ်၊ အရုပ်မပါဘူး… စိတ်ဝင်စားသူများသာ ဖတ်ရှုပါ။ ခေါင်းမူးလျှင် တာဝန်မယူပါ)အဟေဟေစာရင်းအင်းပညာမှာ regression model ကို ဘာကြောင့် သုံးရတာသလဲ၊ ဘာတွေကို အဓိက ရှာဖွေချင်တာလဲ၊ ရလဒ်တွေကို ဘယ်လို သုံးသပ်ပြီး တင်ပြရမလဲ ဆိုတာကို ရိုးရိုးရှင်းရှင်းနှင့်  နားလည်လွယ်အောင် ရှင်းပြချင်ပါတယ်။Regression model ကို သုံးရတဲ့ ရည်ရွယ်ချက်က အများကြီး ရှိပါတယ်၊

Chapter 4 မှာ ဘာတွေရေးရမလဲChapter 4 မှာ ဘာတွေရေးရမလဲ

Chapter 4 ဆိုတာ သုတေသနကနေ ရလာတဲ့ အချက်အလက်တွေကို ဇာတ်လမ်းပြောသလို ပြန်ပြောပြတဲ့ အခန်းဖြစ်ပါတယ်။ ဘာတွေတွေ့ခဲ့လဲ၊ အဲဒီတွေ့ရှိချက်တွေက ဘာကိုဆိုလိုလဲဆိုတာကို ရှင်းပြရမှာပါ။ ဒီအခန်းက သိပ်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သုတေသနကနေ ဘာတွေ သင်ယူခဲ့ရလဲဆိုတာကို တခြားသူတွေကို သိစေနိုင်လို့ပါ။ ၁။ နိဒါန်း (Introduction)ဒီအခန်းက ဘာအကြောင်းလဲဆိုတာကို အရင်ဆုံးပြောပြရပါမယ်။ “ဒီအခန်းမှာ ငါတို့ သုတေသနကရလာတဲ့ ရလဒ်တွေကို