Lookup Functions များတွင် Vlookup,Hlookup,Match,Index နှင့် Choose functions များပါဝင်ပါတယ်။
Vlookup
Vlookup ဆိုတာကတော့ မိမိတို့ရွေးချယ်ထားတဲ့ Range အတွင်းမှာ vertical lookup ပြုလုပ်ခြင်းဖြစ်ပါတယ်။
ဉပမာ..
=VLOOKUP(A2,$E$4:$G$7,3,FALSE) ဆိုတဲ့ formula ကိုကြည့်ရင်
A2 မှာရှိတဲ့ cell value သည် E4:G7 cell Range ရဲ့ 3rd column မှာရှိရင်ဖော်ပြပါလို့ဆိုလိုတာဖြစ်ပါတယ်။ အကယ်၍ မပါခဲ့ရင် FALSE လို့ပြခိုင်းပါတယ်။
ဘယ်နေရာတွေမှာ အသုံးဝင်မလဲဆိုရင် တင်ဒါခေါ်ယူတဲ့အခါ ပစ္စည်းပေါင်းများစွာကို လှို့ဝှက်နံပါတ်တွေပေးပြီး ရွေးချယ်ပါမယ်။ ပြီးမှ အောင်မြင်တဲ့ပစ္စည်းက ဘာအမျိုးအစား၊ဘယ်ကုမ္ပဏီထုတ်ဆိုတာကို ပြန်လည်ရှာဖွေပါမယ်။
ဒုတိယ အဆင့်အနေနှင့် A2 ရဲ့ product name ကိုသိပြီဆိုရင်ကျန်တဲ့ Product တွေကို အလွယ်တကူ ကြည့်နိုင်ပါပြီ
လက်ရှိ select လုပ်ထားတဲ့ cell ညာဘက်အောက်ဒေါင့်ကနေပြီးတော့ drag ဆွဲသွားလိုက်ပါ
Hlookup
Vlookup နှင့် သဘောတရားခြင်းအတူတူပါပဲ
သူကတော့ criteria မှာ column 3 ကို ရှာတာမဟုတ်ပဲ row 3 မှာရှာတာဖြစ်ပါတယ်။
Formula ကိုတော့ ဒီလိုရေးပါတယ်
=HLOOKUP(A2,$E$4:$H$6,3,FALSE)
MATCH
MATCH Function ကတော့ မိမိတို့ ရှာဖွေချင်တဲ့ cell value ကို သတ်မှတ်ထားတဲ့ Range ရဲ့ ဘယ်နေရာမှာ ရှိသလဲဆိုတာကို အမြန်ရှာတဲ့နေရာမှာ သုံးပါတယ်။
ဉပမာအားဖြင့် ROWS ပေါင်းများစွာပါဝင်တဲ့ လူနာမည်စာရင်းမှာ မိမိတို့သိချင်တဲ့လူကို ဘယ်နားမှာရှိသလဲဆိုပြီး အမြန်ရှာနိုင်ပါတယ်။
Formula ကိုတော့ ဒီလိုရေးပါတယ်
=MATCH(A2,Range,0) ဖြစ်ပါတယ်။ အောက်ကနမူနာမှာ အဝါရောင်ကိုရှာတဲ့အခါ
=MATCH(A2,E4:E7,0) လို့ရေးပါတယ်။
INDEX Function
INDEX Function ကတော့ မိမိတို့လိုချင်တဲ့ cell ရဲ့ တန်ဖိုး သို့မဟုတ် စာသားကို အမြန်ရှာတဲ့နည်းဖြစ်ပါတယ္်။ ဉပမာအားဖြင့် MATCHနှင့်ကြည့်တဲ့အခါ မောင်မောင်ဆိုတာ ROW 3 မှာရှိတယ်ဆိုပါစို့ မောင်မောင်ရဲ့ လစာကို အမြန်ကြည့်တဲ့အခါ INDEX နှင့် ကြည့်နိုင်ပါတယ်။
အောက်က ဉပမာမှာဆိုရင် 3rd ROW, 2nd Column ရဲ့ Cell value ကိုကြည့်တဲ့အခါFormula ကို
=INDEX(E4:F7,A2,B2) ဆိုပြီးရေးပါတယ်။ A2 မှာရှိတဲ့ ဂဏန်းဟာ row number ကိုကိုယ်စားပြုပြီး B2 မှာရှိတဲ့ ကိန်းဂဏန်းဟာ Column number ကိုကိုယ်စားပြုပါတယ်။