naywinaung Lookup & Reference Functions

Lookup & Reference Functions

Lookup Functions များတွင် Vlookup,Hlookup,Match,Index နှင့် Choose functions များပါဝင်ပါတယ်။

Vlookup

Vlookup ဆိုတာကတော့ မိမိတို့ရွေးချယ်ထားတဲ့ Range အတွင်းမှာ vertical lookup ပြုလုပ်ခြင်းဖြစ်ပါတယ်။

ဉပမာ..

=VLOOKUP(A2,$E$4:$G$7,3,FALSE) ဆိုတဲ့ formula ကိုကြည့်ရင်

A2 မှာရှိတဲ့ cell value သည် E4:G7 cell Range ရဲ့ 3rd column မှာရှိရင်ဖော်ပြပါလို့ဆိုလိုတာဖြစ်ပါတယ်။ အကယ်၍ မပါခဲ့ရင် FALSE လို့ပြခိုင်းပါတယ်။

ဘယ်နေရာတွေမှာ အသုံးဝင်မလဲဆိုရင် တင်ဒါခေါ်ယူတဲ့အခါ ပစ္စည်းပေါင်းများစွာကို လှို့ဝှက်နံပါတ်တွေပေးပြီး ရွေးချယ်ပါမယ်။ ပြီးမှ အောင်မြင်တဲ့ပစ္စည်းက ဘာအမျိုးအစား၊ဘယ်ကုမ္ပဏီထုတ်ဆိုတာကို ပြန်လည်ရှာဖွေပါမယ်။

ဒုတိယ အဆင့်အနေနှင့် A2 ရဲ့ product name ကိုသိပြီဆိုရင်ကျန်တဲ့ Product တွေကို အလွယ်တကူ ကြည့်နိုင်ပါပြီ

လက်ရှိ select လုပ်ထားတဲ့ cell ညာဘက်အောက်ဒေါင့်ကနေပြီးတော့ drag ဆွဲသွားလိုက်ပါ

 

Hlookup

Vlookup နှင့် သဘောတရားခြင်းအတူတူပါပဲ

သူကတော့ criteria မှာ column 3 ကို ရှာတာမဟုတ်ပဲ row 3 မှာရှာတာဖြစ်ပါတယ်။

Formula ကိုတော့ ဒီလိုရေးပါတယ်

=HLOOKUP(A2,$E$4:$H$6,3,FALSE)

MATCH

MATCH Function ကတော့ မိမိတို့ ရှာဖွေချင်တဲ့ cell value ကို သတ်မှတ်ထားတဲ့ Range ရဲ့ ဘယ်နေရာမှာ ရှိသလဲဆိုတာကို အမြန်ရှာတဲ့နေရာမှာ သုံးပါတယ်။

ဉပမာအားဖြင့် ROWS ပေါင်းများစွာပါဝင်တဲ့ လူနာမည်စာရင်းမှာ မိမိတို့သိချင်တဲ့လူကို ဘယ်နားမှာရှိသလဲဆိုပြီး အမြန်ရှာနိုင်ပါတယ်။

 

Formula ကိုတော့ ဒီလိုရေးပါတယ်

=MATCH(A2,Range,0) ဖြစ်ပါတယ်။ အောက်ကနမူနာမှာ အဝါရောင်ကိုရှာတဲ့အခါ

=MATCH(A2,E4:E7,0) လို့ရေးပါတယ်။

INDEX Function

INDEX Function ကတော့ မိမိတို့လိုချင်တဲ့ cell ရဲ့ တန်ဖိုး သို့မဟုတ် စာသားကို အမြန်ရှာတဲ့နည်းဖြစ်ပါတယ္်။ ဉပမာအားဖြင့် MATCHနှင့်ကြည့်တဲ့အခါ မောင်မောင်ဆိုတာ ROW 3 မှာရှိတယ်ဆိုပါစို့ မောင်မောင်ရဲ့ လစာကို အမြန်ကြည့်တဲ့အခါ INDEX နှင့် ကြည့်နိုင်ပါတယ်။

အောက်က ဉပမာမှာဆိုရင် 3rd  ROW, 2nd Column ရဲ့ Cell value ကိုကြည့်တဲ့အခါFormula ကို

=INDEX(E4:F7,A2,B2) ဆိုပြီးရေးပါတယ်။ A2 မှာရှိတဲ့ ဂဏန်းဟာ row number ကိုကိုယ်စားပြုပြီး B2 မှာရှိတဲ့ ကိန်းဂဏန်းဟာ Column number ကိုကိုယ်စားပြုပါတယ်။


Discover more from naywinaung

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

statistical inferencestatistical inference

Chapter 6 ဟာ စာရင်းအင်းဆိုင်ရာ ကောက်ချက်ချခြင်း (statistical inference) မှာ ပထမဆုံးအရေးကြီးတဲ့အပိုင်းဖြစ်တဲ့ “ခန့်မှန်းခြင်း” (estimation) ကို အဓိက ရှင်းလင်းထားပါတယ်။ ဒီခန့်မှန်းခြင်း ဆိုတာကတော့ Chapter 5 မှာ တင်ပြခဲ့တဲ့ sampling distribution သီအိုရီနဲ့ Central Limit Theorem ကို အခြေခံထားတာပါ။Chapter 6 ရဲ့

Relative Risk၊ Odds Ratio နဲ့ Attributable RiskRelative Risk၊ Odds Ratio နဲ့ Attributable Risk

Relative Risk၊ Odds Ratio နဲ့ Attributable Risk ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြည့်ချင်ပါတယ်။ ဒါတွေက ဆေးသုတေသနမှာ အသုံးများတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်တွက်ချက်တဲ့ နည်းလမ်းတွေပါ။ ရိုးရှင်းအောင် ပြောရရင် တစ်ခုခုကြောင့် ရောဂါဖြစ်နိုင်ခြေကို ဘယ်လိုတိုင်းတာမလဲဆိုတာပါပဲ။  ၁. Relative Risk (RR) – အန္တရာယ်နှိုင်းယှဉ်ချက် Relative Risk ဆိုတာ

proposal တစ်စောင်ကို ဘယ်လိုရေးရမလဲဪproposal တစ်စောင်ကို ဘယ်လိုရေးရမလဲဪ

(စာတော်တော်ရှည်ပါမယ်ခဗျ)Proposal ဆိုတာက ကိုယ်လုပ်ချင်တဲ့ project တစ်ခု (ဥပမာ – အိမ်ဆောက်တာ၊ software တစ်ခုရေးတာ၊ event တစ်ခုလုပ်တာ) အတွက် ရည်ရွယ်ချက်၊ ဘယ်လိုလုပ်မယ်၊ ဘယ်လောက်ကုန်ကျမယ် စတာတွေကို အသေးစိတ်ရေးပြီး တင်ပြတဲ့ စာတစ်စောင်ဖြစ်ပါတယ်။Proposal တစ်စောင်မှာ ဘာတွေပါရမလဲ1. ခေါင်းစဉ် (Title)Proposal ရဲ့ အဓိကရည်ရွယ်ချက်ကို ဖော်ပြတဲ့ ခေါင်းစဉ်တစ်ခု ရေးပါ။ ဥပမာ