naywinaung သုတေသနဆိုသည်မှာ

သုတေသနဆိုသည်မှာ

ကျွန်တော့်ထက် သုတေသနဆိုင်ရာကိစ္စများကို ထဲထဲဝင်ဝင် သိတဲ့သူတွေ ရှိတဲ့အတွက် ဆရာ/ ဆရာမတို့အနေနှင့် အတတ်ကြူးတယ်လို့ မထင်ကြပါနဲ့လို့ ကြိုတင် တောင်းပန်ချင်ပါတယ်။
ကျွန်တော်သိသလောက်လေး ဘာသာပြန်မှာမို့လို့ လိုအပ်ချက်များရှိခဲ့ရင် ကျွန်တော့်အမှားသာ ဖြစ်ပါတယ်။
သုတေသနဆိုတာ ဘာလဲ
အများအားဖြင့် သုတေသနဆိုလိုက်တာနဲ့ ကြီးမားနက်ရှိုင်းပြီး အလွန်တရာခမ်းနားသော စာတမ်းကြီးဟု အထင်မှားတတ်ကြပါတယ်။
အမှန်တော့ သုတေသနဆိုတာ ဘာလဲ ဘယ်လိုလဲဆိုတဲ့ မေးခွန်းများကို ဖြေဆိုဖို့ ရှာဖွေမှုပါပဲ။
Research is a logical and systematic search for new and useful information on a particular topic. In the well-known nursery rhyme
Twinkle Twinkle Little Star
How I Wonder What You Are
အကြောင်းအရာတစ်ခုအပေါ်မှာ ကိစ္စရပ်တစ်ခုအပေါ်မှာ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိချက်များကို သုတေသနလို့သတ်မှတ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ကြားဖူးတဲ့ အဲ့ကဗျာလေးမှာပါတဲ့ How I wonder နှင့် What you are ဆိုတာကကို research အခြေခံဖြစ်ပါတယ်။
သုတေသနစာတမ်းတစ်ခုကို ရရှိဖို့အတွက် လေ့လာမှုများ၊ စမ်းသပ်ချက်များ၊ခွဲခြမ်းစိတ်ဖြာစဉ်းစားခြင်း၊ နိုင်းယှဉ်သုံးသပ်ခြင်းများနှင့် အကြောင်းတရားနှင့်အကျိုးတရားတို့၏ ဆက်စပ်မှုကို တွေးဆခြင်းတို့ ပါဝင်ပါတယ်။ ဉပမာအားဖြင့် ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ အဲ့အချက်ကို ဘယ်ကရရှိပါသလဲ။ သုတေသနတွေက ရရှိပါတယ်။

သုတေသနများသည် အဘယ်ကြောင့် အရေးကြီးပါသလဲ…
(၁) သုတေသနဆိုင်ရာပြသနာများမှာ အလွန်ခက်ခဲလေ့ရှိကြပြီး သိပ္ပံပညာသည်အဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်း အတွက် အလွန်အရေးကြီးသော ကိစ္စများဖြစ်ကြပါသည်။
(၂) သုတေသနဆိုင်ရာ တွေ့ရှိချက်များ နှင့် သုံးသပ်ချက်များသည် ပြသနာများကို ဖြေရှင်းရာတွင် များစွာ အထောက်အကူဖြစ်စေပါတယ်။
(၃) သုတေသနစာတမ်းများသည် အသိပညာနှင့် လမ်းညွှန်ချက်များဖြင့် လက်တွေ့ပြသနာများကို ဖြေရှင်းနိုင်ရန် ကူညီပေးသည်။
(၄) သုတေသနစာတမ်းများသည် အစိုးရအဖွဲ့အစည်းများ၏ မဟာဗျူဟာများကို ဖြစ်ပေါ်စေသည်။
(၅) စက်မှုလုပ်ငန်းများတွင် သုတေသနစာတမ်းများသည် ကုန်ထုတ်လုပ်မှု မြင့်မားလာစေခြင်းနှင့် အရည်အသွေးမြင့်မားလာစေခြင်းတို့ကို များစွာ အထောက်အကူဖြစ်စေသည်။
(၆) သင်္ချာဆိုင်ရာ နှင့် ယုတ္တဗေဒဆိုင်ရာ သုတေသနစာတမ်းများသည် စီးပွားရေးဆိုင်ရာ ပြသနာများကို ဖြေရှင်းရာတွင် များစွာ အထောက်အကူဖြစ်စေပါသည်။
(၇) အသစ်အသစ်သော ပစ္စည်းများ သက်ရှိများနှင့် အာကာသဆိုင်ရာကိစ္စများကို ရှာဖွေဖော်ထုတ် သက်သေပြနိုင်ပါသည်။
(၈) အသစ်အသစ်သော ကုထုံးများနှင့် ပြုပြင်မွမ်းမံမှုများသည် သုတေသနလုပ်ငန်းများမှ ပေါ်ထွက်လာခြင်းဖြစ်ပါသည်။
(၉) လူမှုရေးဆိုင်ရာပြသနာများကို ဖြေရှင်းရာတွင် သုတေသနစာတမ်းများသည် များစွာ အထောက်အကူရစေပါသည်။
(၁၀) သုတေသနစာတမ်းများမှတဆင့် ပိုမိုကောင်းမွန်သော လူနေမှုစနစ်များ၊ လူမှုအဖွဲ့အစည်းများကို ဖော်ဆောင်နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

ဒေတာအကြောင်း အပိုင်း ၂ဒေတာအကြောင်း အပိုင်း ၂

ဒေတာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ သတင်းအချက်အလက်တွေပါပဲ။ ဒါပေမယ့် ဒီဒေတာတွေကို ဘယ်လိုပုံစံနဲ့ ဖော်ပြမလဲဆိုတာက အရေးကြီးတယ်။ ဒေတာက အဓိက နှစ်မျိုးရှိပါတယ်။ အရေအတွက်ဆိုင်ရာ ဒေတာ (Quantitative) နဲ့ အရည်အသွေးဆိုင်ရာ ဒေတာ (Qualitative) ဆိုပြီး ခွဲလို့ရပါတယ်။ အခုကျွန်တော် ဒီနှစ်မျိုးကို တစ်မျိုးချင်း ပြောပြပြီး ဘယ်လို ပုံဖော်နည်းတွေ သုံးလို့ရလဲဆိုတာ ဆက်ရှင်းပါမယ်။ ၁.

Bias in ResearchBias in Research

Bias in Researchသုတေသနပြုလုပ်ရာတွင် ဘက်လိုက်ခြင်းဘက်လိုက်ခြင်း (ဒီတိုင်း ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွန်တော်ကတော့ ဘက်လိုက်တယ်လို့ပဲ မှတ်ထားပါတယ်)။သုတေသနပြုရာတွင် ဘက်လိုက်ခြင်းဆိုတာကို အလွယ်ပြောရရင် သုတေသီဟာ သူလိုချင်တဲ့ အဖြေကိုရဖို့အတွက် စနစ်တကျ အမှားပြုလုပ်တာကို ဆိုလိုပါတယ်။ဒီနေရာမှာ တမင်သက်သက် ပြုလပ်တာ ဖြစ်နိုင်သလို၊ မသိလို့ ပြုတာလည်းဖြစ်နိုင်ပါတယ်။သုတေသနဆိုင်ရာ ဘက်လိုက်မှု (Research Bias) များကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာတော့၁။ ဘက်လိုက်တည်ဆောက်မှု

eHealth M_Zawisza_Business_ModeleHealth M_Zawisza_Business_Model

#eHealth#M_Zawisza_Business_Modelehealth နှင့်ပတ်သက်တဲ့ model တွေကို ရှေ့ပိုင်းမှာ ရှင်းပြခဲ့ပါတယ်။ အခုရေးသားမဲ့ business model ကတော့ နိုင်ငံတကာ ကုမ္ပဏီတော်တော်များများမှာ အသုံးများတဲ့ Enterprise Model တစ်ခုပဲဖြစ်ပါတယ်။ ဒီModel မှာတော့ အစိတ်အပိုင်း ကိုးခုပါဝင်ပါတယ်။အဲ့ဒါတွေကတော့၁။ Key Partners ( မိတ်ဖက်အဖွဲ့အစည်းများ)၂။ Key Activities ( ပင်မလုပ်ငန်းဆောင်ရွက်မှုများ)၃။ Key Resources